Monday, September 9, 2013

မြန်မာ့ဆန် တရုတ်ပြည်တွင် တရားမဝင်ဖြစ်နေ

0 comments

မြန်မာ့ ဆန်များ တရုတ်ပြည်ဈေးကွက် သို့ တင်ပို့နေကြရသော်လည်း တရုတ်ပြည်ရောက်လျှင် တရားမဝင် ဖြစ်နေကြောင်း ဆန်ကုန်သည်များ ထံမှသိရသည်။
လားရှိုးမြို့တွင်ရောက်ရှိနေ သောပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ပြည်သူတွေ့ဆုံ ပွဲတွင် မူဆယ်မြို့မှ ဆန်ကုန်သည် ဦးစိုင်းမောင်လှိုင်က ပြောဆိုသည်။
ဦးစိုင်းမောင်လှိုင်ပြောပြ တာက ''ကျွန်တော်တို့မြန်မာ ပြည်ဘက်ကတရုတ်ပြည်ဘက်ကို ဆန့်တင်ပို့မယ်ဆိုရင် ပြည်တွင်းမှာ အခွန်ဆောင်ပြီးမှတင်ပို့ပါတယ်။ ဒီဘက်က တရားဝင်တင်ပို့တာပါ။ မြန်မာဘက်ကပြည်ပပို့ဆန် ၈၅ရာ ခိုင်နှုန်းဟာ တရုတ်ပြည်ကိုတင်ပို့ နေတာပါ။ အဲဒီဆန်တွေဟာ ရွှေ လီဆန်ဈေးကွက်ကိုရောက်ရင် တော့တရားမဝင်ဖြစ်သွားတယ်။ မှောင်ခိုရောင်းတာဝယ်တာပဲ ပြီးတော့ ဈေးကွက်ထဲမှာဆန်ဝင် ရောက်မှုပေါ်မူတည်ပြီး ဈေးအ တက်အကျလဲဖြစ်တယ်။ ဆန် ဈေးဟာ သူတို့လက်ခုပ်ထဲကရေ ပါပဲ'' ဟုပြောသည်။
''ဒါ့အပြင် ရွှေလီဈေးကွက် ထဲမှာ အမှတ်မထင်ဖမ်းတာဆီး တာတွေဖြစ်လာခဲ့ရင်လဲ တစ် ဖက်ကုန်သည်နဲ့ပေးရန်ရရန် စာ ရင်းတွေ ကတိကဝတ်တွေပျက် ကြပြန်တယ်။ ဒီအခါမှာမြန်မာ ဆန်ကုန်သည်တွေဘက်ကပဲ နစ် နာရပါတယ်'' ဟုယင်းကပြောသည်။
ဦးစိုင်းမောင်လှိုင်က ဆက် ပြောသည်မှာ ''မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းဟာ မြန်မာ တစ်နိုင်ငံလုံးမှာရှိတဲ့ နယ်စပ်ဂိတ် အားလုံးရဲ့ဝင်ငွေ ၇ဝရာခိုင်နှုန်း ကိုရှာဖွေပေးနေတာဖြစ်တယ်။ မိမိတို့နိုင်ငံက ရသင့်ရထိုက်တာ ကိုရချင်ပါတယ်။ လုပ်ငန်းရှင်အ ချင်းချင်းညှိနှိုင်းပြီး တင်ပို့နေရတဲ့ အခြေအနေဖြစ်ပါတယ်။ နိုင်ငံ တော်အဆင့် သက်ဆိုင်ရာဝန်ကြီး ဌာနများက နှစ်နိုင်ငံပူးပေါင်းဆောင် ရွက်ပေးစေလိုတယ်'' ဟုတင်ပြခဲ့ ကြောင်းသိရသည်။



yangon media group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here