Friday, September 21, 2012

ရှေ့လထွက်ရှိမည့် ကျပ်တစ်သိန်းကျော်တန် 800 MHz ဖုန်းသတင်းအား ဆက်သွယ်ရေးအတည်မပြု

0 comments
CDMA  800 MHz ဖုန်းများအား ငွေကျပ်တစ်သိန်းကျော်ဖြင့် ရောင်းချပေးဟုဆိုသည့် သတင်းမှာ မဖြစ်နိုင်ကြောင်း ရောင်းချခွင့် မပေးကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သိရှိရသည်။
  လက်ရှိတွင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ကုမ္ပဏီမှ လာမည့်လ၌ ကျပ် တစ်သိန်း သုံးသောင်းတန် CDMA 800 MHzဖုန်းများ ရောင်းချပေးမည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း ဖုန်းဈေးကွက်မှသိရသည်။

 
ဆက်သွယ်ရေး ၀န်ဆောင်မှူပေးမည့် Operator အဖြစ် ဆောင်းရွက်လိုသောအဖွဲ့အစည်းများသည် ၀န်ဆောင်မှုလိုင်စင်ရရှိရေး အတွက်  ဦးစီးဌာနနှင့်ဝန်ကြီးဌာနများ၌ လိုင်စင် လျှောက်ထားရမည် ဖြစ်သည်။
 
လက်ရှိ MEC အနေနဲ့ ဆက်သွယ်ရေး အော်ပရေတာအတွက် လိုင်စင်လျှောက်ထားခြင်းမရှိသေးဘူး  အော်ပရေတာအဖြစ် မသက်မှတ်နိုင်သေးပါဘူး။ ဒါကြောင့် MEC ကုမ္ပဏီက တန်ဖိုးနည်းဖုန်း ရောင်းချ ပေးမယ်ဆိုတာ မဖြစ်နိုင်ပါ ဘူး ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီး ဌာနရှိ အဆင့်မြင့် တာဝန်ရှိသူတစ်ဦးက ပြောသည်။
 
မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ကုမ္ပဏီမှ တန်ဖိုးနည်းမိုဘိုင်းဖုန်းများအား ရောင်းချပေးမည်ဟု ဖုန်းအရောင်းဆိုင်များ၊ ရပ်ကွက်များနှင့်ဈေးများတွင် သတင်းများထွက်ပေါ်နေခြင်းနှင့်ပတ်သက်၍ ဆက်သွယ်ရေး အရာရှိက ပြောကြားခဲ့ခြင်းဖြစ်သည်။
 
မိုဘိုင်းဖုန်းအရောင်းအ၀ယ်ဈေးကွက်တွင် အောက်တိုဘာလ(၂)ရက်နေ့တွင် ငွေကျပ်တစ်သိန်းသုံး သောင်းဖုန်းများ ထွက်ပေါ် မည်ဖြစ်ကြောင်း မင်္ဂလာဈေးဖုန်းအရောင်းဆိုင်များက သိရှိရသည်။
 
ကျွန်မတို့တော့ ၂ ရက်နေ့လောက် ထွက်မယ်လိုကြားတယ်၊ ဟုတ်လား၊ မဟုတ်လားဆိုတာ တော့ မသိရှိရသေးဘူး၊ ခုလောလော ဆယ်တော့ အရောင်းအ၀ယ်တွေပါးနေတယ် ဟု မင်္ဂလာဈေးအတွင်း ဖုန်အရောင်းဆိုင်တစ်ခုမှ တာဝန်ရှိအမျိုးသမီး တစ်ဦးက ပြောသည်။
  From -မြစ်မခ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here