စက်တင်ဘာ(၁၇)ရက်နေ့က တာချီလိတ်မြို့မှာရှိတဲ့ မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၁) တံတားပေါ်မှာ ထိုင်းနိုင်ငံရဲတပ်ဖွဲ့မှ ဒု-ရဲချုပ် နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲချုပ်တို့ ဆွေးနွေးမှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
နံနက်(၁၀း၃၀)က ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ်မှာ ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့မှ ဒု-ရဲချုပ် နဲ့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲချုပ် ကျော်ကျော်ထွန်း နဲ့ အဖွဲ့(၁၅)ဦးကို လာရောက် ကြိုဆိုပြီး တွေ့ဆုံဆွေးနွေးမှုကို ပြုလုပ်ခဲ့ကြပါတယ်။ ဆွေးနွေးမှုအပြီး မယ်ဖလုံ လွိုင်တုံး ဖွံ့ဖြိုးစီမံကိန်း နဲ့ ချိန်းဆဲန် ဘိန်းလေ့လာရေး ပြသခင်းကျင်းပွဲကို ဆက်လက်ထွက်ခွာခဲ့ကြတယ်လို့ သိရပါတယ်။
ကာကွယ်ရေး နှင့် မူးယစ်ဆေးဝါးနှိမ်နင်ရေး တပ်(၅) ဦးစီးချုပ် က စတင်ပြီး နှစ်နိုင်ငံ နားလည်မှုဆွေးနွေးပွဲကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
အဆိုပါအခမ်းအနားကို ထိုင်းဘက် သက်ဆိုင်ရာဌာနမှ ပုဂ္ဂိုလ်များ မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့ဝင်များ နဲ့ မယ်ဖလုံပရဟိတအသင်းတို့အပါအ၀င် မြန်မာနိုင်ငံဘက်မှ ရဲချုပ် ကျော်ကျော်ထွန်း နှင့် အဖွဲ့ဝင်(၁၅)ဦး တက်ရောက်ခဲ့ကြပါတယ်။
အဓိက ဆွေးနွေးတဲ့ အချက်အလက်ကတော့ နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူမှုဖူလုံတည်မြဲရေးအတွက်အပြင် မူးယစ်ဆေးဝါး နှိမ်နင်းနိုင်ရန်အတွက် ဆွေးနွေးရန်ဖြစ်ပါတယ်။ အဆိုပါဆွေးနွေးမှုများထဲတွင် မယ်ဖလုံပရဟိတအသင်းက မြန်မာနိုင်ငံပြည်သူတွေကို လက်မူပညာအမျိုးမျိုးသင်တန်းပို့ချပေးမှာဖြစ်ပြီး ထိုင်းနိုင်ငံသို့ သင်တန်းတက်ရောက်နိုင်ရန်အတွက်
မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များကို ဖိတ်ကြားခဲ့ပါတယ်။
မိမိတတ်မြောက်သွားသော ပညာရပ်များကို အကျိုးရှိရှိ မိမိနေရာဒေသမှာ ဆက်လက်ပြန့်ပွား၍ အသက်မွေးဝမ်းကြောင်းအတွက် ဖြစ်လာနိုင်ရန် ရည်ရွယ်ချက်လည်းဖြစ်ပါတယ်။ ဒီလို ရည်ရွယ်ချက် အောင်မြင်လာရင် နယ်စပ်မူးယစ်ဆေးဝါးလျော့နည်းလာစေပြီး နောက်ဆုံးအနေဖြင့် ပပျောက်သွားနိုင်မယ်လို့ တပ်(၅)ဦးစီးချုပ်က ပြောပါတယ်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲချုပ် ကျော်ကျော်ထွန်း နဲ့ အဖွဲ့(၁၅)ဦးတို့သည် ထိုင်းနိုင်ငံဘက်မှ ဆွေးနွေးမှုများအပြီး ညနေ(၅း၃၀)မှာ ပြန်လည်ထွက်ခွာခဲ့တယ်လို့ သတင်းရရှိပါတယ်။
Photo: Thai Online News

ref: တာချီလိတ်အွန်လိုင်းစာမျက်နှာ