Tuesday, July 1, 2014

အစိုးရစစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားမူ SSPP/SSAမှ (၃)ဦးသေဆုံး (၈)ဦး ဒဏ်ရာရ

0 comments

1.7.2014

ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) SSPP/SSAအဖွဲ့နှင့် အစိုးရစစ်တပ်တို့ နှစ်ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အစိုးရစစ်တပ်ဘက်မှ (၁)ဦး ကျဆုံးကာ (၅)ဦး ဒဏ်ရာရရှိပြီး  SSPP/SSAအဖွဲ့ဘက်မှလည်း (၃)ဦး ကျဆုံးကာ (၈)ဦး ဒဏ်ရာရရှိခဲ့တယ်လို့  အစိုးရ စစ်တပ်မှ အရာရှိတစ်ဦးက ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် ကျေးသီးမြို့နယ်အတွင်းရှိ တာ့ဖာဆောင်တံတားအနီးတွင် လုံခြုံရေးဆောင်ရွက်နေသော  အစိုးရစစ်တပ်ကို ဇွန်လ ၂၆ ရက်နေ့ နံနက် ၅နာရီခွဲခန့်မှာ SSPP/SSA အဖွဲ့က စတင်၍ လာရောက်ပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ပြီး (၂)ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အစိုးရစစ်တပ်မှ ဗိုလ်မှူးကြီး သန်းဇော်က ပြောပါတယ်။

“တာ့ဖာဆောင် တံတားအနီးမှာ ကျနော်တို့ တပ်တွေ အမြဲလှုပ်ရှားနေတာပါ။ SSPP/SSAအဖွဲ့က ကျနော်တို့ တပ်တွေကို လာတိုက်လို့ ယခုလို တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ ကျနော်တို့က ပြန်တိုက်တော့ သူတို့ဘက်က (၃)ဦးကျပြီး (၈)ဦးဒဏ်ရာရတယ်။ ကျနော်တို့ဘက်မှာလည်း (၁)ဦး ကျဆုံးပြီး (၅)ဦး ဒဏ်ရာရတယ်လို့  ဗိုလ်မှူးကြီး သန်းဇော်က ဆက်လက် ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ တာ့ဖာဆောင်တံတားဟာ SSPP/SSA အဖွဲ့အတွက် မူးယစ်ဆေးဝါ သယ်ဆောင်ရာ အဓိက လမ်းကြောင်းဖြစ်တာကြောင့် အစိုးရ စစ်တပ်က တံတားအနီးမှာ တပ်စွဲနေတာကို လာရောက် တိုက်ခိုက် တာဖြစ်ပြီး  SSPP/SSA အတွက် မူးယစ်ဆေးဝါး သယ်ဆောင်ရာ မှောင်ခိုလမ်းကြောင်းဖြစ် တာကြောင့် အရေးပါတဲ့ နေရာတစ်ခုလို့ သတ်မှတ်ထားတာဖြစ်ကြောင်း၊ လောလောဆယ်မှာတော့ တိုက်ပွဲဖြစ်ပွားတဲ့ နေရာမှာ အစိုးရ စစ်တပ်က  နေရာယူထားဆဲဖြစ်ပြီး ရှမ်းတပ်တွေ အနေနဲ့  စောင့် ကြည့်နေ တဲ့ အနေအထားမှာ ရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

SSPP/SSAအဖွဲ့အနေဖြင့် ယခုလို တိုက်ပွဲတွေကို ပြန်လည်ဖန်တီးနေခြင်းဟာ ငြိမ်းချမ်းရေး လက်မှတ်ရေး ထိုး ထားသော နှစ်ဦးသဘောတူင်္ညီချက်ကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်ရာ ရောက်တယ်လို့ လည်း ကျေးသီးမြို့နယ် လွှတ်တော်အမတ်တစ်ဦးက ပြောကြားသွားခဲ့ပါတယ်။

ဦးအိုက်ကောင်း
Read more...

