5.9.2013
ယနေ့ တရုတ်ပြည်ဖြစ်လာအောင် လမ်းကြောင်းပေါ်တင်ပေးခဲ့သည့်
တိန့်ရှောင်ဖိန်၏စကားကိုပြန်ပြောရလျှင် `ကြောင်ဖြူသည်မဲသည် ထက်ကြွက်ရဖို့သာ
အဓိကဖြစ်သည်`ဟု ဆိုခဲ့ပါသည်။
ယခုမြန်မာနိုင်ငံဒီမိုကရေစီရဖို့အတွက် မောင်ဖြူ၊ မောင်မဲထက်
ဒီမိုကရေစီစနစ်ရှင်သန်ဖွံ့ဖြိုးဖို့ကအရေးကြီးသည်ဟုထင်မြင်ယူဆပါသည်။
ဒီမိုကရေစီရှင် သန်ဖွံ့ဖြိုးဖို့ ဖယ်ဒရယ်ဖြင့်သွားမှသာလျှင်
ဒီမိုကရေစီစနစ်ကိုပီပြင်စွာတည်ဆောက်နိုင်မည်ဟု နိုင်ငံရေးခေါင်းဆောင် တွေ၊
တိုင်းရင်းသားခေါင်းဆောင်အားလုံးက လက်ခံယုံကြည်လျက် ရှိပေသည်။ ထိုသို့
နိုင်ငံရေးခေါင်းဆောင်များတိုင်း ရင်းသားခေါင်းဆောင်များယုံကြည်သလို
မယုံကြည်သည့်သူများကတော့ တိုင်းရင်းသားလက်နက်ကိုင်များတည်ရှိ ဒေသများမှ
တိုင်းရင်းသားပြည်သူများပင်ဖြစ်ပါသည်။
တိုင်းရင်းသားဒေသခံပြည်သူများအနေဖြင့် ဖယ်ဒရယ်ကိုလည်းမသိပါ၊
ဒေသခံတွေသိသည်မှာ အပူအပင်
အကြောက်အရွံ့ကင်းမဲ့စွာလုပ်ကိုင်စားသောက်နိုင်ရေးပင်ဖြစ်ပါသည်။
တိုင်းရင်းသားဒေသခံတွေအတွက် အဓိကလို အပ်နေသည်မှာ ဖယ်ဒရယ်မဟုတ်၊
အပူအပင်ကင်းမဲ့စွာလုပ်ကိုင်စားသောက်နေထိုင်နိုင်ရန်ဆောင်ရွက်ပေးမည့်
ကယ်တင်ရှင်သာ လိုအပ်ပါသည်။
ဖယ်ဒရယ်မူဖြင့်
နိုင်ငံအားတည်ဆောက်မည်ဟုပြောဆိုနေသော တိုင်းရင်းသားလက်နက်ကိုင်များမှ
ဒေသခံတိုင်းရင်း သားများအပေါ်ဆက်ကြေးကောက်ခြင်းသည် ၎င်းတို့အတွက်
ရံပုံငွေဖြစ်ပြီး ၎င်းတို့ရေရှည်ရပ်တည်နိုင်ရန်အတွက်
ဆက်ကြေးကောက်ခံမှုအပေါ်မူတည်ပြီး ဆက်ကြေးကောက်ခြင်းသည် တရားမျှတကြောင်း
ပြောဆိုသွားခဲ့ပါသည်။ တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့်
ဒေသခံများအပေါ်ဆက်ကြေးကောက်ခံမှုမရှိကြောင်း၊ လူသစ်စုဆောင်းမှု မရှိကြောင်း၊
လူ့အခွင့်အရေးချိုးဖောက်မှုမရှိကြောင်း၊
စစ်အစိုးရကသာလူ့အခွင့်အရေးချိုးဖောက်ကြောင်းတို့ မီဒီယာ
များနှင့်တွေ့ဆုံစဉ် မကြာခဏပြောဆိုလျက်ရှိရာမှ ယခုအခါ
ဒေသခံလူထုအပေါ်ဆက်ကြေးကောက်ခံခြင်းအား
ရပိုင်ခွင့်တစ်ခုလိုပြောဆိုသွားသည့်အတွက် တိုင်းရင်းသားပြည်သူများအတွက်
ရင်လေးမိပါသည်။ ထိုလုပ်ရပ်သည် လည်း လူ့အခွင့်အရေးချိုးဖောက်သည်မဟုတ်ပါလား၊
ငြိမ်းချမ်းရေးရဖို့ဆွေးနွေးနေစဉ်တစ်လျှောက် တိုင်းရင်းသား
လက်နက်ကိုင်အသီးသီးအနေဖြင့် ဆက်ကြေးငွေများကို
ယခင်က၎င်းတို့စိုးမိုးရာကျေးရွာများ တွင်သာကောက် ခံနိုင်သော်လည်း
ယခုအခါ၎င်းတို့၏ဆက်ဆံရေးရုံးများသည် မြို့နယ်များတွင်တည်ရှိလာသဖြင့်
