Monday, March 18, 2013

မန်းတွင် စခန်းမှူးတစ်ဦး ကိုယ့်ကိုယ်ကို ဆွဲကြိုးချသတ်သေမှုဖြစ်ပွား

0 comments
မတ်(၁၈)

မန္တလေးတိုင်း ဒေသကြီး စဥ့်ကူးမြို့နယ် စခန်းမှူး ရဲအုပ် ထွန်းအောင်ကျော် (၄၀) နှစ်မှာ မိမိ နေ အိမ်တွင် ယခု လ ၁၂၇က်က ဆွဲကြိုး ချသေ ဆုံးခဲ့ကြောင်း သိရသည်။ 

ဖြစ်စဉ်မှာ ယခုလ ၁၂ရက်နေ့မနက် ၁၀နာရီခန့်တွင် ရဲအုပ်ထွန်းအောင် ကျော်မှာ မိမိနေအိမ်တွင် နိုင် လွန်ကြိုး ဖြင့် ဆွဲကြိုးချ သေဆုံး နေကြောင်း သိရသဖြင့် မြို့နယ် တရား သူကြီး၊ စဥ့်ကူး မြို့နယ် ရဲတပ်ဖွဲ့ မှူးနှ င့် မှုခင်း ဆရာဝန်တို့သွားရောက်စစ်ဆေးရာမိမိကိုယ်ကိုယ်ကို သက်သေခြင်းသာဖြစ်ပြီး တရားပြင် ပဒဏ် ရာ မတွေ့ရှိ ရကြောင်း သိရသည်။ 

အဆိုပါစခန်းမှူးရဲအုပ်ထွန်းအောင်ကျော်သည် သေဆုံးချိန် တွင် ဇနီးသည်တစ်ဦးနှင့် သူငယ် တန်း တက်ရောက်နေ သည့် ကလေးငယ်တစ်ဦးရှိကြောင်း ဇနီးသည်နှင့် ကလေးမှာ ဘုန်းကြီးကျောင်းသို့ ယဉ်ေ ကျး လိမ္မာသင်တန်း သွားရောက်တက်နေစဉ် ယခုလိုဖြစ်ပွားခဲ့ပြီး သေဆုံး သူတွင် တခြားရောဂါ မရှိဘဲ မသေ ဆုံးမီ ၁၀ရက်ခန့်တွင် ညပိုင်းမအိပ်ခြင်းများရှိကြောင်း သေဆုးံသူ မိသားစုဝင် များက ပြော သည်။ 

ရဲအုပ် ထွန်းအောင်ကျော်မှာ လူမှုရေးအရှုပ်အရှင်းမရှိခြင်း အောက်လက်ငယ်သားများနှင့် အထက်အရာ ရှိ များ နှင့် အဆင်ပြေခြင်းများ ရှိကြောင်း မန်းလေးတိုင်းဒေသကြီး တိုင်းရဲမှူး ဦးစိုးငြိမ်းက Popular news ဂျာ နယ်သို့ ပြောသည်။ 

သူက အောက်လက်ငယ်သားတွေနဲ့လည်း အဆင်ပြေတယ်။ တခြားလူမှုရေးအရှုပ်ရှင်းလည်းမရှိဘူး။ သူဖာ သာ ပဲနေတာ။ တခြား စိတ်ခံစားမှုတစ်ခုခုကြောင့်ပ ဖြစ်မှာပါ ဟု ဦးစိုးငြိမ်းက ပြောသည်။
 
Popular Myanmar News Journal

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here