Wednesday, January 2, 2013

မန္တလေး-မြစ်ကြီးနား ရထားလမ်း KIA မှ ထပ်မံမိုင်းခွဲဖျက်ဆီး

0 comments

ဇန်န၀ါရီလ  ၂


၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလ ၁ရက်နေ့ ည ၁၁ နာရီခွဲအချိန်ခန့်တွင်ဟိုပင် မြို့နယ်ခွဲ ဘူတာမှ တစ်မိုင်ခန့် အကွာ မိုင်တိုင်အမှတ်(၆၅၂/၄)နှင့် (၅) အကြား အမှတ်(၄၃)အဆန် ကုန်တင်ရထားဖြတ်သန်းမောင်းနှင် နေစဉ် KIA မှ ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့ကြောင်း၊ မိုင်းပေါက်ကွဲမှုကြောင့် ဟိုပင်မှ မိုးကောင်း ဘက်သွား ရထားသံလမ်း ဘယ်ဘက်အခြမ်း (၁)ပေ ခန့်ပြတ်တောက်သွားပြီး ဇလီဖာတုံး (၅)တုံး ပျက်ဆီး ကာ ကုန်တင်ရထား၏နောက်ဆုံးတွဲရှိ ရထားဘီး(၄)ဘီး လမ်းချော်ခဲ့ကြောင်း သတင်း ရရှိပါ သည်။ ပျက်ဆီး သွားသော ရထားလမ်းကို မိုးညှင်းဘူတာမှ ကြီးကြပ်ရေးမှူး ဦးစီး၍ ၀န်ထမ်း(၁၃) ဦးဖြင့် စတင်ပြုပြင်လျက်ရှိပြီး ရထားသွားလာမှု အား ခေတ္တခဏ ပိတ်ထားကြောင်း သိရှိရပါသည်။

KIA မှ ၂၀၁၁ ခုနှစ်၊ ဇွန်လမှ စတင်၍ ရထားလမ်းမိုင်းခွဲမှု အကြိမ်(၅၀)ကျော်၊ လမ်းတံတား ဆောက် လုပ်ရေး ယန္တရားများ တိုက်ခိုက်ဖျက်ဆီးမှု အကြိမ်(၁၀၀)ကျော်ဆောင်ရွက်ခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရ သည်။

forward
Read more...

ရွှေဖြူနှင့် လုပ်သော မာစီဒီး

0 comments
ဇန်န၀ါရီလ  ၂



Photo: ရွှေဖြူနှင့် လုပ်သော မာစီဒီး
 Wednesday, January 02, 2013 

ဒူဘိုင်းမြို့ က ရေနံ စော်ဘွား ဘီလျံနာ တစ်ဦး ပိုင်တဲ့ ကား ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့နေရတဲ့ Mercedes-Benz SLR McLaren ဖြစ်ပြီး အလူမီနီယံ သားမဟုတ်ပဲ ရွှေဖြူ (ပလက်တီနံ) နဲ့ လုပ်ထားတဲ့ ကားကိုယ်ထည်ကို ယခုလို မြင်တွေ့ ရပါတယ်။

Mercedes-Benz SLR McLaren ဆိုတာ ဂျာမနီ Mercedes နဲ့ ဗြိတိန် McLaren တို့ ပေါင်းထုတ်တဲ့ စူပါ ကား တစ်မျိုး ဖြစ်ပြီး ၂၀၀၃ နဲ့ ၂၀၀၉ ကြားက ဖြစ်ပါတယ်။ အင်ဂျင်ပါဝါ ၅၄၀၀ စီစီက မူရင်းဖြစ်ပေမယ့် ယခု မြင်တွေ့ရတဲ့ ကားကတော့ အတွင်းရော၊ အပြင်မှာ ပြန်လည် Modification လုပ်ထားပါတယ်။ မြင်းကောင်ရေအား ထုတ်လုပ်နိုင်မှု 
၁၆၀၀ ရှိပြီး မြန်နှုန်းကလည်း တစ်နာရီ မိုင် ၂၀၀ အထက်မှာရှိပါတယ်။

ကားအတွင်းက အင်ဂျင်ရဲ့  စွမ်းအင် လုပ်ဆောင်ချက်တွေထက် အပြင်က ပိုပြီးတော့ စွဲဆောင်မှု ရှိနေပါတယ်။ ပလက်တီနမ်သတ္တုတစ်မျိုးတည်းနဲ့ ပြု လုပ်ထားတဲ့ Mercedes-Benz SLR McLaren ဟာလည်း ကမ္ဘာ့ဈေးကြီး ကားထဲမှာ ပါဝင်ကြောင်း သိရပါတယ်။
--
Ref: autonewsweek
YoYarLay
ဒူဘိုင်းမြို့ က ရေနံ စော်ဘွား ဘီလျံနာ တစ်ဦး ပိုင်တဲ့ ကား ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့နေရတဲ့ Mercedes-Benz SLR McLaren ဖြစ်ပြီး အလူမီနီယံ သားမဟုတ်ပဲ ရွှေဖြူ (ပလက်တီနံ) နဲ့ လုပ်ထားတဲ့ ကားကိုယ်ထည်ကို ယခုလို မြင်တွေ့ ရပါတယ်။

Mercedes-Benz SLR McLaren ဆိုတာ ဂျာမနီ Mercedes နဲ့ ဗြိတိန် McLaren တို့ ပေါင်းထုတ်တဲ့ စူပါ ကား တစ်မျိုး ဖြစ်ပြီး ၂၀၀၃ နဲ့ ၂၀၀၉ ကြားက ဖြစ်ပါတယ်။ အင်ဂျင်ပါဝါ ၅၄၀၀ စီစီက မူရင်းဖြစ်ပေမယ့် ယခု

 မြင်တွေ့ရတဲ့ ကားကတော့ အတွင်းရော၊ အပြင်မှာ ပြန်လည် Modification လုပ်ထားပါတယ်။ မြင်းကောင်ရေ
အား ထုတ်လုပ်နိုင်မှု ၁၆၀၀ ရှိပြီး မြန်နှုန်းကလည်း တစ်နာရီ မိုင် ၂၀၀ အထက်မှာရှိပါတယ်။

ကားအတွင်းက အင်ဂျင်ရဲ့  စွမ်းအင် လုပ်ဆောင်ချက်တွေထက် အပြင်က ပိုပြီးတော့ စွဲဆောင်မှုရှိနေပါတယ်။

 ပလက်တီနမ်သတ္တုတစ်မျိုးတည်းနဲ့ ပြု လုပ်ထားတဲ့ Mercedes-Benz SLR McLaren ဟာလည်း ကမ္ဘာ့ဈေး
ကြီး ကားထဲမှာ ပါဝင်ကြောင်း သိရပါတယ်။
Ref: autonewsweek
YoYarLay
Read more...

ဟိုင်းဝေးလမ်း ဖောက်ထားသော တာဝါ

0 comments
ဇန်န၀ါရီလ  ၂
 
Photo: ဟိုင်းဝေးလမ်း ဖောက်ထားသော တာဝါ
Wednesday, January 02, 2013 

ဂျပန်နိုင်ငံ၊ အိုစကာမြို့ မှာ တည်ရှိတဲ့ ၁၆ ထပ်တိုက်ဖြစ်ပြီး Gate Tower Building လို့ အမည်ပေးထားပါတယ်။

၁၉၉၂ ခုနှစ်က ဆောက်လုပ်ပြီးစီးခဲ့တာ ဖြစ်ပြီး ၅ထပ်၊ ၆ထပ်၊ ၇ထပ် စတဲ့ အထပ် သုံးထပ်ကို ဟိုင်းဝေးကားလမ်းဖောက်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဓာတ်လှေကားစီးရင် ယင်းအထပ်တွေကို အလိုအလျောက် ကျော် သွားပါတယ်။ ခေါင်မိုးမှာ ရဟတ်ယာဉ် ကွင်းလည်း ထားရှိထားပါတယ်။

