Tuesday, September 10, 2013

ဆီးရီးယားသမ္မတက ဓာတုလက်နက်သုံးစွဲမှုငြင်းဆို၊ အမေရိကန်တို့တိုက်ခိုက်ရေးကိုဖိအားပေး

0 comments

ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာဆတ်က ဆီးရီးယားပြည်သူများအား ဓာတုလက်နက်သုံး တိုက်ခိုက်ခဲ့မှု၏ နောက်ကွယ်တွင် ၎င်းရှိမနေကြောင်း ပြောကြားပြီး အိမ်ဖြူတော်က ဆီးရီးယားအစိုးရအား အပြစ်ပေးသည့်အနေနှင့် စစ်ဆင်ရေးတစ်ခုလုပ်မည်ကို ထောက်ခံရန် အစိုးရအဖွဲ့အား သိမ်းသွင်းခြင်းကို ယခုတပတ်အတွင်း ဖိအားပေးရမည်ဖြစ်သည်။

အိုဘားမားအစိုးရသည် အမေရိကန်အထက်လွှတ်တော်တွင် ဆီးရီးယားနိုင်ငံကို စစ်ဆင်ရေး တရားဝင် ခွင့်ပြုနိုင်ရန် လာမည့်ဗုဒ္ဓဟူးနေ့၌ မဲပေးရွေးချယ်မှုတစ်ခု ရင်ဆိုင်ရမည်ဖြစ်သည်။သမ္မတအာဆတ်က ၎င်းတို့အစိုးရအဖွဲ့သည် တိုက်ခိုက်မှုတွင်ပါဝင်ခဲ့ကြောင်း စွဲချက်ကိုငြင်းဆိုပြီး အကယ်၍ သက်သေရှိပါက ပြသသင့်ကြောင်း ပြောကြားသည်။

“ကျွန်တော်တို့ပြည်သူတွေအပေါ်ဓာတုလက်နက်သုံးတိုက်ခိုက်ခဲ့တယ်ဆိုတာ သက်သေမရှိပါဘူး” ဟု သမ္မတက တနင်္ဂနွေနေ့က ဒမတ်စကတ်စ်တွင် အမေရိကန်မှ စီဘီအက်စ်သတင်းဌာနနှင့် ပြုလုပ်သော အင်တာဗျူးတွင် ပြောကြားသည်။

အာဆတ်က အကယ်၍ အမေရိကန်တို့ စစ်ဆင်ရေး လုပ်ပါက ဆီးရီးယားသည်လည်း မဟာမိတ်များနှင့်အတူ ပြန်လည်တုံ့ပြန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းသတင်းဌာနသို့ ပြောကြားသည်။ ဆီးရီးယားမဟာမိတ်များတွင် တရုတ်နှင့်ရုရှားတို့အပါအဝင် အီရန်နှင့် လက်ဘနွန်မှ ဟက်ဇဘိုလာ လှုပ်ရှားမှု အဖွဲ့ ပါဝင်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဂျွန်ကယ်ရီသည် ဥရောပတွင် ဥရောပသမဂ္ဂနှင့် အာရပ်နိုင်ငံခြားရေး ဝန်ကြီးများနှင့် တွေ့ဆုံကာ ဆီးရီးယား အစိုးရအား စစ်ဆင်ရေး ဆောင်ရွက်ရန် စည်းရုံးနေဆဲ ဖြစ်သည်။
လွှတ်တော် အမတ်များသည် ယနေ့မှ စတင်ကာ သမ္မတ အိုဘားမား၏ “ကန့်သတ်မှုဖြင့်” တိုက်ခိုက်မှု ပြုလုပ်မည့် အစီအစဉ်ကို ဆွေးနွေးရန်စုရုံး ကြမည်ဖြစ်သည်။

အမေရိကန်သမ္မတသည် ဆီးရီးယားကို ဝင်ရောက်တိုက်ခိုက်ရေးနှင့် ပတ်သက်၍ ပြည်သူများအား အင်္ဂါနေ့တွင် မိန့်ခွန်း ပြောကြားသွားမည်ဖြစ်ပြီး ၎င်းက အစိုးရအဖွဲ့၏ ထောက်ခံမှုကိုရရှိရန်မှာ အလွန်ခက်ခဲမှုတစ်ခု ဖြစ်နိုင်ကြောင်း အသိအမှတ်ပြု ပြောကြားသည်။ အမေရိကန်သည် လွန်ခဲ့သည့် သြဂုတ်လအတွင်း လူပေါင်း ၁၅၀၀ နီးပါးသေဆုံးခဲ့သည့် တိုက်ခိုက်မှု တစ်ခုတွင် ဆီးရီးယား အစိုးရ ဓာတုလက်နက် သုံးစွဲကြောင်း စွဲချက်ဖြင့် တိုက်ခိုက်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

BBC

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here