Saturday, September 15, 2012

ငါးလအတွင်း မြန်မာနိုင်ငံတွင် ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ ခြောက်ဘီလီယံ ကျော်ရှိ

0 comments




ယခုနှစ် ဧပြီလမှ သြဂုတ်လ အတွင်း မြန်မာနိုင်ငံ၏ ပို့ကုန်သွင်းကုန် ကဏ္ဍတွင် အမေရိကန် ဒေါ်လာ ၆ ဒသမ ၆ ဘီလီယံကျော် ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ၏တရားဝန် ထုတ်ပြန်ချက်များ အရ သိရသည်။

ယင်းကုန်သွယ်မှု၏ ပို့ကုန် ကဏ္ဍသည် အမေရိကန် ဒေါ်လာ ၃ ဒသမ ၂၃ ဘီယီယံ ရှိပြီး ၊ သွင်းကုန် ပမာ
ဏသည် အမေရိကန် ဒေါ်လာ ၃ ဒသမ ၃၈ ဘီလီယံ ရှိကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပို့ကုန်ကဏ္ဍ၏ အဓိကမှာ သဘာဝ ဓာတ်ငွေ့ဖြစ်ပြီး အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ ကျော်ရှိပြီး ကျန်ပို့ကုန်များမှာ ပဲ နှင့် ကျောက်စိမ်းတို့ ဖြစ်ကြောင်း Asian Affairs သတင်းဌာနတွင် ဖော်ပြထားသည်။

၂၀၁၂-၂၀၁၃(ဇူလိုင်လအထိ) ခုနှစ်အတွက် ကုန်သွယ်မှု ပမာဏသည် အမေရိကန် ဒေါ်လာ ၄ ဒသမ ၃၆ ဘီလီယံ ရှိပြီး ၊ ၂၀၁၁-၂၀၁၂ ခုနှစ်က ၁၈ ဒသမ ၁၇ ဘီလီယံထိ ရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန မှ သိရသည်။
From : The Voice

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here