အပစ်ရပ်စဲရေးမူကြမ်းအတွက် ဇူလိုင်မှာ ထပ်တွေ့ကြမည်

0 comments


တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ်မူကြမ်းတစ်ခုရလာဖို့အတွက် လာမယ့်ဇူလိုင်လမှာ အစိုးရနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ထပ်မံတွေ့ဆုံဆွေးနွေးသွားမှာဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော် ဆာင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြား လိုက်ပါ တယ်။

အမျိုးသားလွှတ်တော်ကို ဒီနေ့ ရောက်ရှိသွားတဲ့ ၀န်ကြီးဦးအောင်မင်းက သတင်းထောက်တွေ ကို ပြောခဲ့တာဖြစ်ပါတယ်။

" သူတို့နဲ့ ကျနော်တို့နဲ့ ဆွေးနွေးတဲ့အခါမှာ အကြိမ် ၇ ကြိမ်ရှိပါပြီ၊ ပထမတော့ သူ့မူ ကိုယ့်မူကိုယ့်ဟာကိုယ်ကိုင်စွဲနေပါတယ်၊ အခုကတော့ ကျနော်တို့က အဲ့လိုမလုပ်တော့ပဲနဲ့ မူတစ်ခုပဲ ကိုင်ရပါတယ်၊ အဲ့ဒီမှာ အချက် ၁၁၂ ချက်ရှိတယ်၊ ပထမအကြိမ် ဆွေးနွေးချက်ကို မူကြမ်းထွက်လာတဲ့ အချိန်မှာ ၇၇ ချက်သဘောတူတယ်၊ ၄၅ ချက်ကျန်တယ်လေ၊ ဒုတိယအကြိမ် မူကြမ်းဆွေးနွေးပွဲမှာ အဲ့ဒီကျန်တဲ့ ၄၅ ချက်ထဲက ၁၄ ချက်ကိုသဘောတူတယ်၊ အဲ့တော့ ၃၁ ချက်ပဲကျန်တယ်၊ အဲ့ဒီ ၃၁ ချက်ကလည်း ကျနော်တို့ လာမဲ့ဇူလိုင်လထဲမှာ ဆွေးနွေးဖို့ရှိတယ်၊ ဒီ ၃၁ ချက်ကို ကျနော်တို့ ပြန် ပြီးတော့ဆွေးနွေးကြမယ်၊ ဆွေးနွေးလို့ သဘောတူပြီးသွားရင်ဆိုရင်တော့ လူကြီးတွေတင်ပြပြီးတဲ့ အခါမှာ ကျနော်တို့ လက်မှတ်ထိုးဖို့ပဲရှိတာပေါ့၊ တော်တော်တော့ နီးစပ်နေပြီလို့ ပြောလို့ရတာပေါ့"

ကျင်းပမယ့်နေရာနဲ့ ရက်စွဲကိုတော့ ဦးအောင်မင်းက ထုတ်ဖေါ်ပြောဆိုခြင်း မရှိသေးပါဘူး။

တိုင်းရင်းသားခေါင်းဆောင်တွေဘက်ကလည်း လာမယ့်ဇူလိုင်လထဲမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် မူကြမ်းနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့မှာ ကျင်းပဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

#RFA
Read more...
Monday, June 30, 2014

*** ရှမ်းနီခေတ် သတင်းဂျာနယ် မကြာမှီ ဖြန့်ချီတော့မည် ***

0 comments


ရှမ်းနီခေတ် သတင်းဂျာနယ်ကို ရှေ့လ ပထမအပ်တွင် ထုတ်ဝေဖြန့်ချီမည်ဟု သတင်းဂျာနယ်ဖြစ်မြောက်ရေး အားကြိုးမာန်တက် လုပ်ဆောင်နေကြတဲ့ သျှမ်းနီလူငယ်ကွန် အဖွဲ့သားများက ဆိုပါသည်။

ဟုတ်ကဲ့ ရှေ့လာမည့် ဇူလိုင်လ လ ပထမ အပတ်ထဲမှာ ထုတ်ဝေဖြန့်ချီနိုင်ဖို့ ကျနော်တို့လုပ်ထားပါတယ်.. ကျနော်တို့ တိုင်းရင်းသားတိုင်းဟာ မိမိဒေသတွင်း ဖြစ်ပျက်နေမှု အလုံးစုံကို အခြားဒေသလူထုတွေ သိအောင်မီဒီယာနဲ့ မီးမောင်း ထိုး ပြသရမဲ့ ခေတ်ဖြစ်နေပြီ ဒါကြောင့် ကျနော်တို့ သျှမ်းနီလူငယ်တွေက ဒီဂျာနယ်ကို မရရအောင် ထုတ်မယ်ဆိုပြီး လုပ်ကြတာပါ.. ထုပ်လုပ်မှုကိုတော့ မန္တလေးမှာပဲ ကျနော်တို့ လုပ်မှာဖြစ်တယ်လို့ အယ်ဒီတာ စိုင်းအောင်မျိုးလွင်က ဆိုပါသည်။

