Friday, August 10, 2012

သမ္မတဦးသိန်းစိန်၏ ငြိမ်းချမ်းရေးစီမံကိန်းတနှစ်ပြည့် လက်တွေ့လုပ်ဆောင်မှုပိုမိုလိုအပ်

0 comments
ဩဂတ်စ်လ ၁၈ ရက်နေ့မှာ တနှစ်ပြည့်ပြီဖြစ်တဲ့ မြန်မာအစိုးရနဲ့ အပစ်ရပ်ရေးသဘောတူညီထားတဲ့ တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့ တွေ သဘောတူညီချက်တချို့တလေကို အကောင်အထည် ဖော် ဆောင်ရွက်နိုင်ပေမယ့် အများစုကိုတော့ ဆက်လက်လုပ်ဆောင်ဖို့ရှိနေပါသေးတယ်။ ဒါကြောင့် ရှေ့ ဆက်ဆွေးနွေးပြီး သဘောတူညီချက်ချဖို့ မပြောနဲ့ အဟောင်းတောင်မှ အကောင်အထည်မဖော်ရသေး တဲ့ဟာ အများကြီးကျန်သေးတယ်လို့ မကြာခင်က ထိုင်းနယ်စပ်မှာ လက်နက်ကိုင်တပ်ဖွဲ့တွေ တွေ့ဆုံ ဆွေးနွေးခဲ့ရာမှာ ပါဝင် သူအချို့ကပြောတယ်။
TheinSeinSpeech-4
အစိုးရနဲ့ အပစ်ရပ်ရေးသဘောတူညီထားတဲ့တိုင်းရင်းသား ၁၂ ဖွဲ့မှာ ၇ ဖွဲ့ဟာ အစိုးရထိန်းချုပ်နယ်မြေ ထဲမှာဆက်ဆံရေးရုံးဖွင့်ထားနိုင်ခဲ့ပြီလို့လဲပြောတယ်။

ရခိုင်တပ်ဖွဲ့ ALP က ပလက်ဝ နဲ့ကျောက်တော်၊ ချင်း CNF ကျတော့ မတူပီနဲ့ ဖန် တလန်းမှာ၊ နောက် ပြီး နယ်စပ်ရုံးဆိုတာလဲရှိသေးတယ်။ သူတို့က ဆက်ဆံရေးရုံးမခေါ်ဘူး စီးပွားရေးရုံး လို့ခေါ်တယ်။ ကရင်က ကျောက်ကြီး၊ ဘုရားသုံးဆူနဲ့ ထားဝယ်၊ ကရင်နီလဲထို့အတူ ဘဲ ၃ နေရာ၊ လွိုင်ကော်၊ ဖာဆောင်း နဲ့ ရှားတော။ မွန်အဖွဲ့က ၈ နေရာတောင်ရှိတယ်။ မော်လမြိုင်၊ ဘုရားသုံးဆူ၊ ကျိုက် မရော၊ ပေါင်၊ မုဒုံ၊ သံဖြူဇရပ်၊ရေး၊ ရေဖြူ။ RCSS က ၆ နေရာ၊ တောင်ကြီး ၊ ခိုလမ်၊ မူဆယ်၊ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဆတ် SSPP က လားရှိုးနဲ့ တောင်ကြီး။

ရုံးတွေဖွင့်ပြီးပြီဆိုတော့ အပစ်ရပ်တပ်ဖွဲ့တွေဟာ ဒေသခံပြည်သူလူထုနဲ့လဲ တွေ့ဆုံဆွေးနွေး နိုင်ခဲ့ကြ ပါတယ်။ ငြိမ်းချမ်းရေးစောင့်ကြည့်ရေးအဖွဲ့ကိုလည်း တော်တော်များများဖွဲ့နိုင်ခဲ့ပါတယ်။ တည်ဆောက် နေတဲ့ ငြိမ်းချမ်းရေးကိုစောင့်ကြည့်ဖို့ Peace Monitor အဖွဲ့အနေနဲ့လည်း အမြန်ဆုံးအလုပ်လုပ်သွား နိုင်ဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

“ဦးအောင်မင်းက ဂျူလိုင် ၁ ရက်နေ့ကပြောတယ်။ အခု လောလောဆယ် Peace Monitor တွေ အတွက် စည်းမျဉ်းရေးဆွဲ နေတုန်းဘဲတဲ့။”