ဟိုင်းဝေးလမ်း ကြောင့် တိုက်တုန်ခါမှု၊ အသံဆူညံမှု မဖြစ်အောင် အထပ်ပေါင်း များစွာ ခံထားပါတယ်။ ပြီးတော့ တိုက်တစ်ခုလုံးကိုလည်း double core -နှစ်ထပ် ပြုလုပ် တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အစ ကတည်းက ယင်းနေရာမှာ ဟိုင်းဝေးလမ်း ဖြစ်ပြီး Suezawa Sangyo Co. Ltd မှ အစိုးရထံ ခွင့်ပြုချက်တောင်းလို့ ကြိုးစားတည် ဆောက်ခဲ့ တာ ဖြစ် ပါတယ်။ တည်ဆောက်ပေးတဲ့ ကုမ္မဏီကတော့ Sato Kogyo Co. Ltd. ဖြစ် ပါတယ်။

ယခုချိန်မှာတော့ Gate Tower မှာ ပုဂ္ဂလိက ရုံးနဲ့ ကုမ္မဏီအချို့ အခြေဆိုက်ပြီး ဂျပန်နိုင်ငံရဲ့  ပထမဆုံး ဟိုင်းဝေးလမ်းဖောက် တာဝါအဖြစ် မှတ်တမ်း တင်ခဲ့ကြောင်း သိရပါတယ်။
---
Ref: wiki
YoYarLay

ဂျပန်နိုင်ငံ၊ အိုစကာမြို့ မှာ တည်ရှိတဲ့ ၁၆ ထပ်တိုက်ဖြစ်ပြီး Gate Tower Building လို့ အမည်ပေးထားပါတယ်။

၁၉၉၂ ခုနှစ်က ဆောက်လုပ်ပြီးစီးခဲ့တာ ဖြစ်ပြီး ၅ထပ်၊ ၆ထပ်၊ ၇ထပ် စတဲ့ အထပ် သုံးထပ်ကို ဟိုင်းဝေးကားလမ်းဖောက်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဓာတ်လှေကားစီးရင် ယင်းအထပ်တွေကို အလိုအလျောက် ကျော် သွားပါတယ်။ ခေါင်မိုးမှာ ရဟတ်ယာဉ် ကွင်းလည်း ထားရှိထားပါတယ်။

ဟိုင်းဝေးလမ်း ကြောင့် တိုက်တုန်ခါမှု၊ အသံဆူညံမှု မဖြစ်အောင် အထပ်ပေါင်း များစွာ ခံထားပါတယ်။ ပြီးတော့ တိုက်တစ်ခုလုံးကိုလည်း double core -နှစ်ထပ် ပြုလုပ် တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အစ ကတည်းက ယင်းနေရာမှာ ဟိုင်းဝေးလမ်း ဖြစ်ပြီး Suezawa Sangyo Co. Ltd မှ အစိုးရထံ ခွင့်ပြုချက်တောင်းလို့ ကြိုးစားတည် ဆောက်ခဲ့ တာ ဖြစ် ပါတယ်။ တည်ဆောက်ပေးတဲ့ ကုမ္မဏီကတော့ Sato Kogyo Co. Ltd. ဖြစ် ပါတယ်။

ယခုချိန်မှာတော့ Gate Tower မှာ ပုဂ္ဂလိက ရုံးနဲ့ ကုမ္မဏီအချို့ အခြေဆိုက်ပြီး ဂျပန်နိုင်ငံရဲ့  ပထမဆုံး ဟိုင်းဝေးလမ်းဖောက် တာဝါအဖြစ် မှတ်တမ်း တင်ခဲ့ကြောင်း သိရပါတယ်။
---
Ref: wiki
YoYarLay
Read more...

အငြင်းပွားဖွယ်ဆောင်းပါးအကြောင်း ဆီဆိုင်မှာ ရှင်းလင်း

0 comments
ဇန်န၀ါရီလ  ၂

Photo
အရှေ့ရိုးမဂျာနယ် အတွဲ (၁) ၊အမှတ်စဉ် (၄) တွင် ပါရှိသည့်ဆောင်းပါးရှင်ဘာမထီမောင်မောင် ၏ မြို့ ပျောက်
မှာ စိုးကြောက်ပါသည် ဆောင်းပါးကြောင့် မီးလင်းရေးကော်မတီက ငွေကောက်ခံရေး ခက်ခဲ လာသည်ဟုဆို
သည်။

ထိုဆောင်းပါးနှင့်ပတ်သက်ပြီး ရှမ်းပြည်နယ် ဆီဆိုင်မြို့ မီးလင်းရေးကော်မတီ နှင့် ရပ်မိရပ်ဖများက တနင်္ဂနွေနေ့ နံနက်ပိုင်း မီဒီယာတွေ့ဆုံရှင်းလင်းပွဲပြုလုပ်ရာတွင် ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဆောင်းပါးတွင် အဓိကမှားယွင်းချက် သုံးချက် ရှိသည်ဟု ဆီဆိုင်မြို့မ မီးလင်းရေးကော်မတီဥက္ကဌ
 ဦးရွှင်မြတ်သူ နှင့် အဖွဲ့ဝင်များ က ပြောသည်။ ဆောင်းပါးတွင် မိမိတို့ မီးလင်းရေးကော်မတီ အဖွဲ့ ၀င်များ အား မိုးကျရွှေကိုယ်များဟု သုံးနှုန်းထားကြောင်း ၊ ဒီမိုကရေစီ နည်းကျကျ ရွေးချယ် ထားခြင်းမဟုတ်ဘဲ မိမိတို့ကိုယ်တိုင် ဥက္ကဌ အတွင်းရေးမှုး၊ ဘဏ္ဍာရေးမှုး စသဖြင့် ရွေးချယ်တင်မြောက် ထားသည်ဟု
 ဆောင်းပါးရှင် ဘာမထီမောင်မောင်က ရေးသားဖော်ပြထားကြောင်း စသည်ဖြင့် ရှင်းလင်းကြသည်။

မိမိတို့ ဆီဆိုင်မြို့မ မီးလင်းရေး ကော်မတီ အဖွဲ့ဝင်များသည် ရပ်ကွက် ( ၆) ရပ်ကွက်၊ ဆက်စပ် ကျေးရွာ ( ၅) ရွာရှိ အုပ်ချုပ်ရေးမှုး ၊ ရပ်မိရပ်ဖများ ၊ ဒေသဖွံ့ဖြိုးရေးကို စိတ်ဝင်တစား အမှန်တကယ် တက်တက် ကြွကြွ
လုပ်ဆောင်နေသူများ စုပေါင်းပြီး ဆီဆိုင်မြို့အထွေထွေ အုပ်ချုပ်ရေးမှုးရုံးခန်းမတွင် ၂၀၁၂ ခုနှစ် ဇန်န၀ါရီ (၂) ရက်နေ့ ဍ် လွတ်လွတ် လပ်လပ် ပွင့်ပွင့်လင်းလင်း ဒီမိုကရေစီနည်းကျကျ အဆိုပြုရွေးချယ် ဖွဲ့စည်းခဲ့ခြင်း
ဖြစ်သည်ဟု ဆိုသည်။

ယင်းဆောင်းပါးတွင်ပါရှိသလို မြို့ကိုရွာပြောင်း....ရွာကိုမြို့ပြောင်း ၊ပြီးငွေကြေးကောက်ခံနေခြင်းလည်း
 မဟုတ်ကြောင်း မိမိတို့ မြို့ပေါ် (၆) ရပ်ကွက် လျှပ်စစ်မီးရရှိမည် ဆိုပါက ဆက်စပ် ကျေးရွာ (၅) ရွာလည်း ဆီဆိုင်မြို့နှင့်အတူ မီးရ ရှိလိုသောကြောင့် မိမိတို့ မီးလင်းရေး အဖွဲ့ နှင့် အတူပူးပေါင်း ဆောင်ရွက်ခဲ့
 ခြင်းဖြစ်ကြောင်း ၊ မြို့ရွာအမည်ပြောင်းလုပ်ငန်းများမှာ မိမိတို့ လုပ်ဆောင်မရနိုင်ကြောင်း ၊ သက်ဆိုင် ရာ
အဖွဲ့စည်း အဆင့်ဆင့်သို့ တင်ပြပြီး ပြည်ထောင်စု လွတ်တော် မှ အတည်ပြုမှသာ ရရှိနိုင်ကြောင်း ဆီဆိုင်မြို့မ
 မီးလင်းရေးကော်မတီဥက္ကဌ ဦးရွှင်မြတ်သူ ပြန်လည်ရှင်းလင်းပြောကြားသည်။