သျှမ်းနီခေတ်က သျှမ်းနီဒေသတွင်း ဖြစ်ပျက်နေသော နိုင်ငရေး၊ စီးပွားရေးလူမှုရေး၊ ပညာရေ၊ ဘာသာရေး၊ ငြိမ်းချမ်းရေးနဲ့ မူးယစ်ဆေးဝါပြသာနာ စသည်တို့ကို အဓိကထားရင်း တိုင်းရင်းသားဒေသ အသီးသီးတွင် တိုင်းရင်းသားအားလုံး၏ အသံများ ပြန်ကြားနိုင်မှု အဓိကထား ရည်ရွယ်ထုတ်လုပ်မှာ ဖြစ်တယ်လို့ ဂျာနယ်ဖြစ်မြောက်ရေး ဘုတ်အဖွဲ့ဝင် အယ်ဒီတာ တဦးဖြစ်တဲ့ စိုင်းမောင်အောင်က ဆိုပါသည်။

မြန်မာပြည်ကြီးဟာ တိုင်းရင်းသာတွေနဲ့ စုပေါင်းနေထိုင်တဲ့ ပြည်ထောင်စုကြီးဖြစ်တဲ့အတွက် ဒီနေ့ ပွင့်လင်းလာတဲ့ မြန်မာ့ လူဘောင် အဖွဲ့စည်းမှာ တိုင်းရင်းသားတို့၏ မီဒီယာအခန်း ကဏ္ဍဟာ အရေးကြီးလာပြီဖြစ်တဲ့ အလျှောက် သျှမ်းနီလူငယ်တွေရဲ့ လုပ်ဆောင်မှုနဲ့ မိမိတို့ အမျိုးသား ဂျာနယ် ဖြစ်ပေါ်လာတဲ့အတွက် ၀မ်းသာဂုဏ်ယူမိပါကြောင်း စိုင်းအောင်ဆိုင် (ခေတ္တချင်းမိုင်) က ဆိုပါသည်။

သျှမ်းနီလူမျိုးတို့သည် အဓိကအားဖြင့် ကချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း အထက်ပိုင်း အများအပြာနေထိုင်ကြပြီး သျှမ်းပြည်နယ် မိုးမိတ်၊ မဘိမ်း၊ မအိုး၊ မှုဆယ်၊ နမ့်ခမ်း တို့တွင်လည်း နေထိုင်ကြသည်။

- စ၀်နိုင်းနိုင်း
#သျှမ်းနီလူငယ် ကွန်ယက်
Read more...

တစ်ဦးလျှင် ကျပ်သုံးသိန်းဖြင့် ဘင်္ဂါလီများခိုးသွင်းသည့်အမှု နောက်ဆက်တွဲဘင်္ဂါလီဆယ်ဦး ထပ်မိ

0 comments
30.6.2014

ဘင်္ဂါလီကိုးဦးအား ရန်ကုန် သို့ ခိုးပို့ရန်ကြိုးစားခဲ့သည့် လူကုန် ကူးဂိုဏ်းကို စစ်ဆေးနေစဉ်အဆို ပါအမှု၏ နောက် ဆက်တွဲအဖြစ် နောက်ထပ် ဘင်္ဂါလီဆယ်ဦးကို ထပ်မံဖမ်းဆီးနိုင်ခဲ့ပြီး နေပြည် တော်မှ ကွပ်ကဲမှုဖြင့် ရခိုင်ပြည် နယ်ဒုတိယရဲမှူးဦးဆောင်ကာ ခုံရုံးဖွဲ့ စစ်ဆေးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ပြည်နယ်ဒုတိယရဲမှူး ဦး ဆောင်ပြီး စစစ်နေပြီ။ ဒီအမှုကအ ဖွဲ့လိုက်၊ လူကုန်ကူးဂိုဏ်းအနေနဲ့ လှုပ်ရှားနေတယ်လို့ ယူဆရတယ်။ သူတို့ ကားနဲ့သယ်ပြီး လမ်းမှာ ချထားခဲ့တဲ့ ဘင်္ဂါလီဆယ်ဦးထပ် ဖမ်းမိတယ်။ ဒါကြောင့် စုံစမ်းစစ် ဆေးရေးခုံရုံးဖွဲ့ပြီးစစ်နေတာ’’ ဟု ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ ပြည် နယ်အဆင့် ရဲအရာရှိတစ်ဦးက ပြောသည်။

