Thursday, September 19, 2013

နိုင်ငံသား ကတ် တွင် တိုင်းရင်းသား လူမျိုး မှားယွင်း နေ ပါက ပြင်ဆင်နိုင်

0 comments


နိုင်ငံသားစိစစ်ရေး ကတ်ပြား တွင် လူမျိုးအမည် ထည့်သွင်း ထားမှု မှားယွင်း နေပါက ကာယကံရှင် ကိုယ်တိုင် အထောက်အထား ခိုင်လုံစွာ ဖြင့် ပြင်ဆင် နိုင်ကြောင်း မန္တလေးတိုင်း ဒေသကြီး လုံခြုံေ ရးနှင့် နယ်စပ် ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုး က ပြောကြားသည်။ အထောက်အ ထား ခိုင်လုံ ပါက လူမျိုး အမည် ပြောင်းလဲ ပြင်ဆင်ခွင့် ရှိပြီး ယင်းကဲ့သို့ ပြင်ဆင်ခြင်း ကို လာမည့် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ပြင်ဆင်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။ 

ကချင်၊ ကယား စသည့် မြန်မာ တိုင်းရင်းသား လူမျိုးစု မှတ်ပုံတင် ကတ်ပြား တွင် လူမျိုးနေရာတွင် ဗမာဟု ရေးသားထားမှုများ ရှိသဖြင့် တိုင်းရင်းသား လူမျိုးအမှန်ကို ပြန်လည် ပြင်ဆင်ခွင့် ပေးရန် မန္တလေးတိုင်း ဒေသကြီး ရှမ်းတိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းမောင်လှ က ပြော ကြား သည်။ “ကာယကံရှင်ကိုယ်တိုင် သက်ဆိုင်ရာ မြို့နယ်လဝကရုံးကို တင်ပြ လျှောက်ထား ရမှာ ပါ။ အထောက် အထား ခိုင်လုံရင် တော့ လူမျိုး အမည် ပြောင်းလဲ ပေးမှာပါ” ဟု လုံခြုံရေးနှင့် နယ် စပ် ရေးရာ ဝန်ကြီး ဗိုလ်ချုပ်ကြီး အောင်ကျော်မိုး က ဆိုသည်။ 

မိသားစု ဆွေစဉ် မျိုးဆက် ဇယား တွင် သွေးနှော ပါနေပါက လူမျိုး နေရာတွင် လူမျိုး နှစ်ခု ပါဝင်ေ န မည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင် ရေး ဦးစီး ဌာနမှ တာဝန်ရှိသူ တစ်ဦး က ပြောကြား သည်။ “လူမျိုး ပြောင်းချင် လို့ လာစုံစမ်း တာ သုံး ဦးလောက် တော့ ရှိပါတယ်။ ကိုးကန့် - တရုတ် လူမျိုး ဖြစ်နေတာကို ကိုးကန့် လူမျိုး အနေနဲ့ ပြ န်ပြင် ချင်တာ ရှိတယ်။ ဒါပေမဲ့ သူ့ရဲ့ ဆွေစဉ် မျိုးဆက်မှာ တရုတ် နဲ့ သွေးနှော ပါရင်တော့ ပြောင်း လို့ ရမှာ မဟုတ်ဘူး” ဟု ၎င်း က ဆိုသည်။ 

လူမျိုး သတ်မှတ်ရာ တွင် သွေးနှော ဖြစ်ပါက ဖခင်၏ လူမျိုး ကို ရှေ့ကထား သတ်မှတ် ကြောင်း လည်း မန္တလေးတိုင်း ဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင် ရေး ဦးစီးဌာန တာဝန် ရှိသူ ထံမှ သိရသည်။ “ဥပမာ အမေက ဗမာ၊ ကရင် လူမျိုး၊ အမေက ရခိုင် - ရှမ်း လူမျိုး ဆို ရင် မွေးလာတဲ့ သားသမီး မှာ လူမျိုး လေးခုလုံး ပါအောင် ထည့်ပေး ရတယ်” ဟု ၎င်းက ထပ် မံ ပြော ကြား ခဲ့ကြောင်း သိရှိရ သည်။ 

The Voice Daily

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here