ယင်းဆောင်းပါးတွင်ပါရှိသလို အမှုတွဲ မမှန်မကန် တည်ဆောက်ပြီး လုပ်ဆောင်မရနိုင်ကြောင်း ၊ လျှပ်စစ်မီး
 ရရှိရေး အတွက် မြို့နယ်ခရိုင် ပြည်နယ်လျှပ်စစ်ဝန်ကြီး ဌာန နှင့် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနပူးပေါင်း လုပ်ဆောင်ပြီး ၊ လိုက်နာရမည့် စည်းကမ်းအချက်အလက် (၂၄) ချက်ကို ကိုယ်ထူကိုယ်ထ ဆီဆိုင်မြို့ မီး
လင်းရေးကော်မတီက လက်မှတ်ရေးထိုးပြီး လုပ်ငန်း လုပ်ဆောင်နေကြောင်း သူက ဆက်လက် ပြောကြား
သည်။


ကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်သူ နောင်မွန်ကျေးရွာအုပ်ချုပ်ရေးမှုး ဦးမောင်ကို ကပြောကြားရာတွင် - ဘာမှ မလုပ်ဘဲ မမှန်မကန် ဝေဖန်ပြောကြားခြင်းခံရသည့်အတွက် စိတ်မကောင်း ကြောင်း ၊မိမိတို့မီးလင်းရေးကော်
မတီ မမှန်မကန် လုပ်ရင် ထိထိရောက်ရောက် အရေးယူပါ၊ မမှန်မကန်ပြောဆိုနေခြင်း ထက် လက်တွဲပြီး လာရောက်ဆောင်ဖို့ ဖိတ်ခေါ်သည်ဟု ဆိုသည်။

မြကန်သာရပ်ကွက် ရှိ မီးလင်းရေး ကော်မတီဝင် ဦးသန်းဖေက - ဆောင်းပါးကြောင့် မီးလင်းရေး လုပ်ငန်း
များ လုပ်ကိုင်ရာတွင် အခက်အခဲများဖြစ်ပေါ်လာကြောင်း ၊ယင်းအတွက် မီဒီယာမှ တဆင့် ဖြစ်ရပ်မှန်ကို
 သိရှိစေလိုကြောင်း ပြောကြားသည်။

ဆီဆိုင်မြို့မိ မြို့ဖတစ်ဦးဖြစ်သူဦးခွန်မောင်ဖြူက - မြို့ပျောက်မှာစိုးကြောက်ပါသည်ဆောင်းပါးကြောင့်ကိုယ်ထူ
 ကိုယ်ထ မီးလင်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်နှောင့်နေးလာနေကြောင်း ၊ ငွေကောက်ခံဖို့ပါခက်ခဲ
လာကြောင်း ၊ မိမိတို့ မီးလင်းရေးကော်မတီ အဖွဲ့ဝင်များသည် အိတ်ကပ်ထည့်မည့်ကော်မတီမဟုတ်ကြောင်း ၊စေတနာဖြင့် ဆီဆိုင်မြို့ကို လျှပ်စစ်မီး ရရှိစေလို၊လင်းစေလိုသည့် ဆန္ဒတစ်ခု ဖြင့်သာဆောင်ရွက်ပေးနေခြင်း
ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကော်မတီဥက္ကဌ ဦးရွှင်မြတ်သူ က - မီးရရှိရန် ကုမဏ္ဍီနှင့် စာချုပ်ချုပ်ရတွင် ၈၅၁၁ သိန်းကျော် ကုန်ကျ
မည်ဖြစ်ကြောင်း ၊ ယခုရရှိငွေ သိန်း ၆၁၀ ကျော်ရရှိ ကောက်ခံထားပြီး ၊ကောက်ခံရရှိထားသည့်  ငွေများကို
လည်း ဆီဆိုင်မြို့ မြန်မာ့စီးပွာရေး ဘဏ်တွင်အပ်နှံထားရှိကြောင်း ၊မိမိတို့ထံတွင် မထားကြောင်း၊လုပ်ငန်း
 ဆောင်ရွက်မှုအနေဖြင့် ၁၀ ရာခိုင်နှုန်းကျော်ခန့်သာပြီးစီးသေးကြောင်း စသည်ဖြင့် ပြောကြားသည်။

Read more...

ရေတပ်စစ်ရေးလေ့ကျင့်မှုတွင် တာတိုနှင့် တာလတ်ပစ် ဒုံးကျည်များ အီရန်စမ်းသပ်

0 comments
ဇန်န၀ါရီလ  ၂
 
 Photo: ရေတပ်စစ်ရေးလေ့ကျင့်မှုတွင် တာတိုနှင့် တာလတ်ပစ် ဒုံးကျည်များ အီရန်စမ်းသပ်
Wednesday, January 02, 2013

အီရန်ရေတပ်သည် (၆)ရက်ကြာ ပြုလုပ်နေသည့် စစ်ရေးလေ့ကျင့်မှု အခမ်းအနားတွင် တာတိုနှင့် တာလတ်ပစ် ဒုံးကျည်များကို အောင်မြင်စွာ စမ်းသပ် ပစ်ခတ်နိုင်ခဲ့ကြောင်း သိရသည်။

တနင်္လာနေ့က (၄)ရက်မြောက် စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်နေစဉ် ဒုံးကျည် စမ်းသပ်မှုများအပြင် ရေအောက် တော်ပီဒို ပစ်လွှတ်မှုများကိုပါ လုပ်ဆောင်
ခဲ့သည်။ နိုင်ငံတောင်ပိုင်းရှိ ပင်လယ်ရေပြင်တွင် ပြုလုပ်သော Velayat 91 စစ်ရေး လေ့ကျင့်မှုသည် အပြည့်အဝ အောင်မြင်နေကြောင်း အီရန်စစ်ဘက်
က ဆိုသည်။ ထိုစစ်ရေး လေ့ကျင့်မှုတွင် ရေပြင်မှ ဝေဟင်သို့ ပစ်ခတ်နိုင်
သည့် Ra'd ဒုံးကျည်များကိုလည်း စမ်းသပ်သွားခဲ့သည်။ Ra'dများကို အီရန် ဒုံးကျည် သုတေသီများက စမ်းသပ်တီထွင်ပြီး အီရန်စစ်သင်္ဘောများတွင် တပ်ဆင်ခဲ့သည်။

မိုးကြိုးဟု အဓိပ္ပါယ်ရသည့် အမည်သတ်မှတ်ထားသောယင်းဒုံးကျည်များ
သည် တာလတ်အကွာအဝေးရှိ ဝေဟင်ပစ်မှတ်များကို ဖျက်ဆီးပစ်နိုင်သည်။ ထို့အပြင် တာတိုပစ် Nasrဒုံးကျည်များကိုလည်း အောင်အောင်မြင်မြင် စမ်းသပ်နိုင်ခဲ့ကြောင်း ယင်းစစ်ရေးလေ့ကျင့်မှု အစီအစဉ်၏ ပြောရေးဆိုခွင့်ရ အရာရှိ နောက်တန်း စစ်သေနာပတိ အေမာရာစတီဂါရီက ပြောကြားခဲ့သည်။
 အောင်ပွဲဟု အဓိပ္ပါယ်ရသည့် အဆိုပါ ဒုံးကျည်များသည် တန်ချိန် (၃၀၀၀)ရှိ
 ရေယာဉ်များကိုပင် ဖျက်ဆီးနိုင်သလို ကုန်းတွင်း ပစ်မှတ်များကိုလည်း
 ချေမှုန်းနိုင်ကြောင်း ရာစတီဂါရီက ပြောဆိုသွားသည်။ 

Planet Myanmar Network


အီရန်ရေတပ်သည် (၆)ရက်ကြာ ပြုလုပ်နေသည့် စစ်ရေးလေ့ကျင့်မှု အခမ်းအနားတွင်တာတိုနှင့်တာလတ်
ပစ် ဒုံးကျည်များကို အောင်မြင်စွာ စမ်းသပ် ပစ်ခတ်နိုင်ခဲ့ကြောင်း သိရသည်။