ဇွန်လ၂၇ရက်က ဘင်္ဂါလီကိုး ဦးသယ်လာသည့် ကားတစ်စီးကို အမ်းမြို့၊ ပဲ့ပဒုံစစ်ဆေးရေးဂိတ် တွင် ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့ကိုအခကြေးငွေယူ၍ ရန်ကုန်သို့ကား ဖြင့်သယ်ပို့ရန် ကြိုးစားသည့် သံ သယရှိသူသုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ သည်။ ဇွန်လ၂၉ရက် နံနက်တွင် ဘင်္ဂါလီ ဆယ်ဦးကို ကျောက်တော်-အမ်းကားလမ်းမ ဘေးရှောက်ချုံရွာတွင် ထပ်မံဖမ်းနိုင်ခဲ့ပြီး ပြစ်မှုကျူးလွန်သူများက စုစုပေါင်းဘင်္ဂါလီ ၁၉ ဦးအား ရန် ကုန်သို့ ပို့ရန်စီစဉ်ခြင်းဖြစ်သည်။

‘‘ကားနဲ့ သယ်လာတဲ့သူတွေ က လူကြီးလမ်းကြောင်းလို့ပြော ပြီး စစ်ဆေးရေးဂိတ်ကိုဖြတ်ဖို့ကြိုး စားတယ်ဆိုတဲ့ သတင်းတွေ က မ ဟုတ်ပါဘူးဗျာ။ ဒီအမှုနဲ့ပတ်သက် လို့ အရေးကြီးနေတော့ လိုအပ်ရင် တာဝန်ရှိသူတွေကို အချိန်မရွေး မေးစေချင်ပါတယ်။ ဒီနေ့အထိ စု စုပေါင်း ဘင်္ဂါလီ ၁၉ဦးကိုထိန်း သိမ်းထားပါတယ်’’ဟု အမ်းမြို့မ ရဲစခန်းမှူး ဒုတိယရဲမှူး သောင်း လွင်ကပြောသည်။

ကားဖြင့် သယ်ဆောင်လာ သူများသည် ဘင်္ဂါလီတစ်ဦးလျှင် သုံးသိန်းကျပ်ဖြင့် လူကုန်ကူးခြင်း ဖြစ်ပြီး ၎င်းတို့အား ဥပဒေပုဒ်မ ၃၆၇ဖြင့်အမှုဖွင့်ထားကာ ဘင်္ဂါလီ ၁၉ဦးကို လ၀ကဥပဒေဖြင့်အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

7Day Daily
Read more...

တာဝန်ရှိသူများ ဖြေကြားပေးကြပါအုံး

0 comments
ရှမ်းပြည်မြောက်ပိုင်း နှင့် ကချင်ပြည်နယ်ရှိရှမ်းလူမျိုးရွာသားများ ရှမ်းရွာများ ထံသို ဆတ်ကြေးအဓမ္မ တောင်းခံခြင်း ၊လူသစ်အဓမ္မစုဆောင်းခြင်းများ အပေါ် ရှမ်းပြည်တပ်မတော် (SSA/SSPP & SSA/RCSS) အနေ ဖြင့်ရှမ်းလူမျိုးများ အရေး ဦးစားပေးကာ ကန့် ကွက်ခြင်း သို့ မဟုတ် ပြန်ကြားချက် တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း KIA ထံသို ရာဇသံ ပေးပို့ ခြင်း များ ဆောင်ရွက် နေခြင်း ရှိမရှိ SSAမှ တာဝန်ရှိသူများမှ ဖြေကြားပေးစေလို ပါသည်ခင်ဗျား.

