Thursday, September 19, 2013

ဗန်ကောက်-မန္တလေးလေကြောင်းလိုင်း တစ်ပတ်လေးရက်ပျံသန်းပြေးဆွဲမည်

0 comments
19.9.2013
မန္တလေးမှ ဗန်ကောက်သို့ တိုက်ရိုက်လေကြောင်း လိုင်းသစ်ဖွင့်ပွဲ(Bangkok Airways Memorable Journey) အခမ်းအနားကို စက်တင်ဘာ ၁၆ ရက် ည ၇ နာရီ က ချမ်းအေးသာစံမြို့နယ် ရွှေပြည်သာဟိုတယ် သာရတနာ ခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်
 ဦးရဲမြင့် တက်ရောက်အားပေးပြီး အမှာစကား ပြောကြား၍ ဖွင့်လှစ်ပေးသည်။

အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမောင်နှင့် အစိုးရအဖွဲ့ အဖွဲ့အစည်းဝင်များ၊ မြန်မာ နိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးနှင့်ဇနီး၊ Bangkok Airways မှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည် တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ထိုင်းနိုင်ငံ ယဉ်ကျေးမှုအကအဖွဲ့ဝင် များက ထိုင်းရိုးရာအကများဖြင့် ကပြဖျော်ဖြေ၍ အခမ်း အနားကို ဖွင့်လှစ်ပြီးနောက် Bangkok Airways အကြောင်းကို Projector ဖြင့် ရှင်းလင်းပြသသည်။
ထို့နောက် Bangkok Airways နှင့် Bangkok Airline,Company Ltd ကိုယ်စားMr.Puttipong Prasarttong Osothက ပြောကြားရာတွင် မြန်မာနိုင်ငံသည် သဘာဝသယံဇာတများ ပေါကြွယ်ဝသည့်အပြင် ယဉ်ကျေးမှုအမွေအနှစ်များ ထွန်းကားသည့် နိုင်ငံဖြစ်သည့် အတွက် ကမ္ဘာလှည့်ခရီးသွားများ၏ စိတ်ဝင်စားမှုရရှိ သော နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကို အလွန်အလေးထားပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ၏ တတိယအကြီးဆုံးမြို့တော် ဖြစ်ပြီး ရှေးဟောင်းယဉ်ကျေးမှုအနုပညာများ အထွန်းကား ဆုံးမြို့တော်ဖြစ်သည့် မန္တလေးမြို့နှင့် လေကြောင်းလိုင်း ချဲ့ထွင်ရန် စဉ်းစားခဲ့ပြီးနောက် Bangkok Airways လေကြောင်းလိုင်းသည် ဗန်ကောက်-မန္တလေး တိုက်ရိုက် လေကြောင်းလိုင်းကို တစ်ပတ်လျှင် လေးရက် ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဗန်ကောက်- မန္တလေး တိုက်ရိုက်လေကြောင်း လိုင်းသစ် တိုးချဲ့ဖွင့်လှစ်လိုက်ခြင်းကြောင့် ထိုင်း-မြန်မာ နှစ်နိုင်ငံဆက်သွယ်ရေး ပိုမိုကောင်း မွန်စေရန်နှင့် စီးပွားရေး၊ ကုန်သွယ်ဆောင်ရွက်မှု ပိုမို လွယ်ကူစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် မြန်မာ နိုင်ငံတော်အစိုးရအဖွဲ့၊မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသ ကြီး ဝန်ကြီးချုပ်က အမှာစကားပြော ကြားရာ၌ မိမိတို့ မန္တလေးမြို့သည် မြန်မာ့ယဉ်ကျေးမှုသမိုင်းကြောင်းအရ အစဉ်အလာကြီးမားလှပြီး ကမ္ဘာ့ အလယ်မှာ ထင်ရှားသည့် သမိုင်းဝင် မြို့တစ်မြို့ ဖြစ်ပါကြောင်း၊ နိုင်ငံ ခြားခရီးသွားဧည့်သည်များအနေဖြင့် မြန်မာပြည်ရောက်လျှင် မန္တလေးမြို့ ကို မဖြစ်မနေ လည်ပတ်လေ့ရှိသည် ကို တွေ့မြင်ရပါကြောင်း၊ ထို့ကြောင့် တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ် ကို အဆင့်မြှင့်တင်ဆောင်ရွက်၍ ဒေသတွင်းရှိ နိုင်ငံများနှင့် တိုက်ရိုက် လေကြောင်းလိုင်းများပျံသန်းနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခု Bangkok Airways အနေဖြင့် မန္တလေးနှင့် ဗန်ကောက်တိုက်ရိုက် ပျံသန်းပြေးဆွဲမှုသည် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း တိုးတက်ရေးကို အထောက်အကူပြုသကဲ့သို့ တိုင်း ဒေသကြီး ဖွံ့ဖြိုးတိုးတက်ရန် အတွက်လည်း များစွာအထောက်အကူပြု သည့် အတွက် မန္တလေးတိုင်းဒေသကြီး ကိုယ်စား လှိုက်လှဲစွာကြိုဆိုပါကြောင်း၊ Bangkok Airways လေကြောင်း လိုင်းသည် မြန်မာနှင့်ထိုင်းနှစ်နိုင်ငံ အကြား ချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မြဲစေရန်
်အ ထောက်အကူပြုပါ ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် မြန်မာနှင့်ထိုင်းယဉ် ကျေးမှုအနုပညာရှင်များက တေး သီချင်းများ၊ အကများဖြင့် သီဆိုဧည့်ခံ ဖျော်ဖြေကြပြီး တက်ရောက်လာကြသူ များအား ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရ သည်။

တင်မောင်(မန္တလေး)
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here