မြို့ပေါ်ရှိလုပ်ငန်းရှင်များ ကိုဆက်ကြေးငွေစုအမည်မတပ် ဘဲ
ခေါင်းစဉ်ပြောင်းကောက်ခံလာသည့်အတွက် ဒေသခံများအနေဖြင့် အရှည်မျှော်
တွေးကာထည့်ဝင်လာရသည့်အတွက် ဒေသအသီးသီး၏ လုပ်ငန်းရှင်များ၏
ငြီးငြူသံများကြား လာနေရပေသည်။
တိုင်းရင်းသားလက်နက်ကိုင်အသီးသီးအနေဖြင့်လည်း
လူသစ်များအားယခင်ထက်ပို၍စုဆောင်းလာသည်ကိုသတင်း မီဒီယာများတွင်
မကြာခဏတွေ့မြင်နေရပါ သည်။ နောက်တစ်ကြိမ်အစိုးရနှင့်
ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် လူသစ်စုဆောင်းခြင်းသည်
တိုင်းရင်းသားများတည်ရှိရာပြည်နယ်ကိုကာကွယ်ဖို့လူသစ်စုဆောင်းခြင်းသည် တရား
ဥပဒေနှင့် ညီသည်ဆိုခဲ့သော် ဘယ်လိုဖြေရှင်းကြမည်နည်း။
တိုင်းရင်းသားလက်နက်ကိုင်များကြီးစိုးရာဒေသများ ဘိန်းနှင့်
မူးယစ်ဆေးဝါးသုံးစွဲမှုများယခင်ကထက်ပိုမိုများပြားလာ
ပြီးဖမ်းဆီးရမိမှုများလည်း ယခင်ကထက်ပို၍ များပြားလာ သည်။
တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် ယခင်က အိမ်နီးချင်းနိုင်ငံများသို့
အဓိကတင်ပို့သော်လည်း မတော်လောဘတက်၍ ယခုအခါတွင် တိုင်းရင်းသားဒေသအသီး
သီးအတွင်းမှာပါ ဖြန့်ဖြူးရောင်းချလာသဖြင့် ဒေသခံပြည်သူများအနေဖြင့်
တိုင်းရင်းသားလက်နက်ကိုင်များအား မပြောရဲ၍သာ မပြောဆိုသော်လည်း
ရင်တွင်းမှာတော့ ရွံရှာမုန်းတီးလျက်ရှိနေပါသည်။ ဒါကြောင့် ဒေသခံပြည်သူများ
အနေဖြင့် မောင်ဖြူ၊ မောင်မဲမလိုဆက်ကြေးကောက်ခံရခြင်း၊
လူသစ်စုဆောင်းခံရခြင်း၊ မူးယစ်ဆေးဝါးကျွန်ဖြစ်ခြင်း တို့မှ
ကင်းဝေးအောင်ဆောင်ရွက်ပေးနိုင်မည့်
ကယ်တင်ရှင်အစိုးရတစ်ခုသာလိုကြောင်းရေးသားလိုက်ရပါသည်။
မြန်မာ့လင်းရောင်ခြည်
Thursday, September 5, 2013
Subscribe to:
Post Comments (Atom)
တိုင်းရင်းသားတွေ ကယ်တင်ရှင်မလိုပါ။
နယ်ချဲ့ အင်္ဂလိပ်တွေမြန်မာပြည်ကို သိမ်းပိုက်လိုက်တဲ့အချိန်ဟာ မြန်မာပဒေသရာဇ်မင်းတွေရဲ့ အုပ်စိုးမှုအောက်ကနေ
တိုင်းရင်းသားတွေလွတ်လပ်သွားတဲ့ကာလဖြစ်တယ်။
ဒီတော့ အင်္ဂလိပ်ကို ကယ်တင်ရှင်လို့ အသိအမှတ်ပြုနိုင်မလား။ အဘက်ဘက်ကနေအကြမ်းဖျဉ်းသုံးသပ်ကြည့်ရှုလိုက်ရုံနဲ့  မဖြစ်နိုင်တာကိုလွယ်လွယ်လေးသဘောပေါက်နိုင်တယ်။
တကယ်တော့ အင်္ဂလိပ်ဧကရာဇ်တွေက မြန်မာပဒေသရာဇ်အစားနေရာဝင်ယူတာသာဖြစ်နေခဲ့တယ်လေ။
အင်္ဂလိပ်အောက်က ပြန်လွတ်တဲ့အချိန်မှာတော့ မြန်မာအပါအ၀င် ခေတ်ပြိုင်ညီနောင်လူမျိုးစုတွေအားလုံးလွတ်လပ်ရေးရပြီလို့ ပြောဆိုကြပြန်တယ်..
