Tuesday, September 18, 2012

တာချီလိတ်မြို့ ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်(၂)ဦးမှ ကျောင်းပညာရေးနှင့် အာခါတိုင်းရင်းသားရိုးရာယဉ်ကျေးမှုရုံးအတွက် အလှူငွေများ လှူဒါန်း

0 comments
၂၀၁၂ခုနှစ် စက်တင်ဘာ(၁၇)ရက်နေ့ နံနက်ပိုင်းတွင် တာချီလိတ်ခရိုင်/မြို့နယ်
 ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကော်မတီဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်(၂)ဦးမှ စာသင်ကျောင်းအတွက် စာသင်ခုံ(၁၀)စုံနှင့် ဆောက်လုပ်နေလျှက်ဖြစ်သော
အာခါတိုင်းရင်းသားရိုးရာယဉ်ကျေးမှုရုံးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိပါသည်။


{မူလွန်ကျောင်းသို့ လှူဒါန်း}

၂၀၁၂ခုနှစ် စက်တင်ဘာ(၁၇)ရက် နံနက်ပိုင်းတွင် တာချီလိတ်မြို့ ဟောင်လိတ်ကျေးရွာအုပ်စုဝင် ပါလျံ(၁) ရန်အောင်မြေ အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းဆောင်သစ်အား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနား၌ အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး၊
 ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း နှင့် ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များ တက်ရောက်ခဲ့ပြီး တန်ဘိုးငွေ ထိုင်းဘတ် ( ၁၀၀၀၀ )ဘတ်ရှိသော ရုံးသုံးစားပွဲ၊ ပလပ်စတစ်ထိုင်ခုံ၊ ဘီဒိုနှင့် ကုလားထိုင်များကို အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုးမှ လှူဒါန်းခဲ့သည်။ ထို့ပြင် ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များမှ ကျောင်းစာသင်ခုံ(၁၀)စုံအား ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရပါသည်။









 

{အာခါတိုင်းရင်းသားရိုးရာယဉ်ကျေးမှုရုံး အတွက် လှူဒါန်း}

ဆက်လက်ပြီး နံနက်(၁၀း၁၀)အချိန်တွင် အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး၊  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း နှင့် ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များသည် အာခါတိုင်းရင်းသားရိုးရာယဉ်ကျေးမှုရုံး တည်ဆောက်ရာနေရာသို့ သွားရောက်ပြီး ဦးဝီလ်ဆင်မိုး မှ  ဘတ်ငွေ(၁၀၀၀၀)နှင့် ဒေါ်တင်မေထွန်း မှ  ဘတ်ငွေ(၁၀၀၀၀) စုစုပေါင်း  ဘတ်ငွေ(၂၀၀၀၀)အား အလှူငွေအဖြစ် ပေးအပ်လှူဒါန်း ခဲ့ကြကြောင်း သိရှိရပါသည်။



{မာရီယာ၏မျှော်လင့်ခြင်း တွင် လှူဒါန်း}


တစ်ဆက်တည်းမှာပင် နံနက်(၁၀း၃၅)အချိန်တွင် ၎င်းတို့သည် ဟောင်လိတ်ကျေးရွာအုပ်စုရှိ မာရီယာ၏မျှော်လင့်ခြင်း တွင် စက်ချုပ်သင်တန်းတက်ရောက်နေသည့်
 ကျောင်းသူများ နှင့် ဟောရှဏ္ဏအသင်းတော်မှ ဘာသာရေးသင်တန်းတက်နေသော
 ကျောင်းသား  ကျောင်းသူများထံ သွားရောက်၍ ကျောင်း၌လိုအပ်နေသော စားသောက်ဖွယ်များ နှင့် စက်ချုပ်ရာ၌လိုအပ်နေသော ရှမ်းစက္ကူများကို လှူဒါန်းခဲ့ကြကြောင်း သိရှိရပါသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here