ရန်ကုန်၊ စက်တင်ဘာ ၁၇
အင်းလေးတွင် ဟိုတယ်ဇုန် သစ်ထပ်မံဖော်ထုတ်ရန်အတွက် တောင်ပေါ်သစ်တောကြိုးဝိုင်း မြေဧက ၆ဝဝ ကျော်ကို တိုင်း ဒေသကြီးအစိုးရမှ လျာထားပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။ ”ကန်ထဲမှာ မပေးတော့ဘူး။ အင်းလေးကန်အရှေ့ဘက် တောင်ပေါ်က သစ်တောကြိုးဝိုင်း ဧရိယာကို ပေးတယ်” ဟုခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ အဆိုပါ မြေနေရာသည် သစ်တောကြိုးဝိုင်း ဧရိယာဖြစ်သောကြောင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန မှသစ်တော ဖျက်ပေးရမည်ကို မလိုလားကြောင်း၊ လုပ်ကိုင်ခွင့်ရရှိမည်ဆိုပါက သစ်တောအား မြေငှားရမ်း ခပေးရမည်ဖြစ်ကြောင်း သိရ သည်။ ဟိုတယ်ဇုန်သစ်အဖြစ် ထပ်မံ ဖော်ထုတ်မည့် မြေဧက ၆ဝဝ ကျော်သည် ဟိုတယ်တစ်လုံးလျှင် ၁ဝ ဧက သို့မဟုတ် ၅ ဧကမျှ ချထားပေးရန်ရှိပြီး လက်ရှိတွင် တိုင်းဒေသ ကြီးအစိုးရမှ ဖော်ထုတ် လုပ်ကိုင်ခြင်းဖြစ်ကာ ခရီးသွားလုပ် ငန်းအဖွဲ့ချုပ်သို့ပေးအပ်ခြင်းမရှိ သေးကြောင်း သိရသည်။ ဇုန်သစ် ဖော်ထုတ်မှုအား တိုင်းဒေသကြီး အစိုးရမှ အတိအလင်း ပေးအပ်ပါက ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ထူ ထောင်ထားသည့် အများပိုင်ကုမ္ပဏီ အနေဖြင့် ဇုန်ပေါ်ထွက်လာရေးကို လုပ်ကိုင်ဆောင်ရွက် သွားမည်ဖြစ် ကြောင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ဇုန်သစ်များထပ်မံဖော်ထုတ် ရန် ၂ဝ၁၁ ခုနှစ်မှ စတင်လုပ်ကိုင် လျက်ရှိသော် လည်းယခုနှစ် စက်တင်ဘာတွင် မန္တလေးဇုန်သစ်နှင့် အင်းလေးဇုန်သစ်သာ ပေါ်ထွက် လာခြင်းရှိကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ဟိုတယ်ဇုန် ၁၁ဇုန်၌ ဟိုတယ် အလုံးရေ ၇ဝဝဝ ကျော်ရှိပြီး လာမည့်ခရီးသွားရာသီ အတွက် ဇုန်အသီးသီးတွင် ဇုန်သစ် များဖော်ထုတ်ခြင်းနှင့် ဟိုတယ်ခန်း များတိုးချဲ့ခြင်းများကို ပြုလုပ်လျက် ရှိသည်။
ဝေယံမိုးမြင့်

ref: Popular