#စိုင်းအောင်ခမ်း
Read more...

RCSS/SSA အဖွဲ့မှ ဆန်၊ ဆီ တောင်းပြီး ဒေသခံများကိုလည်း ဖမ်းဆီး

0 comments
30.6.2014

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ်၊ မုန်းလိုက်အုပ်စုတွင် ဇွန် ၂၈ ရက် ည ၈ နာရီခန့်၌ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော်တောင်ပိုင်း( RCSS/SSA) အဖွဲ့မှ ဆန်၊ ဆီ များ တောင်း ရမ်းပြီး ဒေသခံရွာသားများကိုလည်း ဖမ်းဆီးသွားကြောင်း ယင်းဒေသခံများထံမှ သိရသည်။

အဆိုပါ မြို့နယ်အတွင်းရှိ မိုင်းပန်ကျေးရွာသို့ ယင်းအဖွဲ့မှ ၀င်ရောက်လာပြီး ဆီ (၂)ပုံး တောင်းယူကာ ရွာသား (၂)ယောက်ကိုပါ ဖမ်းဆီးသွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ ဆီ ၂ ပုံးတောင်းလို့ ရွာက စုပြီး ပေးလိုက်ရတယ်၊ ပြီးတော့ ရွာသား ၂ ယောက်ကို အတင်းဖမ်းခေါ်တယ်၊ ဘာအတွက် ဖမ်းတယ်ဆိုတာ မပြောဘူး၊ သေနတ်တွေ ကိုင်ထားတော့ ဘယ်သူမှလည်း မမေးရဲဘူး၊ ဒီအတိုင်း ကြည့်နေရတာပဲ ” ဟု မိုင်းပန်ရွာသားတစ်ဦးက ပြောသည်။

RCSS/SSA အဖွဲ့မှ ဖမ်းဆီးသွားသော မိုင်းပန်ရွာသား(၂)ဦးမှာ အိုက်နွန်း(ဘ)ဦးအိုက်အွန်(၂၄)နှစ်နှင့် အိုက်မွန်း (ဘ)ဦးအိုက်ဆိုင်၊ (၂၀)နှစ်တို့ ဖြစ်ကြောင်း သိရသည်။

၎င်းအဖွဲ့သည် ၀မ်ဖုတ်ကျေးရွာသို့ ရောက်ရှိလာပြီး အလားတူ ဆန်(၂)ပုံးတောင်းကာ ရွာသား(၂)ဦးအား ဖမ်းဆီးသွား ကြောင်း၊ ၎င်းအဖွဲ့နှင့်အတူ ကြိုးတုပ်ဖမ်းဆီးထားသော ရွာသား(၂)ယောက်ကိုလည်း မြင်လိုက်ကြောင်း မျက်မြင်ရွာသားတစ်ဦးက ဆိုသည်။

“ အုပ်ချုပ်ရေးမှူးကိုခေါ်ပြီး ဆန် ၂ ပုံးတောင်းတယ်၊ ဆန်ရတော့ ရွာက လူ ၂ ယောက်ပေးဖို့ တောင်းတယ်၊ အုပ်ချုပ်ရေး မှူးးက တောင်းပန်တာကို ပါးရိုက်ပြီး တွေ့တဲ့ရွာသား ၂ ယောက်ကို ဖမ်းခေါ်သွားတယ် ” ဟု ၀မ်ဖုတ်ရွာသား တစ်ဦးက ပြောကြားသည်။

RCSS/SSA အဖွဲ့မှ ဖမ်းဆီးသွားသော ၀မ်ဖုတ်ရွာသား(၂)ဦးမှာ အိုက်အိ(ဘ) ဦးစိုင်းလုံ(၃၀)နှစ်နှင့် အိုက်ရှဲန် (ဘ)ဦးအိုက်လုံ၊ (၂၂ )နှစ်တို့ ဖြစ်ကြောင်း သိရသည်။

