Tuesday, September 18, 2012

နိုင်ငံခြားသားများအတွက် ရထားခများ ထုတ်ပြန်

0 comments



နိုင်ငံခြားသားများ ပေးဆောင်ရမည့် ရထားလက်မှတ်ခ နှုန်းထားများကို ရန်ကုန်ဘူတာကြီးတွင် ပထမဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ “နိုင်ငံခြားသားတွေအတွက် အလွယ်တကူ သိရှိနိုင်အောင် လက်မှတ်ခတွေကို တရားဝင်ကပ်ပြီး ကြေညာပေးလိုက်တာပါ။ မြင်သာအောင်လို့ပေါ့” ဟု မြန်မာ့မီးရထား ရန်ကုန်ဘူတာကြီးမှ တိုင်းမန်နေဂျာ ဦးသိန်းနိုင်က ပြောသည်။ ယင်းသို့ ထုတ်ပြန်ကြေညာချက်ကို သြဂုတ်လ တတိယအပတ်မှ စတင်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံခြားသား များအတွက် အခြားဝန်ဆောင်မှုအသစ် အနေဖြင့် လမ်းပြမြေပုံအညွှန်းများကိုပါ ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ကြေညာချက်အရ ရန်ကုန်-မန္တလေး လမ်းပိုင်းတွင် နိုင်ငံခြားသားများ ပေးဆောင်ရမည့် လက်မှတ်ခနှုန်းထားသည် အိပ်စင်လက်မှတ်အတွက် ၃၃ ဒေါ်လာ၊ အထက်တန်း လက်မှတ်အတွက် ၃၀ ဒေါ်လာ၊ ပထမတန်း လက်မှတ်အတွက် ၂၂ ဒေါ်လာနှင့် ရိုးရိုးတန်း လက်မှတ်အတွက် ၁၁ ဒေါ်လာ သတ်မှတ်ထားကြောင်း သိရသည်။ “ဒီမှာ ထုတ်ပြန် လိုက်တော့ နိုင်ငံခြား သားတွေက မေးမြန်းတာတွေ ရှိပါတယ်။ လက်မှတ်ခနှုန်းထားက အရမ်းဈေးကြီးတယ်လို့ ဆိုတယ်။ နောက်ပြီး တခြားဖြေရှင်းပေးရတဲ့ ပြဿနာတွေလဲ ရှိတာပေါ့” ဟု ရန်ကုန်ဘူတာကြီးအတွင်းရှိ Conplain Center မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ နိုင်ငံခြားသား ခရီးသည်များအနေဖြင့် ရန်ကုန်မှ မော်လမြိုင်အထိ အထူးအမြန်ရထားလမ်း ပိုင်းကို အထက်တန်းလက်မှတ် တစ်စောင်လျှင် ၁၆ ဒေါ်လာ၊ ရန်ကုန်-ပုဂံ အထူးအမြန်ရထား လမ်းပိုင်းတွင် အိပ်စင်လက်မှတ်အတွက် ဒေါ်လာ ၅၀၊ အထက်တန်း လက်မှတ်အတွက် ဒေါ်လာ ၄၀ နှင့် ဒုတိယတန်းအတွက် ဒေါ်လာ ၃၀ သတ်မှတ်ထားကြောင်း သိရှိရသည်။
From : Flower News

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here