Thursday, September 19, 2013

ဈေးနှုန်းသတ်မှတ်ချက်ကြောင့် အိမ်ခြံမြေအရောင်းအ၀ယ် ထိခိုက်နိုင်လို့ဆို

0 comments


19.9.2013

မြန်မာနိုင်ငံအစိုးရကအိမ်ခြံမြေဈေးနှုန်းကြီးမြင့်မှုနဲ့ ဈေးကွက်အတက်အကျကို ထိန်းချုပ်နိုင်ဖို့အတွက် ယခုလကုန်ပိုင်းက အိမ်ခြံမြေ ဈေးနှုန်းတွေ သတ်မှတ်မယ်ဆိုတဲ့အတွက် ရန်ကုန်မှာရှိတဲ့ အိမ်ခြံမြေအရောင်းအ၀ယ်တွေ တည်ငြိမ်သွားခဲ့သလို ဈေးနှုန်းတွေလည်း ရပ်တန့်နေတယ်လို့ ရန်ကုန်က အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရှင်တွေရဲ့ အဆိုအရ သိရပါတယ်။

မြေဈေးတွေကိုမထိန်းချုပ်နိုင်ဘူးဆိုရင် လက်ရှိကာလပေါက်ဈေးထက် အဆမတန် မြင့်တက်သွားနိုင်တယ်လို့လည်း ဆိုပါတယ်။ ရန်ကုန်မှာ မြေဈေးတွေ၊ တိုက်ခန်း ကွန်းဒိုဈေးတွေက အခု လောလောဆယ် မတရားတက်နေတဲ့အကြောင်းနဲ့ ကန်ထရိုက်တွေကလည်း မြေဈေးကို လိုက်ပြီး ဈေးကိုမတရားတင် ရောင်းတာတွေရှိတဲ့အကြောင်း၊ Excellent အိမ်ခြံမြေ လုပ်ငန်းက ကိုမောင်မောင်ကြီးက ပြောပြပါတယ်။
အိမ်ခြံမြေဈေးနှုန်း အတိအကျသတ်မှတ်မယ်ဆိုရင် အိမ်ခြံမြေဈေးကွက်များ သိသိသာသာ ပြောင်းလဲသွားနိုင်ကြောင်း၊ ယခုအချိန်မှာ ရောင်းသူရောဝယ်သူပါ စောင့်ကြည့်နေတဲ့ အချိန်ဖြစ်နေကြောင်း၊ ယခုလတ်တလော အရောင်းထိုင်းနေတယ်ဆိုတဲ့အကြောင်း ဒဂုံအရှေ့ပိုင်း အခြေစိုက် အိမ်ခြံမြေအကျိုးဆောင် ဦးမြင့်ဌေးကလည်း ပြောပါတယ်။

အစိုးရရဲ့ မြေဈေးများသတ်မှတ်မှုအပေါ် ကြိုဆိုလိုက်ပေမဲ့ အခွန်၁၅ရာခိုင် နှုန်းကနေ ၃၀ရာခိုင်နှုန်း တိုးကောက်မယ်ဆိုတဲ့အချက်ကိုတော့ လုပ်ငန်းရှင်တွေက သဘောမကျတဲ့အကြောင်း၊ ပြီးတော့ တိုးကောက်လို့ရလာမယ့် အခွန်ငွေတွေကိုလည်း ပြည်သူ့ကျန်းမာရေး၊ ပညာရေးနဲ့ အခြား ဖွံ့ဖြိုး ရေးလုပ်ငန်းတွေမှာ အမှန်တကယ်အသုံးချစေလိုကြောင်း၊ Excellent အိမ်ခြံမြေလုပ်ငန်းက ကိုမောင်မောင်ကြီး ကပြောတဲ့အကြောင်း မြစ်မခသတင်းအရသိရပါတယ်။
ပြီးခဲ့တဲ့လကပဲ အရင်က မြန်မာကျပ်ငွေ ငါးသိန်း (အမေရိကန်ဒေါ်လာငွေ ငါးရာ) တန်ဖိုးရှိတဲ့မြေကွက်ဟာ အခုဆိုရင် မြန်မာကျပ်ငွေ ငါးသန်း (မေရိကန်ဒေါ်လာငွေ ငါးထောင်) လောက်အထိ မြင့်တက်သွားတာ ဖြစ်ပါ တယ်။ အဲဒါအပြင် ကျန်တဲ့နေရာကမြေဈေးတွေဟာ မြန်မာကျပ်ငွေ သန်း ၂၀ ကနေ သန်း ၃၀ အထိ ရှိနေတယ်လို့ ဆိုပါတယ်။

စက်မှုဇုံက စီးပွားရေးသမားတွေက သတ်မှတ်မြေခွန် ၃၇ ရာခိုင်နှုန်းကိုလျော့ချပေးဖို့ တောင်းဆိုနေပေမယ့် အစိုးရက လျော့ပေးမှာမဟုတ်တဲ့အကြောင်းနဲ့ မြေခွန်တိုးမြင့်ကောက်ခံတာဟာ မြေဈေးမြင့်တက်မှုကို ကာကွယ်ဖို့အတွက် ဖြစ်တယ်လို့ အစိုးရက ပြီးကတဲ့လမှာ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လနဲ့ ဇွန်လိုင်လအတွင်းက မြေခွန်တွေကနေ ကျပ်ငွေ ၂၆ ဒသမ ၁ ဘီလီယံ လောက် ၀င်ငွေရရှိတယ်လို့ ဘဏ်ဏ္ဍာရေးဝန်ကြီးဌာနကပြောပါတယ်။

ABC Radio Australia

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here