Saturday, September 21, 2013

ဆိုက်ဘာ မှုခင်းများအား မြို့နယ် ရဲစခန်းတွင် တိုင်ကြားနိုင်

0 comments

21.9.2013
 ပြည် သူမှ ဆိုက်ဘာနှင့်ပတ်သက် သည့် မှုခင်းများအား သက်ဆိုင်ရာမြို့ နယ်ရဲစခန်းတွင် တိုင်ကြားမှုများ ဆောင်ရွက်နိုင်ပြီး ယင်းမှုခင်းများ ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှုခင်းရဲ တပ်ဖွဲ့မှ ထိရောက်စွာ ကိုင်တွယ် ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ဒုရဲမှူးကြီး ထွန်းနေဝင်းကပြော သည်။ ''Cyber Crime နနဲ့ပတ်သက် ပြီး တိုင်ကြားမှုတွေရှိလာပြီဆို ရင် မှုခင်းရဲတပ်ဖွဲ့ကနေ တည်ဆဲ ဥပဒေနဲ့အညီ ကိုင်တွယ် ဖြေရှင်း ပေးသွား မှာပါ။ ရဲအရေးပိုင်တဲ့အ မှုရှိတယ်။ ရဲအရေးမပိုင်တဲ့အမှု ရှိတယ်။ ဒါမျိုးတွေတော့ကွဲပြား မှုရှိပါတယ်။ တိုင်ကြားမှုတွေရှိ လာရင်တော့ ရဲလုပ်ငန်းအတိုင်း အရေးယူမှုတွေ ဆောင်ရွက်ပေး သွားမှာပါ''ဟု စက်တင်ဘာ ၁၆ ရက်တွင် မိုက်ခရိုဆော့ဖ်မှ နည်း ပညာလုံခြုံရေးပိုင်း ဆွေးနွေးပွဲ၌ ဒုရဲမှူးကြီး ထွန်းနေဝင်းက ယင်း သို့ပြောသည်။
 
နည်းပညာပိုင်းအနေဖြင့် ကျွမ်းကျင်မှု ရှိစေရန်အတွက် ဆက်သွယ်ရေး၊ သတင်းအချက် အလက်နှင့် နည်းပညာဝန်ကြီးဌာ နနှင့် နိုင်ငံတကာမှအလုပ်ရုံဆွေး နွေးပွဲများ၊ သင်တန်းများတက် ရောက်ခြင်းများဆောင်ရွက်ခဲ့ ပြီး Cyber Security   နှင့်ပတ်သက် သည်များကိုလည်း လေ့လာသင် ယူထားကြောင်း သိရသည်။ ''ဆိုက်ဘာမှုခင်းတစ်ခုကို ကိုင်တွယ်ဖြေရှင်းတဲ့အခါ ကျွန် တော်တို့ ဌာနတစ်ခုတည်းနဲ့မဖြစ် ပါဘူး။ လက်ရှိမှာလဲ ဆိုက်ဘာနဲ့ ပတ်သက်ပြီး ကြီးကြီး မားမား တိုင် ကြားလာတာမျိုးတွေ မရှိသေးပါ ဘူး''ဟု ယင်းက ထပ်မံပြောသည်။
 
ဆိုက်ဘာမှုခင်းများကို ကိုင် တွယ်ဖြေရှင်းရာ၌ အခြားအဖွဲ့ အစည်းများဖြစ်သည့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၊ ဆက် သွယ်ရေးနှင့် သတင်းအချက်အ လက်နည်းပညာဝန်ကြီးဌာန၊Myanmar Computer Emergency Response team  တို့နှင့် ပူးပေါင်း ဖြေရှင်းရန်လိုအပ်ကြောင်း၊ ဆိုက် ဘာဥပဒေကိုပြဋ္ဌာန်းနိုင်ရန် လက် ရှိဆက်သွယ်ရေးဥပဒေကို အခြေ ခံ၍ ပူးပေါင်းပါဝင်ရေးဆွဲရန်လို အပ်မည်ဖြစ်ကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်၍ ဘလော့ ဂါတစ်ဦးဖြစ်သူ ဦးနေဘုန်းလတ် က ''နောက်ပိုင်းမှာ ဆိုက်ဘာကို အသုံးပြုပြီး အသရေဖျက်တာ တွေ၊ မှုခင်းတွေအများကြီးပိုကြုံ လာမှာပါ။ အဲဒီအတွက် Cyber Police တွေထားရှိဖို့ လိုလာပါပြီ။ ဥပမာ ဒေါက်တာဆိတ်ဖွားကိစ္စ မျိုးဆိုရင် ဆိုက်ဘာ ကနေ တစ်ဆင့် ဖြစ်တာပါ။ ဒီလိုတွေအများကြီး နောက်ပိုင်းဖြစ်လာနိုင်တယ်။ မြန်မာ နိုင်ငံမှာ နည်းပညာနဲ့ပတ်သက်ပြီး နောက်ပိုင်း ကျယ်ပြန့်လာမှာဆို တော့ မှုခင်းတွေကလဲ ပိုဖြစ်လာ မှာသေချာပါတယ်''ဟု ပြောသည်။
 
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာန ချုပ်အနေဖြင့် e-Government   လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် G to C  လုပ်ငန်းအနေနှင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၏ ဝက်ဘ် ဆိုက်  www.myanmarpoliceforce.org  နှင့် ဖေ့စ်ဘွတ်ခ်စာ မျက်နှာ တွင် ရဲဇာနည် အမည်ဖြင့် ၂၀၁၂ခုနှစ် အောက်တိုဘာမှစ တင်၍ လွှင့်တင်ပေးခဲ့ပြီး ယင်း ဝက်ဘ်ဆိုက်တွင် မှုခင်းသတင်း များ၊ ရဲတပ်ဖွဲ့၏လုပ်ဆောင်ချက် များ၊ ပြည်သူသို့ အသိပေးကြေ ညာချက်များ၊ ဥပဒေစာအုပ်များ ထားရှိပြီး ရဲလုပ်ငန်း နှင့် ပတ်သက် ၍ ပြည်သူတို့၏နစ်နာချက်များ အတွက် တိုင်ကြားနိုင်ကြောင်း သိရသည်။
 
ဖူးပွင့်သော်
Yangon Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here