ဒေသခံတိုင်းရင်းသားများအပေါ် RCSS/SSA အဖွဲ့မှ အနိုင်ကျင့်ပြီး ဆန်၊ ဆီ တောင်းရုံတင်မကဘဲ ရွာသား (၄)ဦးကို အတင်းအဓမ္မ ဖမ်းဆီးသွားသည့်အတွက် ဒေသခံများမှ မကျေမနပ်ဖြစ်ကာ သက်ဆိုင်ရာ ဌာနများသို့ သွားရောက်တိုင်ကြားထားကြောင်း သိရှိရသည်။

စိုင်းဇင်အောင်
Read more...
Thursday, June 26, 2014

TNLA ကြောင့် ပလောင်ဒေသငြိမ်းချမ်းရေး အလှမ်းဝေးနေဦးမည်

0 comments
25.6.2014

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ မာန်အောင် ကျေးရွာအနီးမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ဒီနေ့အချိန်ထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲ ပါပဲ။ သေနတ်သံတွေကြားထဲမှာ မာန်အောင်ရွာလေးကတော့ တိတ်ဆိတ်ငြိမ် သက်နေလို့ ရွာသူရွာသားတွေ လွတ်ရာကျွတ်ရာ ထွက်ပြေးသွားကြပြီလို့ သတင်းတွေလည်း ထွက်ပေါ်လာပါတယ်။

တချို့ နာမည်ကြီး ပြည်တွင်း၊ ပြည်ပ မီဒီယာတွေမှာဆိုရင် အစိုးရတပ်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွား မှုကြောင့် ဒေသ ခံ(၂၀၀၀)ကျော် နမ့်ခမ်းမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုပြီး သတင်းတွေမှာ ဖော်ပြထားကြ ပါတယ်။ ဒါပေမယ့် နမ့်ခမ်းမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာသူတစ်ဦးတစ်လေတောင် မရှိပါဘူး။ ဒေသခံပလောင် တိုင်းရင်းသားတွေဟာ တိုက်ပွဲတွေကြားထဲမှာ ကျီးလန့်စာစား ဘ၀နဲ့ နေနေရတယ်။ တစ်ဖက်မှာလည်း မီဒီယာတွေရဲ့ ၀ါဒဖြန့်မှုကြောင့် ကြောက် လန့်ပြီး အိုးအိမ်ပစ်ကာ ထွက်ပြေးရမလို ဖြစ်နေပါပြီ။

တကယ်တမ်း နစ်နာတာကတော့ ဒေသခံပလောင်တွေပဲ ဖြစ်ပါတယ်။ TNLA အဖွဲ့ရဲ့ သူများကြိုးဆွဲရာ ကနေတဲ့ လုပ်ရပ်ကြောင့် မြေဇာပင်ဘ၀ရောက်ရတော့မှာ ဖြစ်ပါတယ်။ TNLA အဖွဲ့ဆိုတာ အမည်ခံသာဖြစ်ပြီး လူ၊ လက်နက် အင်အား အနည်းငယ်မျှသာရှိတဲ့ လက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။ နမ့်ခမ်း၊ ကွတ်ခိုင်၊ တာမိုးညဲ စတဲ့ မြို့နယ်တွေဟာ TNLA ရဲ့ နယ်မြေဖြစ်ပေမယ့် တကယ်တမ်းနေရာယူ မင်းမူနေတာကတော့ KIA အဖွဲ့ပဲ ဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် TNLA ဆိုတာ KIA ရဲ့ ထားရာနေ စေရာသွားနေရတဲ့ နယ်ရုပ်တစ်ရုပ်သာ ဖြစ်ပါတယ်။

KIA ကြိုးဆွဲရာ ကနေတဲ့ အဖွဲ့အစည်းဖြစ်တာကြောင့် သူတို့ခိုင်းသမျှ လုပ်နေရတာဖြစ်ပါတယ်။ ရှမ်းမြောက်မှာ တိုက်ပွဲတွေ ကို ဖန်တီးပြီး KIA က TNLA အဖွဲ့ကို ထိုးကျွေးထားတာ ဖြစ်ပါတယ်။ အစိုးရတပ်တွေနဲ့ TNLA အဖွဲ့ တွေ့ဆုံ တိုက်ပွဲဖြစ်ရင် ထိခိုက်ကျဆုံးမှုများတာ TNLA အဖွဲ့ပါ။ အောင်မြင်မှုရရင် နာမည်ကြီးမယ်ဆိုရင် KIA အဖွဲ့က၀င်ပြီး နေရာ ယူလိုက်တာပါ၊ ခံစရာရှိရင် အပြစ်ပုံချစရာရှိရင် TNLA အဖွဲ့ကို လွှဲချတာဖြစ်ပါတယ်။

