Thursday, September 19, 2013

တက္ကသိုလ်ဝင်တန်းများသည် အမှတ်ရရေးကို ဦးတည်နေသည့်အတွက်

0 comments
19.9.2013

တက္ကသိုလ်ဝင်တန်းများသည် အမှတ်ရရေးကိုဦးတည်နေခြင်းကြောင့်ကျောင်းသား၊ ကျောင်းသူများသည် သင်ခန်းစာများကို အလွတ်ကျက်မှတ်ပြီး အတွေးအခေါ်ပိုင်းတွင် အားနည်းနေကြောင်းစက်တင်ဘာ(၁၆)ရက်၊နံနက်(၈)နာရီကကျင်းပပြုလုပ်ခဲ့သောဆွေးနွေးပွဲတွင် ဖောင်တော်ဦး ဆရာတော်က ပြောကြားခဲ့သည်။မန္တလေးတိုင်းဒေသကြီးအတွင်းရှိဘ/က ဆရာတော်များအားMEDG(Monastic Education Development
Group)ကသင်တန်းပေးရန်အတွက်တွေ့ဆုံဆွေးနွေးပွဲကိုမန္တလေးမြို့ရှိ ဘ/ကဆရာတော်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖိတ်ကြား ထားသောဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်။ထို့နောက်ချာလီချက်ပလင်၏ စဉ်းစားမှုမပါသောလုပ်ငန်းများတွင် အလုပ်လုပ်နေကြသောအလုပ်သမားများ၏ ဘဝကိုထင်ဟတ်ပြသသောဇာတ်ကားတိုကိုဖွင့်ပြခဲ့သည်အစီအစဉ်အရမန္တလေးတိုင်းဒေသကြီးသံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်၊နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်ဆရာတော်နှင့် မန္တလေးတိုင်းဒေသကြီးဘုန်းတော်ကြီးသင် ပညာရေးကြီးကြပ်မှုဥက္ကဋ္ဌဖောင်တော်ဦးဆရာတော်တို့က သြဝါဒစကားမိန့်ကြားခဲ့ကြသည်။ထိုကနေ့ပြုလုပ်သောအစည်းဝေး၏ အဓိကရည်ရွယ်ချက်သည် ကလေးများကိုစာတတ်ရန်အတွက်သာမဟုတ် ကြောင်း ပညာတတ်ရန်ဖြစ်ပြီးယနေ့ခေတ်ကာလတွင် အမှားအမှန် ဝေဖန်ပိုင်းခြားမှု များအားနည်းနေသောကလေးများကိုအလွတ်ကျက်မှတ်ခြင်းကိုအားမပေး ကြောင်းလက်တွေ့ဘဝနှင့် ချိတ်ဆက်နိုင်ရန်ဖြစ်သည်။ထို့ပြင်ဘ/က ကျောင်းများကိုဦးတည်ပြီးသင်တန်းပေးရခြင်းသည်
ကလေးဗဟိုပြုချည်းကပ် သင်ကြားနည်းကိုကျောင်းထိုင်ဆရာတော်များကတွန်းအား ပေးထောက်ပံ့ပေးပြီးနီးစပ်ရာကျောင်းအချင်းချင်းပညာရေးဆွေးနွေးပွဲများ မကြာခဏပြုလုပ်ခြင်းတို့အပြင်ဆရာဆရာမများ၏လက်တွေ့အသုံးပြုမှုအပေါ်အားပေးတိုက်တွန်းစေရန်ဖြစ်ကြောင်းသိရသည်။

SkyNet TV Browser

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here