Monday, September 17, 2012

စိုးမြတ်နန္ဒာရဲ့ Karat Silk ပိုးထည်ဆိုင်ဖွင့်ပွဲ

0 comments
စိုးမြတ်နန္ဒာနဲ့ သူငယ်ချင်း ၂ ဦးပေါင်းပြီးဖွင့်လှစ်တဲ့ Karat Silk  ပိုးထည်ဆိုင်ကို စက်တင်ဘာ ၁၄ ရက်နေ့ မနက် ၇ နာရီ ၄၅ မိနစ်မှာ ဆရာလေးဒေါ်ခေမာစာရီက နံ့သာရည်များပက်ဖျန်းကာ ဖွင့်လှစ်ခဲ့ပါတယ်။မနက် ၁ဝ နာရီခွဲမှာတော့ ဘုန်းကြီးငါးပါးပင့်ကာ ဘုရားအနေကဇာတင်ခဲ့ပြီးအန္တရာယ်ကင်းပရိတ်များ ရွတ်ဖတ်ခဲ့ကြ သလို သံဃာတော်များကို သင်္ကန်းနဲ့ဝတ္ထု အလှူငွေများနေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ Karat Silk ပိုးထည်ဆိုင်ကို အမှတ်- ၄၂ ဒီ၊ ပန်ထြာလမ်း၊ ဦးဝိစာရ လမ်းနဲ့ ရွှေတိဂုံဘုရားလမ်းကြား၊ ဒဂုံမြို့နယ် ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားပြီး အဲဒီဆိုင်မှာ ခေတ်မီလှပတဲ့ အမျိုးသမီးပွဲတက်ဝတ်စုံနဲ့ ချိတ်အမျိုးမျိုး၊ ပွဲတက်လက်ကိုင် အိတ်နဲ့ ပွဲတက်ဖိနပ်၊ အမျိုးသားပွဲတက်ဝတ်စုံများကို ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။
Karat Silk ပိုးထည်ဆိုင်နဲ့ပတ်သက်ပြီး စိုးမြတ်နန္ဒာက “ဒါဒါတို့မြန်မာပိုးထည်တွေကိုတော့ ရက်ကန်းစင်တစ်စင်နဲ့ ချိတ်ထားပြီး ဆိုင်မှာတင်ပါတယ်။ ယိုးဒယားက ပိုးကျတော့ ယိုးဒယားကနေ အော်ဒါမှာတယ်။ ကျန်တဲ့ ပိုးပြောင်တွေအားလုံးကို ဘန်ကောက်ကဝယ်တယ်။ ဇာတချို့က စင်ကာပူမှာဝယ်တယ်။ ဒီကရက်ကန်းစင် ကိုကျတော့ ဒါဒါတို့ကဒီဇိုင်းပေးပြီးရက်ခိုင်းတယ်။ အမျိုးသားတွေအတွက် ပုဆိုးတွေကိုလည်း အမျိုးသမီးချိတ်ထဘီနဲ့ လိုက်ဖက်အောင် အရောင်စုံတင်တယ်။ ဒါဒါတို့ ဆီမှာပွဲနေပွဲထိုင်အတွက် လက်ကိုင်အိတ်တို့၊ ဖိနပ်တို့လည်းရှိပါတယ်။ ဒါဒါက မြန်မာချိတ်မှာ အသားaပျာ့တာကြိုက်တယ်။ အဲဒါကြောင့် မြန်မာချိတ်ကိုလည်း ပျော့တာကို ကြိုးစားပြီးရက်ခိုင်းထားတယ်”လို့ ပိုးထည်ဆိုင်အကြောင်း ပြောပါတယ်။ စိုးမြတ်နန္ဒာက စက်တင်ဘာ ၁၅ရက်နေ့မှာတော့ အနုပညာမောင်နှမများနဲ့ မိတ်ဆွေများကို Karat Silk ပိုးထည်ဆိုင်ကို ဖိတ်ကြားခဲ့ပါတယ်။
 




ခိုင်ဝေလွင်
ref: Popular

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here