TNLA အနေနဲ့ KIA အတွက် သြဇာခံတိုက်ပွဲတွေ ဆင်နွှဲနေပေမယ့် ဘာအကျိုးခံစားခွင့်မှ မရပါဘူး။ KIA ခေါင်းဆောင်ပိုင်းတွေ ကတော့ ဇိမ်ခံကားစီး၊ မူးရူးသောက်စားပျော်ပါးကာ လောကစည်းစိမ်ခံနေချိန်မှာ TNLA ခေါင်းဆောင်တွေခမျာ ထမင်းနပ်မှန်အောင် မနည်းရုန်းကန်နေရတာပါ။ KIA က ဆက်ကြေးကောက်တယ်၊ သစ်မှောင်ခို၊ ကျွဲ/နွားမှောင်ခို၊ ဘိန်းမှောင်ခိုတွေကနေ ပိုက်ဆံရပြီး ကြီးပွားချမ်းသာနေကြပြီ။ TNLA အဖွဲ့ကတော့ ဘာစီးပွားရေးလုပ်ငန်းမှ လုပ်စားစရာမရှိသလို KIA ရဲ့ ပေးစာကမ်းစာကို စားနေရတဲ့ဘ၀ ဖြစ်ပါတယ်။

KIA ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ TNLA အဖွဲ့အနေနဲ့ မိအေးနှစ်ခါနာ ဖြစ်နေရပါပြီ။ ပထမတစ်ခုက အစိုးရတပ်တွေနဲ့ TNLA တို့ တိုက်ပွဲဖြစ်နေတဲ့ စစ်မြေပြင်ဖြစ်နေတဲ့အတွက် ကျီးလန့်စာစားဘ၀ ရောက်နေတယ်၊ ဒုတိယတစ်ချက်က ကိုယ့်ပလောင်တိုင်းရင်းသားတွေကို KIA က လူသစ်စုရင်လည်း TNLA က ငြိမ်ခံပြီး ရပ်ကြည့်နေရုံကလွဲလို့ ဘာမှ မတတ်နိုင်ဘူး။

TNLA ဟာ အစိုးရနဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု မရသေးတဲ့အဖွဲ့ဆိုပြီး နာမည်ဆိုးနဲ့ ကျော်စောနေသောအဖွဲ့ အဖြစ် ကင်ပွန်းတပ်ခံထားရပါတယ်။ TNLA အနေနဲ့ ဘယ်လိုပဲ အကြောင်းပြနေပါစေ၊ တိုက်ပွဲတွေ ရပ်တန့်စေချင်ရင် ငြိမ်းချမ်းရေး ယူရုံကလွဲလို့ အခြားနည်းလမ်းမရှိပါဘူး။ ကိုယ့်အဖွဲ့တစ်ဖွဲ့တည်းကောင်းစားဖို့ KIA သြဇာခံအဖြစ် ဆက်လုပ်နေဦး မယ်ဆိုရင် တိုင်းရင်းသားတွေရဲ့ဘ၀ဟာ တိုက်ပွဲတွေကြားမှာပဲ ပြေးလွှားပုန်းရှောင်ရင်း စစ်ပြေးဒုက္ခသည် ဘ၀ ရောက်ရတော့မှာဖြစ်ပါတယ်။ TNLA အဖွဲ့ကြောင့် ပလောင်တိုင်းရင်းသားတွေ မြေဇာပင် ဖြစ်ရတော့မှာလား ?? အဲ့ဒီအကြောင်းတရားတွေနဲ့အတူ TNLA ကြောင့် ပလောင်ဒေသငြိမ်းချမ်းရေး အလှမ်းဝေးနေဦးမည်သာ ဖြစ်ပါတယ်။

မိုင်းအိုက်ပီး
Read more...
 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here