Thursday, September 19, 2013

သင့်အသားအရေခြောက်နေပါသလား

0 comments

19.9.2013
သင့်အရေပြားကိုနို့ဆွတ်ပေးပါ။နို့ထဲမှာပါတဲ့ လက်တစ်အက်စစ် က သေသွားတဲ့ အရေပြားဆဲလ်များကို ကွာကျစေတယ်။ဒါ့အပြင် အရေပြားရဲ့ ရေငွေ့ထိန်းထားနိုင်တဲ့ စွမ်းရည်ကို တိုးတတ်စေနိုင်တယ်။
အ၀တ်စတစ်ခုကိုအေးတဲ့နို့ထဲစိမ်ပါ။ယင်းပိတ်စကို ထူးထူးခြားခြား ခြောက်သွေ့နေတဲ့၊ဒါမှမဟုတ် ကျိန်းစပ်နေတဲ့အရေပြားအပေါ် ၅ မိနစ်ကြာတင်ထားပါ။ နို့ရည်ကို ရေနဲ့ဆေးရာမှာ အသာအယာဆေးပါ။သို့မှသာလက်တစ်အက်စစ်အချို့ အရေပြားပေါ်မှာကျန်နေမှာဖြစ်တယ်။ အသားအရေ ခြောက်တာကို မြန်မြန်ပျောက်ဖို့ ရှားစောင်းလက်ပက်ဂျဲလ်(Aloe Vera Gel) ကို သုံးပါ။ ယင်းဂျဲလ်ထဲမှာ သေသွားတဲ့ အရေပြားဆဲလ်များကို ဖယ်ရှားပစ်တဲ့အက်စစ်များ ပါဝင်တယ်။ ရှားစောင်းလက်ပက်ဂျဲလ်ကို ရဖို့အရွက်ကိုအောက်ခြေမှ ဖြတ်ယူပြီး ဓားဖြင့်ခွဲချလိုက်ပါ။ဂျဲလ်ကို ဇွန်းတစ်ချောင်းနှင့်ခြစ်ယူပါ။
Alpha Hydroxy အက်စစ် များပါတဲ့မွိုင်ချာရိုက်ဇာ (Moisturizer) တစ်မျိုးကိုသုံးပါ။ယင်းတို့က အကြေးခွံ လိုဖြစ်နေတဲ့အရေပြားများကို ဖယ်ရှားပေးပြီးအရေပြားကိုပျော့ပျောင်းစေတယ်။ယူရီးယား(Urea) ပါတဲ့လိမ်းဆေးတွေကလည်း အလားတူအကျိုးဆက်မျိုးရရှိစေပါတယ်။

ဦးလှမြင့်(ဂန္ဓမာ)
Ref: RD Home Remedies
ကျန်းမာရေးစာတိုများစုစည်းမှု

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here