Monday, September 17, 2012

မြန်မာငွေပေးကတ် ကွန်ရက် တရုတ်၊ ဂျပန်သို့ ချိတ်ဆက်

0 comments

ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၀၄ နိုင်ငံတွင် အသုံးပြုနေသော တရုတ်ပြည်သူ့ သမ္မတနိုင်ငံ China Union Pay (CUP) ကတ်နှင့် ဂျပန်နိုင်ငံတစ်ဝန်း အသုံးပြုနေသော Japan Credit Bureau(JCB) ကတ်များသည် မြန်မာနိုင်ငံတွင် မကြာမီ အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း မြန်မာ့ငွေပေးချေမှုကော်မတီ အတွင်းရေးမှူး ဦးရဲမင်းဦးက စက်တင်ဘာလ ၁၄ ရက်နေ့ ရန်ကုန်မြို့တော်ရှိ ဗဟိုဘဏ်တွင် ပြောကြားသည်။ အထက်ပါ ပြောကြားချက်ကို ရန်ကုန်မြို့တော်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်တွင် ကျင်းပသော Myanmar Payment Union (MPU) ကတ် မိတ်ဆက်အခမ်းအနားတွင် ပြောကြားခြင်းဖြစ်သည်။ အဆိုပါ ကတ်အဖွဲ့အစည်း များနှင့် မြန်မာနိုင်ငံရှိ Myanmar Payment Union (MPU) တို့ နားလည်မှု စာချွန်လွှာ (MoU) ကို မကြာမီ ရက်ပိုင်းအတွင်း ရေးထိုး မည်ဖြစ်ပြီး ခြောက်လအကြာတွင် မြန်မာနိုင်ငံတွင်းတွင် စတင်အသုံးပြုနိုင်မည် ဖြစ်သည်။ အဆိုပါ ကတ်များအပြင် ကမ္ဘာအဝန်း အသုံးပြုနေကြသော Master Card နှင့် Visa Card အဖွဲ့အစည်းများ က မြန်မာငွေပေးချေကတ်နှင့် ချိတ်ဆက်ရန် လာရောက်ဆွေးနွေးမှုများရှိပြီး အမှန်တကယ် စာချုပ်ဖြင့် ဆောင်ရွက်နိုင်ရန်မှာ အမေရိကန်ပြည်ထောင်စု၏ ပိတ်ဆို့အရေးယူမှုများ အပေါ်တွင် မူတည်နေကြောင်း ၎င်းကဆက်လက် ပြောကြားသည်။ ယင်းကတ်ကို စက်တင်ဘာလ ၁၄ ရက်နေ့မှ စတင်၍ မြန်မာနိုင်ငံတွင် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘောဇဘဏ်၊ သမဝါယမဘဏ်၊ ဧရာဝတီဘဏ်၊ မြဝတီဘဏ်၊ မြန်မာ့ရှေ့ဆောင် ဘဏ်၊ မြန်မာအရှေ့တိုင်း ဘဏ်နှင့် မြန်မာနိုင်ငံသား များဘဏ်တို့ရှိ ATM စက်များအပြင် Signature Resturant၊ Gandamar Wholesale၊ Petrol K ဆီဆိုင်၊ Ari Bagan၊ Asia Wings၊ Ruby Mart၊ Junction Square စသည့် နေရာတို့တွင်လည်း အသုံးပြုနိုင်ကြောင်း မြန်မာငွေပေးကတ် MPU ကတ်၏ လက်ကမ်းစာစောင်တွင် ဖော်ပြထားသည်ဟု ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၇ ရက်နေ့ထုတ် The Voice ဂျာနယ် တွင် ဖော်ပြထားပါသည်။

From : The Voice

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here