Friday, September 14, 2012

လွှတ်တော် ဂျာနယ် ထွက်ပါပြီ

0 comments

ထွက်လာတဲ့ လွှတ်တော်ဂျာနယ်၊ ဓာတ်ပုံ- MRTV 4
လွှတ်တော်မှာ ဘာတွေ ဆွေးနွေးတယ်၊ လွှတ်တော်တွင်း မြင်ကွင်းတွေကို ဖော်ပြထားတဲ့ လွှတ်တော်ဂျာနယ်ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ က စတင်ထုတ်ဝေလိုက်ပါပြီ။ လာမယ့် နောက်ထပ်ကျင်းပမယ့် လွှတ်တော် အစည်းအဝေး ကာလတွေမှာ အပတ်စဉ် ထုတ်ဝေသွားမှာ ဖြစ်တဲ့အကြောင်း MRTV 4 မှာ ဖော်ပြ ထားပါတယ်။

အဓိကကတော့ လွှတ်တော်တွင်း ဖြစ်ပျက်တဲ့အကြောင်းတွေကို ဖော်ပြပေးသွားမယ်ဆိုတော့ လွှတ်တော်မှာ အိပ်ပျော်နေ တဲ့ အမတ်မင်းများ၊ ညဖက် ကာရာအိုကေသွားတဲ့ အမတ်မင်းများ စတဲ့အကြောင်းတွေပါ လွတ်တော် ဂျာနယ်က ဖော်ပြ ပေး လာမလားဆိုတာ စောင့်ကြည့်ရမှာပါဘဲ။

အရင်ကတော့ လွှတ်တော်ဟာ ပြည်သူ့လွှတ်တော်ဆိုတဲ့ နာမည်နဲ့ ဖေ့စ်ဘုတ်စာမျက်နှာ တခုဖွင့်ထားခဲ့ပါတယ်။ လွှတ်တော်ဆွေးနွေးချက်တွေကို တင်ပြပေးခဲ့ဖူးပါတယ်။ ဒါပေမယ့် လွှတ်တော်ထဲက အဖြစ်အပျက်တွေ အကုန် မထည့်ပေးပါဘူး။

ဒါဆိုရင်တော့ လွှတ်တော် ဂျာနယ်ဟာ စာနယ်ဇင်း လွတ်လပ်မှုကို လွှတ်တော်ကိုယ်တိုင်က ဖော်ကျူးပြမယ့် အနေ အထားပါ။

လွှတ်တော် ဥက္ကဌတွေကို ကျော်ငြာထိုးပေးတာ၊ ဘုန်းတော်ဘွဲ့ ရေးသားပြတဲ့ လွှတ်တော် ဂျာနယ်ဆို ရင်တော့ နိုင်ငံပိုင် သတင်းစာတွေနဲ့ သိပ်မထူးနိုင်ပါဘဲ။

မြန်မာနိုင်ငံရဲ့ စတုတ္တမဏ္ဍိုင်အားကောင်းတာကို ပြသတဲ့ မြန်မာ့ပေတံတွေထဲက တခုကတော့ စာနယ်ဇင်း ဘယ်နှစ်စောင် ထုတ်ဝေခွင့် ပေးထားတယ်ဆိုတာနဲ့ တိုင်းတာတာ သတိထားမိလို့ပါ။

မြန်မာနိုင်ငံမှာ ပုဂ္ဂလိက ဂျာနယ်ပေါင်း ဘယ်နှစ်စောင် ရှိကြောင်း၊ မဂ္ဂဇင်းပေါင်း ဘယ်နှစ်ခု ရှိကြောင်းပြောပြီး စာပေ လွတ် လပ်ခွင့် ဘယ်လောက် ရှိတယ်ဆိုတာကို ထုတ်ဝေခွင့်ရ စာစောင် အမျိုးအစား အရေအတွက်တွေ နဲ့ တလျှောက်လုံးတိုင်းတာ ပြ လာတာမို့ပါ။

အခု သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးတွေနဲ့ သက်ဆိုင်ရာ ပြည်နယ်အစိုးရတွေကလည်း သတင်းစာ၊ ဂျာ နယ်တွေ ထွက်လာတာလည်း ရှိပါတယ်။

မကြာသေးခင်ကဘဲ ပြန်ကြားရေး ၀န်ကြီးသစ် ဦးအောင်ကြည်က လာမယ့် နှစ်မှာ ပုဂ္ဂလိကပိုင် နေ့စဉ်ထုတ် သတင်းစာ တွေ ထွက်လာဖို့ ရှိတယ်လို့ ပြောထားပါတယ်။

အခု လက်ရှိ နိုင်ငံပိုင် ကြေးမုံသတင်းစာကလည်း အသွင်အပြင် ပြောင်းလဲပြီး ပြည်သူ ဗဟိုပြု သတင်းများကို ဦးစားပေး ဖော်ပြမယ်ဆိုဘဲ။ ထူးလာတာကတော့ ကြေးမုံဆိုတာကို အရောင်နဲ့ ရိုက်နှိပ်ဖော်ပြတာနဲ့ အရင်က မဖော်ပြခဲ့ဖူးတဲ့ တချို့ သတင်းတွေ ဖော်ပြစပြုလာတာပါ။


ဧရာဝတီ(Blog)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here