တနင်္လာနေ့က (၄)ရက်မြောက် စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်နေစဉ်ဒုံးကျည်စမ်းသပ်မှုများအပြင် ရေအောက်
 တော်ပီဒို ပစ်လွှတ်မှုများကိုပါ လုပ်ဆောင်ခဲ့သည်။ နိုင်ငံတောင်ပိုင်းရှိ ပင်လယ်ရေပြင်တွင် ပြုလုပ်သော
 Velayat 91 စစ်ရေး လေ့ကျင့်မှုသည် အပြည့်အဝ အောင်မြင်နေကြောင်း အီရန်စစ်ဘက်က ဆိုသည်။ 
ထိုစစ်ရေး လေ့ကျင့်မှုတွင် ရေပြင်မှ ဝေဟင်သို့ ပစ်ခတ်နိုင်သည့် Ra'd ဒုံးကျည်များကိုလည်း စမ်းသပ်သွား
ခဲ့သည်။ Ra'dများကို အီရန် ဒုံးကျည် သုတေသီများက စမ်းသပ်တီထွင်ပြီး အီရန်စစ်သင်္ဘောများတွင်တပ်ဆင်
ခဲ့သည်။

မိုးကြိုးဟု အဓိပ္ပါယ်ရသည့် အမည်သတ်မှတ်ထားသောယင်းဒုံးကျည်များသည်တာလတ်အကွာအဝေးရှိ
 ဝေဟင်ပစ်မှတ်များကို ဖျက်ဆီးပစ်နိုင်သည်။ ထို့အပြင် တာတိုပစ် Nasrဒုံးကျည်များကိုလည်း အောင်အောင်
မြင်မြင် စမ်းသပ်နိုင်ခဲ့ကြောင်း ယင်းစစ်ရေးလေ့ကျင့်မှု အစီအစဉ်၏ ပြောရေးဆိုခွင့်ရ အရာရှိ နောက်တန်း စစ်သေနာပတိ အေမာရာစတီဂါရီက ပြောကြားခဲ့သည်။
အောင်ပွဲဟု အဓိပ္ပါယ်ရသည့် အဆိုပါ ဒုံးကျည်များသည်တန်ချိန်(၃၀၀၀)ရှိရေယာဉ်များကိုပင်ဖျက်ဆီးနိုင်
သလိုကုန်းတွင်း ပစ်မှတ်များကိုလည်းချေမှုန်းနိုင်ကြောင်း ရာစတီဂါရီက ပြောဆိုသွားသည်။

Planet Myanmar Network
Read more...

ကျားဖြူပါတီ၏ ဒုတိယအကြိမ်မြောက် ပါတီညီလာခံအား တာချီလိတ်မြို့တွင်ကျင်းပ

0 comments
ဇန်န၀ါရီလ ၂


ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)၏ ဒုတိယအကြိမ် ပါတီညီလာခံကို တာချီလိတ်မြို့ ပါလျှံအတွင်း တရုတ်ဘုံကျောင်း မင်္ဂလာခန်းမတွင် ဇန်န၀ါရီလ(၂)ရက်နေ့မှ (၄)ရက်နေ့ထိ ပြုလုပ်မှာဖြစ်
ကြောင်း သိရပါတယ်။

ညီလာခံသို့ အဆိုပါ ပါတီမှ အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ နှင့် မြန်မာတစ်ပြည်
လုံးရှိ ကျားဖြူပါတီမြို့နယ်ရုံးများမှ ညီလာခံတက်ခွင့်ရ ပါတီဝင်များ အပါဝင် (၆၀၀)ကျော် တက်ရောက်လာ
ခဲ့တာကိုတွေ့ရပါတယ်။ ညီလာခံ၏ အဖွင့်တွင် ပါတီ၏ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းမှအမှာစကားပြောခဲ့ပါတယ်။
 ၎င်း၏ ပြောကြားချက်များအနက် လွှတ်တော်ကိုယ်စားလှယ် ပါတီဝင်လူငယ်များအနေဖြင့် နိုင်ငံခြားသို့ သွားရောက်ပညာသင်ကြားသည့်အခါမှာ အဆင့်သင့်ဖြစ်နေစေရန်အတွက် နိုင်ငံကူးစာအုပ်များကိုကြိုတင်
ပြုလုပ်ထားပါက အကောင်းဆုံးဖြစ်မည့်အကြောင်းနှင့် ကျားဖြူပါတီအနေဖြင့် စီးပွားရေးလုပ်ငန်းများကို လုပ်
ကိုင်နေသည်မှာ ပါတီအတွက်အင်အားဖြစ်စေရန်ရည်ရွယ်၍လုပ်ကိုင်တာဖြစ်ကြောင်းစသည်ဖြင့်ရှင်းလင်း
ပြောကြားသွားခဲ့ပါတယ်။


ဆက်လက်၍ တက်ရောက်လာသော ညီလာခံကိုယ်စားလှယ်တော်များမှ သက်ဆိုင်ရာအလိုက် တင်ပြဆွေးနွေးမှုများကို ဇန်န၀ါရီလ(၄)ရက်နေ့ထိပြုလုပ်မှာဖြစ်ပြီး တာချီလိတ်မြို့တွင် ပြုလုပ်သော ဒုတိယအကြိမ် ပါတီညီလာခံကို ကျားဖြူပါတီ၏ ဗဟိုအလုပ်အမှုဆောင် ရှမ်းအရှေ့ပိုင်း တာဝန်ခံ ဒေါ်နန်းငွေမြ နှင့် တာချီလိတ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသိန်းအောင် တို့မှ ဦးဆောင်ပြီး ဒေသခံများ၏ ဆန္ဒနှင့်အညီ ပြုလုပ်တာဖြစ်ကြောင်း သိရှိရပါတယ်။

သတင်းဓါတ်ပုံများကိုကြည့်ရန်


Read more...

ကျောက်ဖြစ်သွားတဲ့ ဆရာတော် ရုပ်ကလာပ်

0 comments

ဇန်န၀ါရီလ  ၂



     ထန်းတပင်မြို့နယ်၊ ကြိမ်တော်မြောင် ကျေးရွာမှာ ရှိတဲ့ ကြိမ်တောမြောင် ဘုန်းကြီးကျောင်းက ကျောင်းထိုင် ဘုန်းကြီး ဦးအာဒိစ္စ၀ံသ ၊(သက်တော် ၉၅နှစ်၊ ၀ါတော် ၇၅ ၀ါ )ဟာ ပျံလွန်ပြီး  ၇ ရက်အကြာမှာ ကျောက်ဖြစ်သွားတယ်ဆိုတဲ့ သတင်းကြောင့် လာရောက်ဖူးမြော်သူများ တနေ့နဲ့ တနေ့ များပြားလာပါတယ်။

     ဆရာတော် ရုပ်ကလပ်ကို လာရောက်ဖူးမြော်ကြသူတွေဟာ အနီးအနား ၀န်းကျင် ရွာတွေ အပြင် ရန်ကုန်၊ နေပြည်တော်၊မန္တလေး၊ ဖြူး၊မော်လမြိုင် ၊တောင်ကြီး စတဲ့မြို့တွေကပါ လာရောက်ကြည့်ရှုသူတွေ များပြားပါတယ်လို့ ကြိမ်တောမြောင် ကျောင်းရဲ့လက်ထောက် ကျောင်းထိုင်ဘုန်းကြီး ဖြစ်သူ ဦးပဏ္ဍ၀ံသက မိန့်ပါတယ်။

    “ဆရာတော်ကြီး ပျံလွန်တော်မူပြီးတော့ ၇ရက်  ကျော်တဲ့ အခါမျက်နှာတော် က အဖြူရောင် အကွက်တွေ စပေါ်လာတယ်။ နောက်တော့ ဖွေးလာပြီး တကိုယ်လုံးကို အဖြူရောင်သန်းလာတယ်။ တဖြည်းဖြည်းနဲ့ ကျောက်သားတွေလို ဖြစ်သွားတယ်” လို့ မိန့်ပါတယ်။”