အခုလို ထိုင်းနယ်စပ်တနေရာမှာပြုလုပ်တဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ တွေ့ဆုံပွဲမှာ တိုင်းရင်းသား အဖွဲ့က အစိုးရကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးဆွေးနွေးမယ်ဆိုရင် ဘယ်လိုဖြစ်သင့်လဲဆိုတဲ့ အဓိက ကျတဲ့ အခြေခံမူ ၇ ရပ်ကို ချမှတ်နိုင်ခဲ့ပါတယ်။

(၁) နှစ်ဦးနှစ်ဘက် ဩဇာအာဏာလွှမ်းမိုးမှုမရှိတဲ့ ကြားနေရာတခုခုမှာ ဆွေးနွေးဖို့၊
(၂) နိုင်ငံတကာကနေ သက်သေအဖြစ်လာရောက်စောင့်ကြည့်နားထောင်ပေးဖို့၊
(၃) အစိုးရက အပစ်ရပ်အဖွဲ့ရော မရပ်သေးတဲ့အဖွဲ့အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်း ကိုယ်စား လှယ်များနှင့် တွေ့ဆုံ့ဆွေးနွေးဖို့ ၊
(၄) တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေကြား ညီလာခံ လုပ်ခွင့်ရှိဖို့ ၊
(၅) တိုင်းရင်းသားအင်အားစု ၊ ဒီမိုကရေစီရေးအင်အားစု နဲ့အစိုးရ ၃ ဘက် ၃ တန်က ကိုယ်စားလှယ် အညီအမျှပါဝင်တဲ့ညီလာခံ တခုကျင်းပဖို့၊
(၆) သုံးဘက်သုံးတန်တွေ့ဆုံမှုကနေ ရလာတဲ့ ဆုံးဖြတ်ချက်ကို သက်ဆိုင်ရာက အကောင်အထည် ဖော်ဖို့။ 
(၇) ဒီပရောဆက်ကို ၂၀၁၅ ရွေး ကောက်ပွဲမတိုင်ခင်အပြီးလုပ်ဖို့။ စသည်တို့ဖြစ်ပါတယ်။

ဂျူလိုင်လ ၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာလည်း ဦးအောင်မင်းက-မိမိတို့မှာ အစီအစဉ် ၃ ရပ်ရှိတယ်။ (၁) အပစ်ရပ်မယ်၊ (၂) နိုင်ငံရေးဆွေးနွေးမယ်၊ (၃) ပင်လုံကဲ့သို့ ညီလာခံတရပ် ကျင်းပမယ်။ ၂၀၁၅ မတိုင်ခင် အပြီးလုပ်မယ်လို့ပြောပါတယ်။

သို့ပေမယ့် အခုချိန်ထိ အစိုးရ တပ်ဟာ အပစ်ရပ်ထားတဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေကိုထိုးစစ်ဆင်နေ တုန်းဘဲ။ KIA ကချင်တပ် အပစ်ရပ်ရေးကို ၁၉၉၄ ကတည်းကလက်မှတ်ထိုးထားတယ်။ RCSS ၂၀၁၁ ကတည်းကလည်းကောင်း SSPP က ဒီနှစ်ဂျန္နဝါရီလမှာလည်းကောင်း အပစ်ရပ် လက်မှတ်ထိုးခဲ့တယ်။ တိုက်ပွဲတွေကမရပ်သေးဘူး။ တိုက်ပွဲတွေဖြစ်နေသရွေ့ ယုံကြည်မှုလည်း တည်ဆောက်လို့ ရနိုင်မှာ မဟုတ်ဘူး။ အဲလိုဆိုရင် အောင်မြင်တဲ့ နိုင်ငံရေးဆွေးနွေးမှု မဖြစ်ပေါ်နိုင်အောင် အဟန့်အတားကြီးတခုဖြစ်နေပါလိမ့်မယ်လို့ အစည်းအဝေးတက်ရောက်သူတဦးကဝေဖန်ပါတယ်။

မြန်မာအစိုးရရဲ့ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအောင်မင်းကတော့ ဒီအကြောင်းကိုအသိအမှတ်ပြုပုံရ ပါတယ်။ သူ သျှမ်းကိုယ်စားလှယ်တဦးနဲ့ တွေ့ဆုံစဉ်ကပြောဖူးပါ တယ်။ “ဥက္ကဌ ဦးယွက်စစ်ကိုပြောပြလိုက်ပါ။ သဘောတူညီချက်တွေကများပြီး အကောင်အထည်ဖော် နိုင်မှုက နည်းနေတဲ့အပေါ် အရမ်းကိုအားနာပါတယ်” - တဲ့။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here