Tuesday, September 18, 2012

လာမည့်နှစ်တွင် လွတ်လပ်သော ငွေကြေးမူဝါဒတစ်ရပ် ဖော်ဆောင်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်စီစဉ်

0 comments

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက ပြည်တွင်း၌ ၀င်ရောက်ရင်းနှီးမြှုပ်နှံ ချိန်တွင် ဈေးနှုန်းများနှင့် ဘဏ်များတည်ငြိမ်မှု ရှိစေရန်အတွက် လွတ်လပ်သော ငွေကြေးမူဝါဒတစ်ရပ်ကို လာမည့် ၂၀၁၃ နှစ်ဝက်ကာလ၌ ဖော်ဆောင်သွားရန် စီမံထားသည်။

လွှတ်တော်သည် ရှေ့လ၌ နိုင်ငံတော်ဗဟိုဘဏ်၏ လုပ်
်ပိုင်ခွင့်နှင့် သီးခြားအမှီအခိုကင်း စွာ ရပ်တည်နိုင်မှုကို ချဲ့ထွင်ပေးမည့် ဥပဒေသစ် ပြဋ္ဌာန်းရန်လည်း စဉ်းစားနေသည်ဟု ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက ဘလွန်းဘာ့ဂ်သတင်းနှင့် အင်တာဗျူးတစ်ခုတွင် စက်တင်ဘာ ၁၄ က ပြောကြားသည်။ နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ IMF နှင့် ထိုင်းဗဟိုဘဏ်တို့သည်လည်း မြန်မာအရာရှိများကို သင်တန်းပေး လေ့ကျင့်လျှက်ရှိရာ မကြာမီ ပြီးဆုံးတော့မည်ဖြစ်သည်။ ဦးမောင်မောင်ဝင်းက "ကျွန်တော်တို့ နောက်ကျနေပါတယ်။ ဒါကြောင့် ကြိုးစားလုပ်ဆောင် ရပါမယ်။ လေ့ကျင့်ရေး သင်တန်းအစီအစဉ်တွေပြီးတာနဲ့ ငွေကြေးဖောင်းပွမှုကို အာရုံစိုက်မှာပါ။ နိုင်ငံခြားငွေ ဈေးကွက်ကို အာရုံစိုက်နိုင်မှာပါ"ဟု ပြောသည်။

မြန်မာအရာရှိများသည် Western Union (WU)နှင့် ကိုကာကိုလာကဲ့သို့ နိုင်ငံတွင်းလုပ်ငန်း လာရောက်လုပ်ကိုင်မည့် ကုမ္ပဏီကြီးများ ၀င်လာပါက ပုံမှန်မဟုတ်သည့် နိုင်ငံခြားငွေ ရောင်းဝယ်မှုများ မဖြစ်စေရန် ဘဏ္ဍာရေးစနစ် ထိန်းချုပ်ရေးအတွက် ပြင်ဆင်နေသည်။ ယခုအခါ ဘဏ်များအား တရားဝင် နိုင်ငံခြားငွေကြေး လဲလှယ်ခွင့်ပေးထားရာ ဘဏ်များက ကိုင်တွယ်နေသည့် ငွေလဲလှယ်မှု ပမာဏ နေ့စဉ်ဒေါ်လာနှစ်သန်းရှိပြီး အပြင်ဈေးကွက်၌ ဒေါ်လာငါးသန်းခန့် ရှိသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ၂၀၁၃ ဒီဇင်ဘာ၌ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပချိန်၌ တရားမ၀င် နိုင်ငံခြားငွေ ရောင်းဝယ်မှုများ ပပျောက်အောင် ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း သိရသည်။

From :7day

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here