Monday, September 9, 2013

အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲတွင် ဂျပန်နည်းပြများ၏အားပြိုင်မှုကို မြင်တွေ့ရမည်

0 comments


စက်တင် ဘာ ၉ရက်တွင် စတင်ကျင်းပမည့် ၂၀၁၃ အာဆီယံအမျိုးသမီး ချန်ပီ ယံရှစ်ပြိုင်ပွဲ၌ ဂျပန်လူမျိုးနည်းပြ လေးဦးပါဝင်လျက်ရှိရာ အမျိုး သမီးပြိုင်ပွဲအပြင် ဂျပန်နည်းပြဆ ရာများ၏ ပြိုင်ပွဲတစ်ရပ်ကိုပါ တွေ့ မြင်ရဖွယ်ရှိနေသည်။
ယင်းပြိုင်ပွဲအား အာဆီယံ ဒေသတွင်းနိုင်ငံ ခုနစ်နိုင်ငံအပြင် ဩစတြေးလျ၊ ဂျပန်နှင့် ဂျော်ဒန် နိုင်ငံတို့ ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ် ရာ ဂျပန်၊ ဂျော်ဒန်၊ မြန်မာနှင့် လာ အိုအသင်းတို့၏ နည်းပြများမှာ ဂျပန်လူမျိုးနည်းပြဆရာများဖြစ် နေကြောင်း သိရသည်။
ဂျပန်ယူ-၂၃အသင်း၏ အ ဖွဲ့ခေါင်းဆောင် ကာဇူဟွန်ဒါက ''ကျွန်တော်တို့ကို ဒီပြိုင်ပွဲ ဝင်ပြိုင် ဖို့ ဖိတ်ခေါ်ခဲ့တဲ့အတွက် ကျေးဇူး တင်မိပါတယ်။ ကျွန်တော်တို့အ နေနဲ့ ဒီပြိုင်ပွဲရဲ့အဆင့်အတန်းကို မြှင့်ပေးနိုင်မယ်လို့ ထင်ပါတယ်။ ပြိုင်ပွဲတစ်ပွဲကို သွားပြိုင်ပြီဆိုရင် တော့ ချန်ပီယံဖြစ်ချင်တာပါပဲ။ ကျွန်တော်တို့က တက္ကသိုလ်လက် ရွေးစင်ကစားသမားတွေနဲ့ လာပြိုင် တာဖြစ်ပေမယ့် ရည်မှန်းချက်ရှိတဲ့ ကစားသမားတွေကို ခေါ်လာတာ ပါ။ မြန်မာအသင်းအနေနဲ့လဲ ချန် ပီယံဖြစ်နိုင်ပါတယ်။ ဒီပြိုင်ပွဲမှာ ဂျပန်လူမျိုးနည်းပြလေးဦးပါဝင်နေ တာဟာ ကျွန်တော်တို့နိုင်ငံရဲ့ ဘော လုံးအဆင့်အတန်းတိုးတက်နေမှု ကို ပြသနေသလိုပါပဲ။ ပြိုင်ဆိုင်မှု ပြင်းထန်မယ့်ပွဲဖြစ်ပေမယ့် ဂျပန် နည်းပြ ဆရာရဲ့ပြိုင်ဆိုင်မှုလို့တော့ မထင်မိပါဘူး''ဟုပြောသည်။
မြန်မာအသင်းနည်းပြ ကု မာဒါကမူ ''ကျွန်တော်ကတော့ ကျန်တဲ့ဂျပန်လူမျိုးနည်းပြတွေကို အရှုံးမပေးချင်သလို ထိုင်းနဲ့ ဗီယက် နမ်တို့ကိုလဲ မရှုံးချင်ပါဘူး။ ပြီးခဲ့တဲ့ နှစ်က ဖိုင်နယ်မှာ ကံအကြောင်း မလှလို့ ရှုံးနိမ့်ခဲ့ရပေမယ့် ဒီတစ် နှစ်အတွင်းမှာ ပြင်ဆင်ချိန်ရရှိခဲ့ တာကြောင့် ပွဲတိုင်းကို အနိုင်ရရှိ အောင် ကစားသွားမှာပါ''ဟု ပြော သည်။
ဂျော်ဒန်နည်းပြ မာဆာကီ ဟိုကီယာမာက ''ကျွန်တော်တို့ ယှဉ်ပြိုင်ရမယ့်အုပ်စုမှာ တခြား ဂျပန်နည်းပြတွေ မပါဝင်ပေမယ့် ကျွန်တော်တို့က အသင်းကောင်း တွေနဲ့ ယှဉ်ပြိုင်ရမှာပါ။ ဂျပန်လူ မျိုးနည်းပြတွေ ပါဝင်လာတာက တော့ ကောင်းမွန်တဲ့လက္ခဏာ တစ်ခုပါပဲ''ဟု ပြောသည်။ လာအို အသင်းနည်းပြကိုင်ဟွန်မာက ၎င်း အနေဖြင့် ဂျပန်လူမျိုးတွေရဲ့ပြိုင် ဆိုင်မှုလို့ မထင်မှတ်မိကြောင်း၊ မိမိတို့ အသင်းအနေဖြင့် ကျန် ဂျပန်လူမျိုးများကိုင်တွယ်သော အသင်းများလောက် ကစားသမား ကောင်းများမရှိကြောင်း၊ မိမိတို့ အသင်းနှင့် တခြားအသင်းများ ကြားတွင်ရှိသော ကွာခြားမှုများကို လေ့လာနိုင်ရန် ပြိုင်ပွဲဝင်ခဲ့ခြင်း ဖြစ်ကြောင်းပြောသည်။


YMG

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here