    ဆရာတော်ကြီး ရဲ့ ရုပ်ကလာပ်က ကျောက်ဖြစ်သွားတယ်လို့ တဖြည်းဖြည်း နဲ့ ကျော်ကြားလာပြီး လာရောက်ဖူးမြောက်သူတွေ လည်း ပိုမိုများပြားလာခဲ့ပါတယ်။ သက်ဆိုင်ရာ က ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်ကို လာရောက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာ သိပံနည်းကျ ပြုလုပ်ထားတာ မဟုတ်ဘဲ သဘာဝ အတိုင်း ဆန်းကြယ်စွာ ဖြစ်နေတာတွေ့ ရတယ်လို့ မှတ်ချက် ပြုခဲ့ကြောင်းကို လက်ထောက် ကျောင်းထိုင် ဆရာတော်ကြီးက မိန့်တော်မူပါတယ်။

    ဆရာတော်ကြီး ဦအာဒိစ္စ၀ံသ ကို ထန်းတပင်မြို့နယ် ကြိမ်တော်မြောင်ရွာမှာ မွေးဖွားခဲ့ပြီး ငယ်ဖြူ ဆရာတော်ဖြစ်ပါတယ်။ ဆရာတော် ၁၉ နှစ်သားမှာ ရဟန်းဘောင် ကို ၀င်ခဲ့ပြီး ရန်ကုန်မြို့ ဗားကရာ ကျောင်းတိုက် နဲ့ ကြိမ်တော်မြောင် ကျောင်း တွေမှာ တရားဟောခြင်း၊ တရားပြခြင်း၊ ၀ိပသနာ ရှုမှတ်ခြင်း၊ တရားစခန်းများ ဖွင့်လှစ်ခြင်းများ ပြုလုပ်ခဲ့ပါတယ်။

    သီတင်းကျွတ်လပြည့်ကျော် ၁ ရက်မှာ ဆရာတော်ကြီးဟာ ပျံလွန်တော်မူခဲ့ပြီး ထူးခြားတဲ့ လက္ခဏာတွေ တွေ့ရှိတာကြောင့် ရုပ်ကလာပ်ကို ယခု အချိန်ထိ ရက်ပေါင်း ၅၀ ကျော်  ပူဇော်ခံနေတာဖြစ်ပါတယ်။

    ကြိမ်တော်မြောင် ကျေးရွာက ပဲခူးတိုင်း ထန်းတပင် မြို့ နယ်မှာ တည်ရှိပြီး၊ ကျွဲပွဲ မြို့ရဲ့ တဘက်ကမ်းမှာလည်း တည်ရှိပါတယ်။ လာရောက်ဖူးမြော်လိုသူများ အနေနဲ့ စစ်တောင်းမြစ်ကို တံတားဖြင့် ဖြတ်ကူးပြီး လယ်ကန်သင်း ဘောင် ပေါ်မှ ဆိုင်ကယ်နှင့် ဖြစ်စေ၊ နွားလှည်းဖြင့် ဖြစ်စေ သွားရောက်နိုင်ပါတယ်။

    ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်ကို သွားရောက်ဖူးမြော်ခဲ့တဲ့ ဖြူးမြို့က ဦးညီညီဝင်း က “ ကျွန်တော်တို့လည်း သတင်းကြားတဲ့အတွက် ဖူးမြော်ချင်လို့  အဝေး ကြီးကနေ လာရတာ။ လမ်းခရီးက ခက်ခဲပါတယ်။ မြစ်ကူးတံတားက လည်း ဆိုင်ကယ် နှစ်စီး ရှောင်စရာ ရှိတယ်။ လူတွေရော ဆိုင်ကယ်တွေရော ဆိုတော့ တံတားက လှုပ်နေတယ်။ ဆိုင်ကယ်ကိုတော့ လယ်ကန်သင်းပေါ်က ဖြတ်မောင်းရတော့ လမ်းက တလမ်းသွား ကျဉ်းကျဉ်းလေးပဲ၊ လျှော်ကျရင်တော့ လယ်ကွက်တွေထဲ မှောက်မှာ၊ တချို့ မောင်းတာ မကျွမ်းကျင်တော့ မှောက်ကြတယ်။ လူတွေကများ ၊ ဆိုင်ကယ်တွေ၊ နွားလှည်းတွေများ တော့ ဖုန်တွေတထောင်းထောင်းနဲ့ သွားလာရတာတော့ ခက်တယ်” လို့ ပြောပါတယ်။

    ဆရာတော်ကြီးရုပ်ကလာပ်ကိုတော့ ယခုအခါမှာ မှန်ဘောင်သွင်းပြီး ကျောင်း ရှေ့မှာပဲ ဖူးမြော်ခံပြီးတော့ လူတွေများလာတဲ့အတွက် အုတ်ဂူ ဆောက် လုပ်နေပြီး ယင်းအုတ်ဂူ ဖြင့် ထားပြီး ဖူးမြော်ခံမယ်လို့ ကြိမ်တော်မြောင်ကျောင်းမှာ ကျောင်းထိုင်တဲ့ ဆရာတော် တပါးဖြစ်သူ ဦးနန္နိယက မိန့်ပါတယ်။

    “ဆရာတော်ရဲ့ ရုပ်ကလာပ်ကို ဆရာတော်ရဲ့ အသက်က ၉၅နှစ်ရှိပြီဖြစ်လို့ ၉၅ ရက်တော့ ထားမယ်လို့ ခန့်မှန်းထားပါတယ်။ ဆရာတော်ရဲ့ ကိုယ်တကိုယ်လုံးတော့ ကျောက်မဖြစ်သေးပါဘူး။ တချို့ နေရာတွေ ကျန်ပါသေးတယ်။ ဆရာတော်က မပျံလွန် မီအချိန်မှာ ၀ိပသနာကိုအချိန်မရွေး နေရာမရွေး ကြိုးစားအားထုတ်ခဲ့ပါတယ်။ သက်သတ်လွတ်လည်း ရာသက်ပန် စားပါတယ်။ သူ့ ကျင့်စဉ်တွေကြောင့် ဆရာတော်ရဲ့ ခန္ဓာကိုယ်က အခုချိန်ထိ ဘာဆေး မှ ထိုးစရာ စိမ်စရာ မလိုဘဲ မပုပ်မသိုး၊ အနံ့မ ထွက်ဘဲ နေပါတယ်။

တချို့ ကင်မရာတွေနဲ့ ရိုက်ရင် ဆရာတော်ရဲ့ ဦးခေါင်းတော်မှာ ရွှေတိဂုံ စေတီတော်၊ ကျိုက်ထီးရိုး စေတီတော်ပုံ တွေပေါ်တယ်လို့ ပြောကြပါတယ်” လို့ မိန့် တော်မူပါတယ်။

    ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်ကို မှန်ခေါင်းတွင် ထည့်သွင်းပူဇော်ထားပြီး လာ ရောက်ဖူးမြော်သူများကို ကိုင်ကြည့်ခြင်းများ ပြုလုပ်ခွင့် မပေးပါဘူး။

    ဗဟိုသံဃနာယက ဆရာတော်များကတော့ လာရောက်ကြည့်ရှုခြင်း မရှိသေး ကြောင်း တိုင်း သံဃနာယက ဆရာတော်များက လာရောက် ကြည့်ရှုကြောင်း အဆိုပါ ဆရာတော်က မိန့်တော်မူပါတယ်။ လာရောက်ဖူးမြော်သူများကို သက်သက်လွတ်ထ မင်း ကျွေးပြီး ကျောင်းမှာ တည်းခိုစရာ နေရာများလည်း စီစဉ်ပေးတယ်လို့ သိရပါ တယ်။


                                        









 
 
 
ဧရာဝတီ
 


Read more...

