Tuesday, September 17, 2013

အဝေးပြေးကုန်စည်များ စာရင်းတင်ပြပြီးမှ သယ်ဆောင်ရန် ဆောင်ရွက်မည်

0 comments
အဝေးပြေးကုန်စည်ပိုဆောင်ရေးလုပ်ငန်းများတွင်တရားင်ကုန်ပစ္စည်းများတင်ဆောင်ရန်အတွက်
ကုန်ပစ္စည်းများ၏ စာရင်းများကိုတိတိကျကျလုပ်ဆောင်ရန် အသိပေးသွားမည်ဟု အဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်း ဥက္ကဌဦးလှဦးကပြောကြားခဲ့သည်။ယခုလို စာရင်းအတိအကျ ပြုလုပ်ခြင်းက အဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများတွင် တာဝန်မဲ့ကုန်ပစ္စည်း တင်ဆောင်မှုများရှိနေပြီး ပြသနာဖြစ်ပေါ်လာလျှင်လည်းဖြေရှင်းနိုင်ရန် အတွက်ဖြစ်ကြောင်း သိရသည်။တရားမ၀င်ကုန်သွယ်မှုများ စီစစ်ရေးအဖွဲ့(MobileTeam)ကလည်း တရားမ၀င်ကုန်ပစ္စည်းတင်ဆောင်
မှုများ ထုတ်ကုန်သွင်းကုန်ဥပဒေနှင့် ဖမ်းဆီးနေကြောင်းဦးလှဦးကပြောကြားခဲ့သည်။ဖမ်းဆီးမှုများ ရှိနေသည့်အတွက်ကုန်တင်ဆောင်ရာတွင် တရားဝင်ကုန်ပစ္စည်းတင်ဆောင်ရန်အတွက် ယာဉ်မောင်းများနှင့်ယာဉ်နောက်လိုက်များကိုအသိပညာပေးရန် လိုအပ်နေကြောင်းဦးလှဦးက ဆက်လက်ပြောကြားခဲ့သည်။တရားမ၀င်တင်ဆောင်မှုများ မဖြစ်အောင်နယ်စပ်တွင်တင်ဆောင်
သောကုန်ပစ္စည်းတာဝန်ခံများကို ထိန်းချုပ်ရန်လိုအပ်ကြောင်းဦးလှဦးကပြောကြားခဲ့သည်။
တရားမ၀င်ကုန်တင်ဆောင်မှုများမဖြစ်အောင်အဝေးပြေးကုန်စည် ပို့ဆောင်ရေးလုပ်ငန်းရှင်များ အသင်းအနေနှင့်အသင်းခွဲများကိုလည်း ကုန်ပစ္စည်းစာရင်းများပြုလုပ်ရန် တိုက်တွန်းထားကြောင်း သိရသည်။

SkyNet TV Browser

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here