Thursday, September 19, 2013

Living Color Media မန္တလေးရုံး ဖောက်ထွင်းခံရမှု မြို့နယ်နှင့်ခရိုင် ပူးပေါင်း စစ်ဆေးဆဲဟုဆို

0 comments


19.9.2013

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ၂၄x၂၅ လမ်း၊ ၆၃x၆၄ လမ်းကြား၊ မြသီတာလမ်းသွယ်ရှိ Living Color Media မန္တလေးရုံးခွဲ The Voice နေ့စဉ်ထုတ် သတင်းစာတိုက် အတွင်း ဖောက်ထွင်းခံရမှုနှင့် ပတ်သက်၍ အမှတ် (၁) ရဲစခန်းနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးတို့ ပူးပေါင်းစုံစမ်း စစ်ဆေးလျက် ရှိကြောင်း အမှတ် (၁) ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

အဆိုပါ သတင်းစာတိုက်ကို စက်တင်ဘာလ ၅ ရက် နေ့နံနက် ၆ နာရီခန့်က ဖောက်ထွင်းခံရပြီး ရုံးအနီး ပတ်ဝန်းကျင်ရှိ CCTV ကင်မရာမှ တစ်ဆင့်ရရှိသည့် အချက်အလက်များကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ် လျက် ရှိကြောင်း ၎င်းက ထပ်မံပြောကြားသည်။

ရုံးခန်းပိတ်ချိန် ညပိုင်းတွင် ဖြန့်ချိရေး ဝန်ထမ်းများသည် သတင်းစာဖြန့်ချိရေးအတွက် အပြင်သို့ နေ့စဉ် သွားရောက်လေ့ရှိပြီး နံနက် ၆ နာရီခန့် သတင်းစာတိုက်သို့ ဖြန့်ချိရေးဝန်ထမ်းများ ပြန်လည် ရောက်ရှိ ချိန်တွင် ခြံတံခါးကို ခတ်ထားသော သော့မတွေ့ရဘဲ ပွင့်နေသည်ကို တွေ့ရကြောင်း၊ ရုံးခန်းတံခါး သော့ ဖွင့်ပြီး အတွင်းသို့ ကြည့်ရှုရာ ကွန်ပျူတာ တင်ထားသော စားပွဲအံဆွဲတံခါး ပျက်နေပြီး စားပွဲအတွင်းတွင် ထည့်ထားသော ကျပ် ၉၆၇,၄၃၀ ကျပ်ခန့် ပျောက်ဆုံးသွားခဲ့သည်။

အဆိုပါ ဖောက်ထွင်းမှုနှင့် ပတ်သက်၍ ယင်းသတင်းစာတိုက် ဖြန့်ချိရေးတာဝန်ခံ ဦးဂျက်တူးတူးက အောင်မြေသာစံမြို့နယ်ရှိ အမှတ် (၁) ရဲခစန်းတွင် တရားလိုပြု တိုင်တန်း၍ နယ်မြေရဲစခန်းက (ပ) ၁၇၁/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့် စစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ယခုနှစ်ပိုင်းတွင် မန္တလေးမြို့ဂျာနယ်တိုက် သုံးခုဖောက်ထွင်း ခံရခဲ့ပြီး စက်တင်ဘာလ ၁၈ ရက်နေ့ အချိန်ထိ ဖမ်းဆီးဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း ယင်းဖောက်ထွင်းခံရသော ဂျာနယ်တိုက်များထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here