"တစ်သိန်းခွဲအောက်ဖုန်း ကန့်သတ်ရောင်းမည် မဟုတ်"

0 comments
ဇန်န၀ါရီလ  ၂
"တစ်သိန်းခွဲအောက်ဖုန်း ကန့်သတ်ရောင်းမည် မဟုတ်"  မိုဘိုင်းဖုန်းများအား ကျပ်တစ်သိန်းခွဲအောက်ဖြင့် အရေအတွက် အကန့် အသတ်မရှိ ရောင်းချပေးမည်ဟု မြန်မာ့ဆက်သွယ်ရေးမှ သိရသည်။ ''တစ်ယောက်ကို တစ်လုံး မ ဟုတ်ဘူး ဆယ်လုံးလောက်ယူချင်တယ် ဆိုလည်း ရောင်းပေးသွားမှာ ပါ။ အလုံးရေကန့်သတ်မထားဘူး။ ဒါပေမဲ့ ဖုန်းတစ်ခါရောင်းရင် ကတ် ထုတ်ပေးတာနဲ့ စာချုပ်လက်မှတ် ထိုးတဲ့ အချိန်တွေ ရှိတဲ့အတွက် အလုံးရေ ဘယ်လောက်ရောင်းနိုင်မယ်ဆို တာ မပြောနိုင်ပါဘူး'' ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်း အင်ဂျင် နီယာချုပ် ဦးဌေးဝင်း က ပြောသည်။  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် ၂ဝ၁၂ ခုနှစ်တွင် ကျပ် နှစ်သိန်းတန် ဖုန်းများကို အရောင်း ဌာနတစ်ခုတွင် တစ်နေ့လျှင် အလုံးရေ ၁ဝဝ ခန့် သာ ကန့်သတ်ရောင်း ချခဲ့သည်။ ဖုန်းများ ရောင်းပေးရာတွင် မြန်မာ့ ဆက် သွယ်ရေး ရုံးများအပြင် ဆက်သွယ်ရေးနှင့် ပူးပေါင်းလုပ် ကိုင်ဆောင် ရွက်သည့် ပုဂ္ဂလိက ကုမ္ပဏီများကိုပါ ရောင်းချခွင့်ပေးသွားမည်ဖြစ်ပြီး အရောင်းဌာန အများအပြား ဖွင့်လှစ်ရောင်းချပေးမည် ဖြစ်၍ ယခင်လို ဖုန်း ဝယ်၍မရသည့် အခြေအနေများ မရှိနိုင်ကြောင်း အဆိုပါ ပုဂ္ဂိုလ် က ပြော သည်။  ''သုံးစွဲသူတွေ လွယ်လွယ်ကူ ကူဝယ်နိုင်မှာပါ''ဟု ၄င်းက ပြောသည်။ လက်ရှိတွင် မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းအနေဖြင့် ကျပ်တစ်သိန်း ခွဲအောက် တန်ဖိုးရှိသည့် မိုဘိုင်းဖုန်းများအား လာမည့်ဇန်နဝါရီလ အမီရောင်းချနိုင်ရေး အတွက် ဆောင်ရွက်နေပြီး ၄င်းနှင့်အတူ ZTE, Huawei, ASP နှင့် ရတနာ ပုံတယ်လီပို့တို့မှ ပူးပေါင်းဆောင် ရွက်လျက် ရှိကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေးမှ မိုဘိုင်းဖုန်း ရောင်း ချပေးခြင်းနှင့် ပတ်သက်၍ မင်္ဂလာတောင်ညွန့်မြို့ နယ်King Star  ဖုန်း ဆိုင်ပိုင်ရှင် တစ်ဦးက ''လွယ်လွယ်ကူကူ တစ်ဆင့်ပြန်ဝယ်ပြီး ရောင်း ချခွင့်ရရင် တော့ ဈေးပိုတင်ပြီး ရောင်းချဖို့ မရှိပါဘူး။ နှစ်သိန်းဖုန်းတွေလို လွယ်လွယ်နဲ့ ဝယ်မရရင်တော့ ဈေးတင်ရောင်းမှာပါ''ဟု၎င်းက သူ့အမြင် ကိုပြောသည်။ အောင်ဇော်
မိုဘိုင်းဖုန်းများအား ကျပ်တစ်သိန်းခွဲအောက်ဖြင့် အရေအတွက် အကန့် အသတ် မရှိ ရောင်း ချပေး မည်ဟု မြန်မာ့ ဆက်သွယ်ရေးမှ သိရသည်။
''တစ်ယောက်ကို တစ်လုံး မ ဟုတ်ဘူး ဆယ်လုံးလောက်ယူချင်တယ် ဆိုလည်း ရောင်းပေးသွားမှာ ပါ။ အလုံးရေကန့်သတ်မထားဘူး။ ဒါပေမဲ့ ဖုန်းတစ်ခါရောင်းရင် ကတ် ထုတ်ပေးတာနဲ့ စာချုပ်လက်မှတ် ထိုးတဲ့ အချိန်တွေ ရှိတဲ့အတွက် အလုံးရေ ဘယ်လောက်ရောင်းနိုင်မယ်ဆို တာ မပြောနိုင်ပါဘူး'' ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်း အင်ဂျင် နီယာချုပ် ဦးဌေးဝင်း က ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် ၂ဝ၁၂ ခုနှစ်တွင် ကျပ် နှစ်သိန်းတန် ဖုန်းများကို အရောင်း ဌာန တစ်ခုတွင် တစ်နေ့လျှင် အလုံးရေ ၁ဝဝ ခန့် သာ ကန့်သတ်ရောင်း ချခဲ့သည်။ ဖုန်းများ ရောင်းပေး ရာတွင် မြန်မာ့ဆက်သွယ်ရေးရုံးများအပြင် ဆက်သွယ်ရေးနှင့် ပူးပေါင်းလုပ်ကိုင်ဆောင် ရွက်သည့် ပုဂ္ဂလိက ကုမ္ပဏီများကိုပါ ရောင်းချခွင့်ပေးသွားမည်ဖြစ်ပြီး အရောင်းဌာန အများအပြား ဖွင့်လှစ်ရောင်း ချပေးမည် ဖြစ်၍ ယခင်လို ဖုန်း ဝယ်၍မရသည့် အခြေအနေများ မရှိနိုင်ကြောင်း အဆိုပါ ပုဂ္ဂိုလ် က ပြော သည်။

''သုံးစွဲသူတွေ လွယ်လွယ်ကူ ကူဝယ်နိုင်မှာပါ''ဟု ၄င်းက ပြောသည်။ လက်ရှိတွင် မြန်မာ့ ဆက်သွယ် ရေး လုပ်ငန်းအနေဖြင့် ကျပ်တစ်သိန်း ခွဲအောက် တန်ဖိုးရှိသည့် မိုဘိုင်း ဖုန်းများအား လာမည့်ဇန်နဝါရီလ အမီရောင်းချနိုင်ရေးအတွက်ဆောင်ရွက်နေပြီး ၄င်းနှင့်အတူ ZTE, Huawei, ASP နှင့် ရတနာ ပုံတယ်လီ ပို့တို့မှ ပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေးမှ မိုဘိုင်း ဖုန်း ရောင်း ချပေးခြင်းနှင့်ပတ်သက်၍ မင်္ဂလာတောင်ညွန့်မြို့ နယ်King Star ဖုန်း ဆိုင်ပိုင်ရှင် တစ်ဦးက ''လွယ်လွယ်ကူကူ တစ်ဆင့်ပြန်ဝယ်ပြီး ရောင်းချခွင့်ရရင် တော့ ဈေးပိုတင်ပြီး ရောင်းချဖို့ မရှိပါ ဘူး။ နှစ်သိန်းဖုန်းတွေလို လွယ်လွယ်နဲ့ ဝယ်မရရင်တော့ ဈေးတင်ရောင်းမှာပါ''ဟု၎င်းက သူ့အမြင် ကိုပြော သည်။
AF Ijournal



Read more...

