Friday, September 13, 2013

ရုရှားနှင့် အမေရိကန်တို့ ဆီးရီးယားအရေး ဆွေးနွေး

0 comments
င်္From :themyanmaage
ဆီးရီးယားအစိုးရသည်ဓာတုလက်နက်များကို လိုက်လံခြေရာကောက်သည့် အားထုတ်မှုများကို ယုတ်လျော့စေရန် လက်နက်များကို နိုင်ငံတဝှမ်း တွင် ဖြန့်ထားကြောင်း သတင်းများထွက်လာချိန်တွင်ပင် ဆီးရီးယား ဓာတုလက်နက်အရေးကို ရုရှားနှင့်အမေရိကန် တို့ တွေ့ဆုံဆွေးနွေးပွဲ ဒုတိယရက်အဖြစ် ယနေ့ ဆက်လက်ပြုလုပ်ကြကြောင်း သိရသည်။

အမေရိကန်တို့ စစ်ရေးကြားဝင်ဆောင်ရွက်မှုကို တားဆီးရန် ဆီးရီးယား အစိုးရ ဓာတုလက်နက်များကို လက်လျှော့ပေးမည့် အဆိုတစ်ခုကို ဆီးရီးယား၏ အဓိကမဟာမိတ် ရုရှားကပြုခဲ့ပြီး ကြာသပတေးနေ့တွင် ဝါရှင်တန်နှင့် မော်စကို ထိပ်တန်း သံတမန်များသည် ဂျနီဗာတွင် ၎င်းအစီအစဉ်ကို စတင်ဆွေးနွေးခဲ့ကြသည်။

ဓာတုလက်နက်များကို နိုင်ငံတကာ ထိန်းချုပ်မှုအောက်တွင် ထားရှိမည်ဖြစ်ကြောင်း ဆီးရီးယား သမ္မတအဆတ်က ပထမဆုံး အကြိမ်အဖြစ် ယမန်နေ့ကပြောကြားပြီး အမေရိကန်အနေနှင့်လည်း စစ်ရေးကြားဝင်ဆောင်ရွက်မည့်ခြိမ်းခြောက် မှုကို ရပ်တန့် ရန် တောင်းဆိုသည်။

“အမေရိကန်ဟာ ကျွန်တော်တို့ဒေသတွင်း တည်ငြိမ်ရေးကို စစ်မှန်စွာလိုချင်တယ်ပြီတော့ စစ်တိုက်ဖို့ လုပ်ဆောင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်သမားတွေကို လက်နက်ထောက်ပံ့ခြင်းတို့ကို ရပ်တန့်ပစ်တာတွေကို ကျွန်တော်တို့ မြင်ရ တဲ့အချိန်မှာ ကျွန်တော်တို့ဟာ လိုအပ်တဲ့လုပ်ငန်းစဉ်တွေနဲ့ လိုက်လုပ်နိုင်ပြီလို့ ယုံကြည်နိုင်ပါတယ်” ဟု အာဆတ်က ရုရှားတယ်လီဗီးရှင်းသတင်းဌာနသို့ ပြောကြားသည်။

ရုရှားအစိုးရသည် ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုကို လုပ်ဆောင်ကြောင်း စွပ်စွဲခဲ့သည့် အမေရိကန်၏အမြင်အနေဖြင့် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက “ဆီးရီးယားအစိုးရရဲ့စကားတွေဟာ ကျွန်တော်တို့ အမြင်နဲ့ဆိုရင် လုံလောက်မှု မရှိတာ တွေ့ရတယ်” ဟု ပြောကြားသည်။

ယနေ့ကျင်းပသည့် ဒုတိယရက်ဆွေးနွေးပွဲ မတိုင်မီတွင် ဆီးရီးယား လျှို့ဝှက်တပ်ဖွဲ့တစ်ခုသည် ဓာတုလက်နက်များ ကို နိုင်ငံတဝှမ်း တွင် ဖြန့်ထားပြီးဖြစ်ကြောင်း သတင်းများလည်း ထွက်ပေါ်လာသည်။

၎င်းတပ်ဖွဲ့သည် ဓာတုဓာတ်ငွေ့များနှင့် စစ်လက်နက်များ ကို နိုင်ငံတဝှမ်း တွင် ရွှေ့ပြောင်းရန် တာဝန်ယူထားကြောင်း အမေ ရိကန်နှင့် အရှေ့အလယ်ပိုင်း အရာရှိများပြောကြား ကြောင်း၊ ရုရှား၏အဆိုတွင် လက်နက်လွှဲပြောင်းမှုတွင် အဆင့် လေးဆင့်ဖြင့် လုပ်ဆောင်ရန် တောင်းဆိုထားကြောင်း သိရသည်။

ဆီးရီးယား အတိုက်အခံတို့ကမူ မတ်လ ၂၀၁၁ ခုနှစ်တွင် စတင်ခဲ့သည့် ပဋိပက္ခကြောင့် လူပေါင်း ၁၁၀၀၀၀ကျော် သေဆုံး ခဲ့ပြီး ဖြစ်ကြောင်း၊ ၎င်းအဆိုပြုချက်ကြောင့် သေဆုံးမှုများထပ်တိုးစေမည်ဖြစ်ကြာင်း သတိပေးကာ စွပ်စွဲပြောကြားသည်။



Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here