Tuesday, August 7, 2012

ဒုံးခွင်းဒုံးများကို အစ္စရေး အဆင့်မြှင့်တင်သွားမည်

0 comments

(ဂျေရုဆလင်  သြဂုတ်  ၆)
အစ္စရေး နိုင်ငံသည် အီရန်၊ ဆီးရီး ယားနှင့် အခြား ဒေသတွင်း ရန်သူ များ၏ တိုက်ခိုက်မှု အန္တရာယ် ကို ကာကွယ်ရန် အတွက် အမေရိကန်၏ အကူ အညီဖြင့် Arrow II ဒုံးကျည် ကာကွယ်ရေး စနစ် ကို အဆင့်မြှင့် တင်သွား မည်ဖြစ် ကြောင်း အစ္စရေး ကာကွယ်ရေး ဝန်ကြီး ဌာနမှ အဆင့်မြင့် အရာရှိကြီး တစ်ဦးက သြဂုတ် ၅ ရက် တွင် ပြောကြား ခဲ့ကြောင်း သိရ သည်။

အစ္စရေး နိုင်ငံ သည် မျိုးဆက် သစ် ကြားဖြတ်   တားဆီးရေး ဒုံးကျည်များ (Blcok 4)၊ ရေဒါများ နှင့် ဒုံးခွင်း ဒုံး နည်းပညာ ဆိုင်ရာ ပစ္စည်းများကို အမြောက် တပ်ဖွဲ့ များတွင် တပ်ဆင်၍ ဖြန့်ချ သွား မည်ဖြစ် ကြောင်းနှင့် ထိုသို့ လုပ်ဆောင်မှု များသည် ရက် သတ္တပတ် အနည်းငယ် ကြာမြင့် မည်ဖြစ် ကြောင်း အဆိုပါ အရာ ရှိကြီး တစ်ဦးက ပြောကြား ခဲ့သည်။

အဆိုပါ Arrow ဒုံးခွင်း ဒုံးများ သည် အစ္စရေး နိုင်ငံ အတွင်း ၂ဝဝဝ ပြည့်နှစ်မှ စ၍ ရန်သူ့ ဒုံးကျည် များကို ဖြိုခွင်းရန် အတွက် အသုံးပြု ခဲ့ပြီး အဆင့် မြှင့်တင် ပြီးပါက ပိုမို ဝေးလံသည့် ပစ်မှတ် များကို တိကျစွာ ပစ်ခတ် နိုင်မည် ဖြစ်ကြောင်း သိရသည်။ အစ္စရေး နိုင်ငံ သည် အီရန်၏ အငြင်းပွား ဖွယ်ရာ နျူကလီးယား အရေး နှင့် ဆီးရီးယား ၏ နိုင်ငံရေး မတည် ငြိမ်မှုများ ကြောင့် ဓာတု လက်နက် များပျံ့ နှံ့သွား မည်ကို စိုးရိမ် လျက်ရှိပြီး ၄င်းနှစ် နိုင်ငံအား ကြိုတင် လက်ဦးမှု ရယူ၍ တိုက်ခိုက် သွားမည်ဟု ခြိမ်းခြောက် ထား ကြောင်း သိရသည်။ 

၎င်း Arrow ဒုံးခွင်းဒုံး များသည် စမ်းသပ် စစ်ဆေးမှု များတွင် ၈ဝ ရာခိုင်နှုန်းမှ ၉ဝ ရာခိုင်နှုန်း အထိ ထိရောက်မှု ရှိခဲ့ ကြောင်း သိရသည်။ 
မြ၀တီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here