Monday, September 9, 2013

ဆိုးရွားသည့်ရာသီဥတုက ဩစတြေးလျအသင်းအတွက် အဓိက စိန်ခေါ်မှုဖြစ်

0 comments
အာဆီ ယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ သို့ လာရောက်ယှဉ်ပြိုင်သော ဩ စတြေးလျယူ-၁၉အသင်းအတွက် အဓိကစိန်ခေါ်မှုမှာ ရာသီဥတုအ ခြေအနေဖြစ်ကြောင်း သိရသည်။
ဩစတြေးလျအသင်းမန် နေဂျာမက်ရှောလ်က ''ဒီပြိုင်ပွဲမှာ ကျွန်တော်တို့အသင်းအတွက် အ ဓိကစိန်ခေါ်မှုက ရာသီဥတုအခြေ အနေပါပဲ။ ကျွန်တော်တို့ဆီမှာ အခုအချိန်ဟာ ဆောင်းရာသီဖြစ် ပေမယ့် မြန်မာနိုင်ငံမှာတော့ နွေ ရာသီလိုပူပြင်းလွန်းပါတယ်။ ဒီအ ခြေအနေကို ကျွန်တော့်ကစားသ မားတွေခံနိုင်ရည်ရှိဖို့ လိုအပ်သလို အလွန်ခက်ခဲတဲ့အခြေအနေတစ် ရပ်ပါ''ဟုပြောသည်။
ဩစတြေးလျအသင်းသည် ၎င်းတို့၏ပွဲစဉ်များ အနက် ဗီယက် နမ်၊ မလေးရှား၊ ဂျော်ဒန်တို့၏ပွဲ စဉ်များအား ညနေ ၃နာရီခွဲတွင် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ထိုင်းအ သင်းနှင့်ပွဲစဉ်အား ည ရနာရီခွဲ တွင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ သို့ သော်ဂျပန်အသင်းအတွက်မူ ရာ သီဥတုအခြေအနေမှာ စိုးရိမ်စရာ မလိုဘဲဂျပန်နိုင်ငံ၌ လက်ရှိအ ချိန်တွင် မြန်မာနိုင်ငံထက်အပူချိန် မြင့်မားကြောင်း သိရသည်။
အခြားသတင်းတစ်ရပ်အရ လက်ရှိချန်ပီယံ ဗီယက်နမ် အမျိုး သမီးအသင်းမှာမူ ယခုနှစ်ပြိုင်ပွဲ တွင် ချန်ပီယံဆုအားကာကွယ်နိုင် ရန်ရည်မှန်းချက်မရှိကြောင်းသိရ သည်။
ဗီယက်နမ်အသင်းမန်နေဂျာ သောင်ယက်က ''ကျွန်တော်တို့အ သင်းအနေနဲ့ ဒီပြိုင်ပွဲမှာဗိုလ်စွဲ ဖို့ရေပန်းမစားသလို ချန်ပီယံဆု ကိုလဲမျှော်လင့်မထားပါဘူး။ ဒီပြိုင် ပွဲကိုလာမယ့် ဆီးဂိမ်းအတွက်ပြင် ဆင်တဲ့အနေနဲ့လာရောက်ယှဉ် ပြိုင်တာပါ''ဟုပြောသည်။


YMG

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here