Thursday, September 20, 2012

လေးလမ်းသွား ဘုရင့်နောင် တံတားသစ် ထပ်မံဆောက်လုပ်မည်

0 comments
ရန်ကုန်၊ စက်တင်ဘာ ၁၈
ရန်ကုန် ဘုရင့်နောင် တံတားနှင့် အပြိုင် လေးလမ်းသွား တံတား တစ်စင်း ထပ်မံ ဆောက်လုပ် သွားမည်ဟု ဆောက်လုပ်ရေး ဝန်ကြီး ဌာနမှ တာဝန် ရှိသူက ပြော သည်။ ”ဒီနေ့ပဲ ဒီဇိုင်း စဆွဲနေပါပြီ” ဟု အထက်ပါ ပုဂ္ဂိုလ်က စက်တင်ဘာလ ၁၈ ရက်နေ့တွင် ပြောသည်။ ရန်ကုန်၌ ယာဉ်ကြော ပိတ်ဆို့ မှုဖြစ်ပွားရာ နာမည်ကြီးနေရာ တစ်ခုဖြစ်သော ဘုရင့်နောင်လမ်းဆုံ နေရာကို ဖြေရှင်း သည့်အနေဖြင့် ထိုကဲ့သို့ တံတား ဖောက်လုပ်ရန် လုပ်ဆောင်ေ နခြင်းဖြစ်သည် ဟု ဆောက်လုပ်ရေး ဝန်ကြီး ဌာန မှ သိရသည်။ ဆောက်လုပ်ရေး ဝန်ကြီး ဌာန တာဝန် ရှိသူက ”အခု ရှိနေတဲ့ တံတား က နှစ်လမ်း သွားပဲ ရှိတယ်။ အခု ဒီ တံတားက လက်ရှိ တံတားနဲ့ ယှဉ်ပြီး လေးလမ်းသွားဖောက်လုပ် မယ်” ဟု ပြောသည်။ ဒီဇိုင်း ဆွဲ၍ ကုန်ကျ စရိတ်များတင်ပြမှုကို မကြာမီပြုလုပ်မည်ဖြစ်ရာ ဆောက်လုပ်မည့်အချိန်နှင့် ကုန်ကျစရိတ်တို့ကို မပြောနိုင်သေးဟု ၄င်းကပြော သည်။ ဘုရင့်နောင်တံတားပေါ်မှ နေ့စဉ်ကားအစီးရေ ၃ဝဝဝဝ ကျော် ဖြတ်သန်းသွားလာနေကြောင်း၊ ကားလမ်းမကျပ်စေရန် ဘုရင့်နောင်ခုံးကျော် တံတားတစ်စင်းကိုလည်း ပြည်တွင်းပုဂ္ဂလိကကုမ္ပဏီတစ်ခုမှ ဆောက်လုပ်ရန် စီစဉ်နေကြောင်း သိရသည်။
P.News

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here