Thursday, September 5, 2013

တောင်အာဖရိက ရွှေတွင်းအလုပ်သမား ၈၀,၀၀၀ လစာတိုးမြှင့် ပေးရေးအတွက် ဆန္ဒပြ

0 comments
5.9.2013

တောင်အာဖရိကရွှေတွင်းများရှိ အလုပ်သမား ၈၀,၀၀၀ ကျော်ကလုပ်ခလစာ တိုးမြှင့်ပေးရေးအတွက် ဆန္ဒပြတောင်းဆိုနေကြကြောင်း စက်တင်ဘာ ၄ ရက်က ဘီဘီစီ သတင်းဌာနမှ ဖော်ပြထားသည်။

ယခုအခါတွင် မိုင်းလုပ်သားများ အမျိုးသားသမဂ္ဂ (NUM) မှ လစာ ၁၀ရာခိုင်နှုန်းတိုးမြှင့်ပေးရန် တောင်းဆိုထားပြီး အစောပိုင်းက ၆၀ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးရန်တောင်းဆိုခဲ့သည်။

လုပ်ရှင်များ၏ လုပ်ခလစာ ခြောက်ရာခိုင်နှုန်း တိုးမြှင့်ပေးမည်ဟူသော ကမ်းလှမ်းချက်အား အလုပ် သမားများက ငြင်းဆိုလိုက်သည်။

ယင်းပမာဏမှာလက်ရှိငွေကြေးဖောင်းပွမှုနှင့်မကိုက်ညီသည့်အတွက် ဖြစ်သည်ဟုဆိုသည်။ တောင်အာဖရိကနိုင်ငံအတွင်းရှိ ရွှေတူးဖော်ရေးလုပ်ငန်းမှာ ကမ္ဘာ့အကြီးဆုံးစာရင်းတွင်တစ်ခု အပါအ၀င် ဖြစ်သည်။သို့သော် လွန်ခဲ့သောနှစ်များအတွင်း ထုတ်လုပ်မှုကျဆင်းခဲ့သည်။

တစ်ချိန်တည်းတွင် ရွှေဖြူလုပ်ငန်းမှာလည်း ယမန်နှစ်ဆန္ဒပြမှုများအတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့်မှ ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိရန် ကြိုးစားနေဆဲဖြစ်သည်။

ယခုကဲ့သို့ ရွှေတွင်းလုပ်သားများ၏ ဆန္ဒပြမှုကြောင့် တောင်အာဖရိကနိုင်ငံ၏ ရွှေထုတ်လုပ်မှုတန်ဖိုးမှာ တစ်နေ့ အမေရိကန်ဒေါ်လာ သန်း ၃၀ ဖိုးခန့် လျော့နည်းသွားလိမ့်မည်ဟု ခန့်မှန်းထားကြသည်။ တစ်ချိန်တည်းမှာပင် ရွှေဈေးများကျဆင်းနေသည့်အတွက် ရွှေတွင်းများအားပိတ်ပစ်ရမည့် အနေအထားသို့ ဦး တည်သွားနိုင်ပြီး ထောင်ပေါင်းများစွာသော အလုပ်သမားများမှာလည်း အလုပ်ဆုံးရှုံးမှုများနှင့် ကြုံတွေ့ရနိုင်သည်။

ရွှေများအား တူးဖော်ထုတ်လုပ်ရန်အတွက် တူးရသည့်အနက်မှာ ပိုလာသည့်အတွက် ထုတ်လုပ်မှု ကုန်ကျစရိတ်များလည်း မြင့်မားလာလျက်ရှိသည်ဟု လုပ်ငန်းရှင်များကလည်း ဆိုသည်။


BBC

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here