Thursday, September 19, 2013

လောင်းကစား ဒိုင်ချုပ်များ ကို အရေးမယူ ပါက တာဝန်ရှိသူ အဆင့်ဆင့် ကို အရေးယူမည်

0 comments


လောင်းကစား ဒိုင်ချုပ်များ ကို အရေးယူမှု မပြုဘဲ လက်ခွဲဒိုင် များ ကိုသာ ဖမ်းဆီးမှု များ ပြုလုပ်ပါ က သက်ဆိုင် ရာ တာဝန်ရှိသူ အဆင့်ဆင့် ကို အရေးယူ မည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့ လုံခြုံရေး နှင့် နယ်စပ်ရေး ရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုး က ပြောကြား သည်။ မန္တလေး တိုင်းဒေသကြီး လွှတ်တော်ရုံး တွင် စက်တင်ဘာလ၁၈ ရက်နေ့ နံနက် ၁၀ နာရီ က ပြုလုပ်သော ပထမ အကြိမ် မန္တလေးတိုင်း ဒေသကြီး လွှတ်တော် သတ္တမ ပုံမှန် အစည်းအဝေး ပဉ္စမ နေ့ တွင် ဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုး က အထက်ပါ အတိုင်း ပြောကြား ခြင်း ဖြစ် သည်။ ပြည်သူ လူထု အနေဖြင့် လည်း သက်ဆိုင်ရာ အဖွဲ့အစည်း များ နှင့် သတင်းပေး ခြင်း ဖြင့် ဝိုင်းဝန်း ပူးပေါင်း ကြရန် လိုအပ် ကြောင်း ၄င်းက ဆက်လက် ပြောကြား သည်။ 

မန္တလေးတိုင်း ဒေသကြီး အတွင်း တွင် အစိုးရသစ် တက်ပြီး စက လောင်းကစား မှုများ လျော့နည်း ကျဆင်း ခဲ့သော်လည်း လက်ရှိ တွင် ပိုမို များပြား လာကြောင်း မန္တလေးတိုင်း ဒေသကြီး အမရပူရ မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ကိုယ်စားလှယ် ဦးမိုးနိုင်ကျော် က ယင်း လွှတ်တော် ၌ မေးမြန်းရာ တွင် ဝန်ကြီး က အထက်ပါ အတိုင်း ပြန်လည် ဖြေကြား ခဲ့သည်။ 

မန္တလေးတိုင်း ဒေသကြီး အတွင်းတွင် နှစ်လုံး၊ သုံးလုံး၊ ဘောလုံး လောင်း ကစားမှု များကို ဖမ်းဆီး အရေးယူ ခဲ့ရာ ၂၀၁၁ ခုနှစ် တွင် ၃၄၄ မှု၊ တရားခံ ပေါင်း ၇၄၂ ဦး၊ သိမ်းဆည်း ရငွေ ကျပ် ၃၁၄ သိန်း ကျော်၊ ၂၀၁၂ ခုနှစ် တွင် ၅၂၂ မှု၊ တရားခံ ပေါင်း ၁၁၉၇ ဦး၊ သိမ်းဆည်း ရငွေ ကျပ်သိန်း ၅၈၀ ကျော် နှင့် ၂၀၁၃ ခုနှစ် ဇန်နဝါရီ လ မှ သြဂုတ် လ အထိ ၃၄၅ မှု၊ တရားခံ ပေါင်း ၆၉၇ ဦး၊ သိမ်းဆည်း ရငွေ ၃၈၇ သိန်း ကျော် ဖမ်းဆီး အရေးယူ ခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့ လုံခြုံရေး နှင့် နယ်စပ် ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုး က ဆက်လက် ပြောကြား ခဲ့သည် ဟု သိရှိရ ပါသည်။

The Voice Daily

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here