Monday, September 17, 2012

စက်တင်ဘာလ၂၂ရက်နေ့တွင် ကျပ် ၅၀၀၀ တန်ငွေဖြည့်ကတ် စတင်ရောင်းချမည်

0 comments

ကျပ်ငါးထောင်တန် ကြိုတင်ငွေဖြည့်ကတ်များကို စက်တင်ဘာ တတိယပတ်အတွင်း စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

ကျပ် ၅၀၀၀ တန် ကြိုတင်ငွေဖြည့်ကတ်များနှင့
် ပက်သက်ပြီး E-Lite မှ တာဝန်ရှိသူတစ်ဦးက ''အမြန်ဆုံး ရောင်းနိုင်အောင် ပြုလုပ်နေပါတယ်။ တစ်ခုတည်းက ထုတ်မှာမဟုတ်ပါဘူး။ နောက်ထပ် ကုမ္ပဏီနှစ်ခုကလည်း ထုတ်မှာပါ။ ထုတ်တဲ့ကတ် တိုင်းမှာ ထုတ်တဲ့ကုမ္ပဏီအမှတ်အသား ပါမှာပါ''ဟု ပြောကြားသည်။

ကျပ် ၅၀၀၀ တန် ကြိုတင်ငွေ ဖြည့်ကတ်များ၏ အရောင်မှာ CDMA 800 mhz သည် ခဲရောင်ဖြစ်၍ 450 mhz ဆိုလျှင် ရွှေဝါရောင်ဖြစ်ပြီး GSM ဆိုလျှင် စိမ်းပြာရောင်ဖြစ်ကြောင်း သိရသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here