အခုတလောသတင်းတွေမှာ ရှမ်းပြည်တပ်မတော်လို့ ခံယူထားတဲ့ RCSS/SSA က သူတို့နယ်မြေလု လို့ စစ်တပ်ကို တိုက်နေရတယ်လို့ ရေးထားတာကို သတင်းဌာနတစ်ခုကနေ ခဏ ခဏ မြင်နေ ကြားနေ တွေ့နေ ဖတ်နေရပါတယ်။ သတင်းဆိုတာ အမျိုးမျိုးရေးလို့ရပေမယ့် ပြည်သူထုအကျိုး မရှိမယ့် ထင်ယောင်ထင်မှား ဖြစ်မယ့်သတင်းမျိုးကို မရေးရင်အကောင်းဆုံးပါပဲ။
တကယ်တော့ရှမ်းပြည်နယ် တပ်မတော် SSA ရဲ့ခေါင်းဆောင်ကြီး ရွက်ဆစ်ဆိုတာ ထိုင်းနယ်စပ်မှာ စခန်းဆောက်ပြီးနေခဲ့တဲ့သူပါ။ အခုတော့ ရှမ်းပြည်နယ်ထဲက စခန်းတွေဟာ သူ့နယ်မြေတွေပါ လို့ပြောပြီး တော့ သူ့နယ်မြေထဲ စစ်တပ်ကလူတွေဝင်လာလို့ စစ်တပ်ကိုပြန်တိုက်ရတာပါလို့ ရေးတာဟာ တကယ် တော့ ရွက်ဆစ်အနေနဲ့တွေးကြည့်မယ်ဆိုရင် ရှက်စရာအလွန်ကောင်းလှပါတယ်။ ရွက်ဆစ် ရဲ့ နေထိုင်ရာ ဒေသဟာ ထိုင်းမြန်မာနယ်စပ်က လွယ်တိုင်းလျံမှာပါ။ ရှမ်းပြည်နယ်ထဲမှာ ရွက်ဆစ်ပိုင်တဲ့ စခန်းဆိုတာ တစ်ခုမှမရှိပါဘူး။ ရှမ်းပြည်နယ်လူထုကပေးထားတဲ့ နယ်မြေမရှိသလို သူကိုယ်တိုင်လည်း ရှမ်းပြည်နယ် ကောင်းကျိုးအတွက် ဘာတစ်ခုမှမလုပ်ခဲ့ပါဘူး။ သူ့ကြောင့် ကျွန်တော်တို့ ရှမ်းတိုင်းရင်း သားတွေ ဘိန်းစားတွေဖြစ်ခဲ့ရတာပဲရှိခဲ့ ပါတယ်။ မူးယစ်ဆေးဝါးတွေကို လွယ်တိုင်းလျံမှာ ဖျက်ဆီးပြခဲ့တာ ကလည်း နောက်ကွယ်ကနေ မူးယစ်ဆေးဝါး ကို တံခါးမရှိ၊ ဓားမရှိ လုပ်ကိုင်ချင်လို့ မူးယစ်ဆေးဝါးကို ဒီလိုတိုက်ဖျက်နေပါတယ်ဆိုပြီး နိုင်ငံတကာ အသိ အမှတ်ပြု လက်မှတ်ရအောင်လို့ ဟန်ပြလုပ်ဆောင်ခဲ့ တာပါ။
အဲ့ဒါကိုသိပေမယ့် အစိုးရအနေနဲ့ ခွင့်လွှတ်ပြီး တိုင်းပြည်ကြီး တည်ငြိမ်အေးချမ်းဖို့ ငြိမ်းချမ်းရေးကို ကမ်းလှမ်းခဲ့တယ်။ ငြိမ်းချမ်းရေးမဆွေးနွေးခင်ထိ ရွက်ဆစ်ဟာ ထိုင်းနယ်စပ်မှာအခြေချနေခဲ့ တာပါ ။ငြိမ်းချမ်းရေး ယူဖို့ အစိုးရက ကမ်းလှမ်းလာတော့ လိုချင်လောဘ ရမ္မက်ပြင်းတဲ့စိတ်တွေနဲ့ အတူ တောင်း ဆိုမှုလုပ်ပြီး ရှမ်းပြည်နယ်ထဲမှာ ၀င်ရောက်တစတစ ၀င်ရောက်နေထိုင်ခဲ့တယ်။