ပုသိမ်-ချောင်းသာခရီးသည်တင်ကား တိမ်းမှောက် လူတစ်ဦး သေဆုံး

0 comments
ဇန်န၀ါရီလ  ၂

Photo: ပုသိမ်-ချောင်းသာခရီးသည်တင်ကား တိမ်းမှောက် လူတစ်ဦး သေဆုံး
Wednesday, January 02, 2013 

ပုသိမ်မှ ချောင်းသာသို့ ထွက်ခွာခဲ့သော သီဟ ခရီးသည်တင်ယာဉ်မှာ ၀ါးပိုးအနီးရှိ တံတားတွင် ဒီဇင်ဘာ (၃၀)ရက်  နေ့လည် ၁နာရီ၄၅မိနစ်အချိန်က တိမ်းမှောက်ခဲ့ရာတစ်ဦး သေဆုံးပြီး လူ(၁၄)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ ကားမှောက်တာကြောင့် ယောက်ျားလေးတစ်ယောက် သေဆုံးခဲ့
တယ် ယောက်ျားလေး ၇ဦး နဲ့ မိန်းကလေး ၇ဦး ကိုတော့ ဆေးရုံတင်
ထားတယ်။ ပေါင်ကျိုးတဲ့သူတစ်ဦးကလွဲရင် တခြားပြင်းပြင်း ထန်ထန် ဒဏ်ရာရတဲ့လူမရှိပါဘူး”  ပုသိမ်ဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက
 ပြောသည်။ 

အဆိုပါ ကားတိမ်းမှောက်ခြင်းကြောင့် ပုသိမ်မြို့ ရာမည ရပ်ကွက်နေ အသက်(၁၆)နှစ်အရွယ်ရှိ ကျော်ဇင်ဝင်းသည် ကုန်စည်ဝန်များ ပိ၍  သေဆုံးခဲ့သည်။ သေဆုံးသူနှင့် ဒဏ်ရာရရှိသူများအတွက် တာဝန်ယူမှုအပိုင်းကိုမူ မသိရှိရသေးပေ။

“ကားစထွက်ကတည်းက ကုန်တွေအများကြီးတင်ထားပြီး ဆန်အိတ်တွေ
တင် အိတ်(၂၀)ကျော် ပါတယ်။ ၀ါးပိုးတံတား နားရောက်တော့ ဘီးပေါက်ပြီး တံတားလက်ရမ်းကနေ ထိုးကျခဲ့တာ” ဒဏ်ရာ ရရှိခဲ့သည့် ခရီးသည်
 ဒေါ်အေးအေးစိုးက ပြောသည်။

ပုသိမ်-ချောင်းသာကားများသည် ကုန်တန်ချိန် အဆမတန်တင်ခြင်း ၊ ခရီးသည်တင်ရာတွင် လူဦးရေ အကန့်အသတ်မရှိခြင်း ၊ ခေါင်မိုးများပေါ်တွင် တွယ်စီးလိုက်ပါခြင်းကြောင့် ကုန်းတက်ကုန်းဆင်း များသောကြောင့်
 ချောင်းသာကားလမ်းပေါ်တွင် မကြာခဏ တိမ်းမှောက်မှုများ ဖြစ်ပေါ်လျက်
ရှိ ကြောင်းကိုလည်း ဒေသခံများထံက သိရှိရသည်။ 

“ပုသိမ်-ချောင်းသာ ကားလမ်းတွေက လိုင်း(၃)လိုင်းပဲရှိတာ။ အကုန်လုံးက ကားဟောင်းတွေချည်းပဲ။ ပြီးတော့ ကားနဲ့မမျှအောင် လူတွေ ကုန်တွေ
တင်တော့ စီးတဲ့လူတွေက ရင်တထိတ်ထိတ်နဲ့ ကြပ်ကြပ် သိပ်သိပ်နဲ့ ခရီးသွားနေရတာ” ဟု ပုသိမ်မြို့ခံတစ်ဦးက ပြောသည်။ 

ယခုရက်ပိုင်းသည် ပုသိမ်-ချောင်းသာ၌ ပွဲတော်ရက်များ နှစ်သစ်ကူး
ရက်များ ဖြစ်သောကြောင့် အနယ် နယ် အရပ်ရပ်မှ ခရီးသည်များသည် အပန်းဖြေရန် လာရောက်လည်ပတ်မှုများပြားနေချိန်တွင် ယခုကဲ့ သို့ ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

ပုသိမ်နှင့် ငွေဆောင်၊ ပုသိမ်နှင့်ချောင်းသာ ခရီးများမှာ ခရီးသယ်တင်ကား
များဖြင့်ဆိုပါက ပုံမှန် နေ့ဝက်ခရီးသာ ရှိသည်။

Myit Makha Mediagroup

ပုသိမ်မှ ချောင်းသာသို့ ထွက်ခွာခဲ့သော သီဟ ခရီးသည်တင်ယာဉ်မှာ ၀ါးပိုးအနီးရှိ တံတားတွင် ဒီဇင်ဘာ (၃၀)ရက် နေ့လည် ၁နာရီ၄၅မိနစ်အချိန်က တိမ်းမှောက်ခဲ့ရာတစ်ဦး သေဆုံးပြီး လူ(၁၄)ဦး ဒဏ်ရာရ
ရှိခဲ့ကြောင်း သိရှိရသည်။

“ ကားမှောက်တာကြောင့် ယောက်ျားလေးတစ်ယောက် သေဆုံးခဲ့တယ် ယောက်ျားလေး ၇ဦး နဲ့ မိန်းကလေး
 ၇ဦး ကိုတော့ ဆေးရုံတင်ထားတယ်။ ပေါင်ကျိုးတဲ့သူတစ်ဦးကလွဲရင် တခြားပြင်းပြင်း ထန်ထန် ဒဏ်ရာရ
တဲ့လူမရှိပါဘူး” ပုသိမ်ဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ ကားတိမ်းမှောက်ခြင်းကြောင့် ပုသိမ်မြို့ ရာမည ရပ်ကွက်နေ အသက်(၁၆)နှစ်အရွယ်ရှိ ကျော်ဇင်ဝင်း
သည် ကုန်စည်ဝန်များ ပိ၍ သေဆုံးခဲ့သည်။ သေဆုံးသူနှင့် ဒဏ်ရာရရှိသူများအတွက်တာဝန်ယူမှုအပိုင်းကိုမူ
 မသိရှိရသေးပေ။

“ကားစထွက်ကတည်းက ကုန်တွေအများကြီးတင်ထားပြီး ဆန်အိတ်တွေတင် အိတ်(၂၀)ကျော် ပါတယ်။
 ၀ါးပိုးတံတား နားရောက်တော့ ဘီးပေါက်ပြီး တံတားလက်ရမ်းကနေ ထိုးကျခဲ့တာ” ဒဏ်ရာ ရရှိခဲ့သည့် ခရီး
သည်ဒေါ်အေးအေးစိုးက ပြောသည်။

ပုသိမ်-ချောင်းသာကားများသည် ကုန်တန်ချိန် အဆမတန်တင်ခြင်း ၊ ခရီးသည်တင်ရာတွင် လူဦးရေ အကန့်
အသတ်မရှိခြင်း ၊ ခေါင်မိုးများပေါ်တွင် တွယ်စီးလိုက်ပါခြင်းကြောင့် ကုန်းတက်ကုန်းဆင်း များသောကြောင့်
ချောင်းသာကားလမ်းပေါ်တွင် မကြာခဏ တိမ်းမှောက်မှုများ ဖြစ်ပေါ်လျက်ရှိ ကြောင်းကိုလည်း ဒေသခံများ
ထံက သိရှိရသည်။

“ပုသိမ်-ချောင်းသာ ကားလမ်းတွေက လိုင်း(၃)လိုင်းပဲရှိတာ။ အကုန်လုံးက ကားဟောင်းတွေချည်းပဲ။ ပြီးတော့ ကားနဲ့မမျှအောင် လူတွေ ကုန်တွေတင်တော့ စီးတဲ့လူတွေက ရင်တထိတ်ထိတ်နဲ့ ကြပ်ကြပ်
သိပ်သိပ်နဲ့ ခရီးသွားနေရတာ” ဟု ပုသိမ်မြို့ခံတစ်ဦးက ပြောသည်။

ယခုရက်ပိုင်းသည် ပုသိမ်-ချောင်းသာ၌ ပွဲတော်ရက်များ နှစ်သစ်ကူးရက်များ ဖြစ်သောကြောင့် အနယ် နယ်
 အရပ်ရပ်မှ ခရီးသည်များသည် အပန်းဖြေရန် လာရောက်လည်ပတ်မှုများပြားနေချိန်တွင် ယခုကဲ့ သို့ ယာဉ်
မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပုသိမ်နှင့် ငွေဆောင်၊ ပုသိမ်နှင့်ချောင်းသာ ခရီးများမှာ ခရီးသယ်တင်ကားများဖြင့်ဆိုပါက ပုံမှန် နေ့ဝက်ခ
ရီးသာ ရှိသည်။

Myit Makha Mediagroup
Read more...