အခြေအနေမှန်ကအဲလိုမဟုတ်သေးဘူး..ပဒေသရာဇ်မဟုတ်တော့တဲ့မြန်မာနိုင်ငံရေးအုပ်စုတွေက ပဒေသရာဇ်အမွေကိုခံယူပြီး အင်္ဂလိပ်ဧကရာဇ်ရဲ့ အရိုက်အရာအာဏာတွေကို ပြန်လည်ဆက်ခံရယူလိုက်တာလောက်သာဖြစ်နေတယ်။
လူမျိုးစုတွေဟာ လွတ်လပ်ရေးမရယုံတင်မက မိမိဆိုင်ရာဘာသာစာပေယဉ်ကျေးမှုကို မြန်မာတမျိုးတည်းက အုပ်စီးလွှမ်းခြုံထားတာကို သဘာဝအရရော ဥပဒေပြဌာန်းချက်တွေနဲ့ ပါ ခံနေရတဲ့အခြေအနေပါ။
စားဝတ်နေရေးအခြေအနေတွေကိုကြည့်လိုက်ပြန်တော့ အင်္ဂလိပ်ခေတ်မှာလို ကမ္ဘာ့အဆင့်အတန်းနဲ့ အညီ နေရတဲ့ လူမှုဘ၀ရှိမနေပါဘူး…
ဒီတော့ ဘာသာစကားစာပေယဉ်ကျေးမှု တန်းတူခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်မထူထောင်မခြင်း ဘယ်လိုမှလွတ်လပ်မှုမရှိနိုင်ဘူး.
အတတ်ပညာတွေကို မိမိကျွမ်းကျင်ရာမိခင်စာပေစကားတွေနဲ့ သင်ကြားခွင့်မရှိတာဟာ လူမျိုးစုတွေ ခေတ်နောက်ကျကျန်ရစ်ခဲ့ရခြင်းကို ဖြစ်ပေါ်စေတဲ့ အပျင်းထန်ဆုံး လုပ်ရပ်ပါ..
ဒီတော့ကယ်တင်ရှင်လိုအပ်နေတယ်ဆိုရင်လဲ လူမျိုးစုတွေရဲ့ ကယ်တင်ရှင်ဟာ ဘယ်လူမျိုးခြားမှမဟုတ်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုစနစ်ပါဘဲ…အဲဒါကိုမလုပ်မခြင်း လူမျိုးစုအားလုံးဟာ မိမိတို့ ရဲ့ လူမျိုးကိုရတဲ့နည်းနဲ့ ကာကွယ်သွားကြအုန်းမှာမို့  တကမ္ဘာလုံးရဲ့ မမှန်မကန်ဖြစ်နေသေးတဲ့ သတ်မှတ်မှုတွေကိုရှင်းပစ်တဲ့ဒုတတိယကမ္ဘာစစ်လိုဟာမျိုးထပ်ပေါ်လာပြီးမှဘဲ ပြောင်းလဲသွားနိုင်မယ်…
ငြိမ်းချမ်းရေးဟာ ကလေးကလားကိစ္စမဟုတ်..ရောဂါဆိုးတွယ်ကပ်နေသူကို ကုစားနေတဲ့ ခက်ခဲနက်နဲမှုအပေါင်းနဲ့ ပြည့်နေတယ်..အေးအေးဆေးဆေးနေချင်လို့  အရှုံပေးလိုက်တဲ့ ဆိုင်ရာလူမျိုးစုပြည်သူတွေအများကြီးရှိသလို..လှေခွက်ချည်းကျန်အလံမလှဲမဲ့ပြည်သူတွေလည်းမကုန်မခမ်းရှိ နေမှာ သဘာဝ။ အဲဒါထက်မက ဘယ်ခေတ်ကမှ အေးအေးဆေးဆေးနေချင်တဲ့လူများစု ဘက်လိုက်ပြီးပြောင်း သွားတာမရှိဘဲ တက်ကြွလှုပ်ရှားသူလူနည်းစုရဲ့ သဘောထားဆန္ဒတွေကသာ ခေတ်အဆက်ဆက် တိုင်းပြည်ကိုကိုင်လှုပ်ခဲ့တယ်ဆိုတာကလည်း အလေးအနက်ထည့်တွက်ရမဲ့အချက်ပါ။
ဒီတော့ ဆရာ့ဆရာကြီးများ ပေါ့ပေါ့မတွေးမိလေနဲ့ လို့ .မေတ္တာများစွာဖြင့်တင်ပြလိုက်တယ်။