ငြိမ်းချမ်းရေးမဆွေနွေးခင်တုန်းက ရွက်ဆစ်ဟာ နယ်စပ်မှာ သိတဲ့သူတွေဆီက ဆက်ကြေး တွေ ကောက်၊ သူသိတဲ့ စီးပွားရေးလုပ်ငန်းတွေရှင်နည်းနည်းပါးပါးဆီက ပိုက်ဆံတွေတောင်းပြီး အဖွဲ့ကြီး တည်မြဲဖို့ ရပ်တည်ခဲ့ပါတယ်။ ဒါပေမယ့် ရွက်ဆစ်ဟာ အဲ့ဒီလောက်နဲ့ မတင်းတိမ်ပဲ မူးယစ်ဆေးဝါး လုပ်ငန်းတွေအပြင် မှောင်ခိုလုပ်ငန်းတွေကို လုပ်ကိုင်ပြီးအဖွဲ့တွေအင်အားတောင့်တင်းအောင် လူသစ်တွေစု၊ ဆက်ကြေးတွေ ကောက်နဲ့ ထင်ရာစိုင်းနေတာလူတိုင်းသိပါတယ်။ အခုလို ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ အချိန်ကျတော့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး သူ့မှာရှိတဲ့ လူ၊ လက်နက်တွေကို ရှမ်းပြည်နယ်အတွင်း ထိအခြေချပြီး သူ့နေရာတွေပါလို့ အစိုးရကိုတောင်းဆိုတယ်။ အစိုးရကလိုက်လျောဖို့ စဉ်းစားနေတဲ့အချိန်မှာ အကြောင်းအမျိုးမျိုးပြပြီး စစ်တပ်ကို တိုက်တယ်။ ငြိမ်းချမ်းရေးဆွေးနွေးနေတာတောင်မှ စစ်တပ်က သမ္မတအမိန့်ကိုမလိုက်နာဘဲ သူတို့ကိုတိုက်တယ်ဆိုပြီး အသံကောင်းဟစ်တယ်။ တကယ်တော့ ရွက်ဆစ်လို လူမျိုးဟာ အင်မတန် ကောက်ကျစ်ပြီး ဥာဏ်များလှပါတယ်။ အစိုးရက အဲ့ဒီနယ်မြေတွေကို မပေးရင် သူ့ပိုင်တဲ့နယ်မြေတွေကို မတရားသိမ်းပိုက် တယ်လို့ပြောမယ်။ အဲ့ဒီနယ်မြေတွေ ကိုမပေး လို့ငြိမ်းချမ်းရေး မယူရတာပါဆိုပြီး အစိုးရကို နိုင်ငံတကာနဲ့ ရန်တိုက်ပေးမယ်။ ပေးခဲ့ရင်လည်း အဲ့ဒီနယ်မြေ တွေမှာ ဆက်ကြေးတွေတိုးကောက်လို့ရမယ် ဆိုတော့ ရွက်ဆစ်အတွက်က ဘယ်လိုမှအရှုံး မရှိပါဘူး။ ဟိုးအရင်တုန်း က ရွက်ဆစ်ဟာ သူများပေးကမ်း တာလေးကို စားသောက်ပြီးနယ်စပ် မှာ ဖြစ်သ လိုနေခဲ့ရတာပါ။ အခုတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို အကြောင်းပြပြီး တပ်တွေခေါ်လာ နေရာတွေ တိုးချနဲ့ ငါ့နယ်မြေ ကျူးကျော်လို့တိုက်ရတာပါဆိုတဲ့ အကြောင်း ပြချက် က တကယ်ပဲ ကလေးဆန်းလှ ပါတယ် ခေါင်းဆောင် ကြီးရယ်။ ငါ့နယ်မြေလို့ပြောပြီး ဘာနဲ့သက်သေ ပြမလဲလို့မေးရင် အဖြေမရှိတဲ့ မေးခွန်းဖြစ်နေလို့ ကလေး ဆန်စွာနဲ့ပြော နေအုံးမှာမြင်ယောင်ပါ သေးတယ်။
ထိုင်း-မြန်မာနယ်စပ်စစ်ရေးအကဲခတ်တစ်ဦး