ဗုဒ္ဓ မြတ်စွယ်တော် ပြန်လည် ကိန်းဝပ်ရန် ပင့်ဆောင်

0 comments
ဇန်န၀ါရီလ  ၂


 ဗုဒ္ဓ မြတ်စွယ်တော် ပြန်လည် ကိန်းဝပ်ရန် ပင့်ဆောင်
ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့  အောင်မင်္ဂလာ ဘိုးတော်ကျောင်း တိုက်တွင်းရှိ ဗုဒ္ဓ စွယ်တော်တိုက်တွင် ကိန်းဝပ်စံပယ်လျက် ရှိသည့် လွန်ခဲ့သော နှစ်ပေါင်း ၁၂ဝ ကျော်က စော် ဘွားကြီး စောကြာခိုင် သီဟိုဠ်နိုင်ငံမှ ပင့်ဆောင် ခဲ့သော ဗုဒ္ဓမြတ်စွယ်တော် ဖွင့်လှစ် အပူ ဇော်ခံပွဲနှင့် မြို့နယ် အတွင်းသို့ လှည့်လည် အပူဇော်ခံပွဲကို ဒီဇင်ဘာ ၁၂ ရက် မှ ၃ဝ ရက်အထိ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ဗုဒ္ဓ မြတ်စွယ်တော် တိုက်တွင် ကိန်းဝပ်ရန် ပြန်လည် ပင့်ဆောင်သည့်  အခမ်းအနားကို ယင်းကျောင်းတိုက်၌ ကျင်းပရာ ဘိုးတော်ကျောင်းတိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တ မိလိန္ဒ အရှင်သူမြတ်ထံ ပွဲတော် ကျင်းပရေး ဦးစီး ကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းစံတင့်၊ အတွင်းရေးမှူး ဦးမြသန်းနှင့် တာဝန်ရှိသူများက လွှဲပြောင်း အပ်နှံ ခဲ့ကြောင်း သိရသည်။
မြ၀တီ

 
Read more...

ထိုင်းနိုင်ငံ New Year ပါတီပွဲ တစ်ခုတွင် ဗြိတိန်လူမျိုး ကမ္ဘာလှည့် ခရီးသည်တစ်ဦး သေနတ်ပစ်ခတ်ခံရ

0 comments

 

ဇန်န၀ါရီလ  ၂

 

ထိုင်းနိုင်ငံတောင်ပိုင်းရှိ Phangan အပန်းဖြေကျွန်း ကမ်းခြေတွင်ပြုလုပ်သော New Year ပါတီပွဲတွင် ဗြိတိန်

လူမျိုး ကမ္ဘာလှည့် ခရီးသည်တစ်ဦး သေနတ်ပစ်ခတ်မှု ထိမှန်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

အသက် ၂၂ နှစ်အရွယ် စတီဖင် အက်ရှ်တန်မှာ ကမ်းခြေ New Year ပါတီတွင် ဖြစ်ပွားခဲ့သော ထိုင်းလူမျိုး ဂိုဏ်နှစ်ဂိုဏ်ကြားတိုက်ခိုက်မှု ဖြစ်ပွားစဉ် သေနတ်ဖြင့်ပစ်ခတ်ရာမှ ၎င်းအားမတော်တဆထိမှန်ကာ သေဆုံး

ခဲ့ခြင်းဖြစ်သည်။

သေနတ်သမားမှာ အခြားဂိုဏ်းမှ အဖွဲ့ဝင်များကို ရည်ရွယ်ပစ်ခတ် ခဲ့ခြင်းဖြစ်သော်လည်း အက်ရှ်တန်အား ထိမှန်သွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က AFP သို့ ပြောကြားသည်။

Planet Myanmar Network

Read more...

ဟောင်ကောင်အကြီးအကဲ ရာထူးကထွက်ဖို့ တောင်းဆိုဆန္ဒပြ

0 comments
ဇန်န၀ါရီလ  ၂
 
 
 
တရုတ်အစိုးရရဲ့ ကျောထောက်နောက်ခံနဲ့ ဟောင်ကောင်ကျွန်းကို အုပ်ချုပ်နေပြီး နာမည်ပျက် သတင်းတွေ ထွက်နေတဲ့ အမှုဆောင် အရာရှိချုပ် ရာထူးက ဆင်းပေးပြီး၊ ကိုယ်ပိုင် ခေါင်းဆောင်တွေကို ရွေးချယ် တင်မြှောက် ခွင့်ရရေး တောင်းဆိုပြီး ဟောင်ကောင် ဒေသခံ ထောင်ပေါင်းများစွာ ဆန္ဒပြခဲ့ကြပါတယ်။ 
 ဟောင်ကောင်ကျွန်းရဲ့ အကြီးအကဲ Leung Chun-ying ရာထူးက ဆင်းပေးဖို့ တောင်းဆိုတဲ့ ကြွေးကြော်သံတွေ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး နှစ်ဆန်းတစ်ရက်နေ့မှာ ချီတက် ဆန္ဒပြသူပေါင်းဟာ ၁၇,၀၀၀ လောက် ရှိတယ်လို့လည်း ရဲတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကစလို့ တာဝန်ယူ အုပ်ချုပ်နေတဲ့ Leung Chun-ying ဟာဆိုရင် မြေနေရာ ရှားပါးတဲ့အတွက် ကျပ်ကျပ်သပ်သပ် နေထိုင်နေကြရတဲ့ ဟောင်ကောင်မှာ သူ့ကိုယ်ပိုင် ဇိမ်ခံအိမ်ခန်းတွေကို တရားမ၀င် ဆောက်လုပ်ခဲ့တဲ့ကိစ္စ လူသိရှင်ကြား ဖြစ်ခဲ့ရချိန်ကစလို့ ဆန့်ကျင်ဝေဖန်မှုတွေ ခံနေရတာပါ။

ဒီဇင်ဘာလ ထဲမှာတုန်းကလည်း Leung Chun-ying အပေါ် အယုံအကြည်မရှိ အဆိုတရပ် တင်သွင်းခဲ့ပေမဲ့ တရုတ်အစိုးရ လိုလားသူ ဥပဒေပြု အမတ်တွေ ရဲ့ ထောက်ခံမှုနဲ့ ကျော်လွှားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံကနေ ၁၉၉၇ ခုနှစ်မှာ တရုတ်နိုင်ငံက ပြန်လည် လွှဲပြောင်းရယူခဲ့တဲ့ ဟောင်ကောင်မှာ အုပ်ချုပ်မယ့်သူတွေကိုတော့ လတ်တလော တရုတ်အစိုးရကသာ ရွေးချယ် ခန့်ထားနေတာဖြစ်ပြီး ဟောင်ကောင်ကျွန်းသားတွေ ကိုယ်တိုင် ရွေးချယ်ခွင့်ကိုတော့ ၂၀၁၇ ခုနှစ်ကျမှ ရရှိနိုင်ကြမှာ ဖြစ်ပါတယ်။
VOA
Read more...

မဲဆောက်မြို့က တိုင်းရင်းသား ပေါင်းစုံဆင်နွှဲတဲ့ နှစ်သစ်ကူး မင်္ဂလာပွဲ

0 comments

ဇန်န၀ါရီလ  ၂

 
   
ဓာတ်ပုံ-ပြည်တော်မြင့်/ဧရာဝတီ။

ပြည်တော်မြင့် ~

၂၀၁၃ ခုနှစ်၊ နှစ်သစ်ကူးနေ့ အထိမ်းအမှတ် တိုင်းရင်းသား ပေါင်းစုံ ချစ်ကြည်ရေးနှင့် အနုပညာတင်ဆက်မှု များကို ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ မယ်တော်ရပ်ကွက်မှာ ယမန်နေ့ ညနေပိုင်းက ကျင်းပခဲ့ရာမှာ ထိုင်း- မြန်မာ တိုင်းရင်းသား လူမျိုးတချို့ တက်ရောက် ဆင်နွှဲခဲ့ကြပါတယ်။ 

မဲဆောက်မြို့ကို Little Burma လို့ ခေါ်ဆိုတဲ့အတိုင်း မြန်မာရနံ့တွေ လှိုင်လှိုင်သင်းတဲ့ မြန်မာနိုင်ငံသား တိုင်းရင်းသားပေါင်းစုံ အများစု ရှိတဲ့ နေရာရပ်ဝန်းလည်းဖြစ်တာကြောင့် မြန်မာတိုင်းရင်းသားများက အခုလို စုံလင်စွာ ပူးပေါင်းဆင်နွှဲကြတာပါ။






































 
Read more...
 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here