Tuesday, September 18, 2012

တာချီလိတ်မြို့ ဟောင်လိတ်ကျေးရွာအုပ်စုတွင် NLD ရပ်/ကျေးရုံးခန်း ဖွင့်လှစ်

0 comments
တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဟောင်လိတ်ကျေးရွာအုပ်စု၌
ရပ်/ကျေးရုံးခန်းဖွင့်ပွဲ နှင့် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို နံနက်(၉း၄၅)တွင် ပြုလုပ်ကျင်းပခဲ့ကြသည်။


၂၀၁၂ခုနှစ် စက်တင်ဘာ(၁၇)ရက်နေ့ နံနက်(၉း၄၅)အချိန်၌ ကျင်းပသော အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကျိုင်းတုံမြို့၏ ရှမ်းပြည်နယ်ကော်မရှင်အဖွဲ့ဝင် ဦးစိုင်းဝင်းမြင့်၊ ကျိုင်းတုံမြို့နယ် ရုံးအဖွဲ့မှူး ဦးခင်မောင်ထွန်း၊ တာချီလိတ်မြို့မှ ရှမ်းပြည်နယ်ကော်မရှင်အဖွဲ့ဝင် ဦးဘခင်၊ တာချီလိတ်ခရိုင်ကော်မရှင်ဥက္ကဌ ဦးစိုင်းလုံစံခတ်၊ တာချီလိတ်မြို့နယ်ကော်မရှင် ဥက္ကဌ ဦးရဲနီထွန်း၊ တာချီလိတ်မြို့နယ် ယာယီအတွင်းရေးမှူး ဦးစွံဆိုင်း၊ တာချီလိတ်မြို့နယ် ရုံးအဖွဲ့မှူး ဦးဌေးဝင်းအပါအ၀င် ခရိုင်/မြို့နယ် ကော်မရှင်အဖွဲ့ဝင်များ၊ ပါတီဝင်များ နှင့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

အခမ်းအနားမှူးအဖြစ် ဦးဌေးဝင်းမှ ဆောင်ရွက်ပြီး သဘာပတိအဖြစ် ဦးဘခင်၊ ဦးစွံဆိုင်း နှင့် ဦးစိုင်းလုံစံခတ် တို့က ဆောင်ရွက်ခဲ့ကြသည်။


ဦးဘခင်မှ အမှာစကားပြောကြားပြီးနောက် ဖဲကြိုးဖြတ်အစီအစဉ်ကို စတင်ခဲ့ကြသည်။ ဆက်လက်၍ သ၀ဏ်လွှာဖတ်ကြားခြင်းနှင့် ခရိုင်ညီလာခံကျင်းပရေး ကော်မရှင်မှ ရှေ့လုပ်ငန်းစဉ်အကျဉ်းချုပ်ကို ရှင်းလင်းတင်ပြပြီး ရုံးခန်းဖွင့်ပွဲ အထိမ်းအမှတ် အလံများ ပေးအပ်ပြီးနောက်မှာတော့
 ဟောင်လိတ်ကျေးရွာအုပ်စု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တစ်ဦးမှ ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို နံနက်(၁၀း၄၁)တွင် ပြီးမြောက်စေခဲ့ပါသည်။
ယခုကဲ့သို့ ရပ်/ကျေးရုံးခန်း ဖွင့်ထားရခြင်းသည် ရပ်ကွက်/ကျေးရွာအုပ်စုများကို အမာခံထားပြီး မြို့နယ်မှသည် ခရိုင်/တိုင်း/ပြည်နယ် အဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက်ခြင်းဟာ အလွန်အရေးပါသော စည်းရုံးရေး လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း ရုံးဖွင့်ပွဲ သ၀ဏ်လွှာ၏ ဖော်ပြချက်မှ သိရှိရသည်

 
ဟောင်လိတ်ကျေးရွာအုပ်စု ရပ်/ကျေးရုံးခန်းသည် ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ပထမဦးဆုံး ဖွင့်လှစ်သော ရုံးခန်းဖြစ်ပြီး ဆက်လက်၍လည်း အခြားရပ်ကွက်များ၌ ထိုကဲ့သို့ ရပ်/ကျေးရုံးခန်းများကို ဖွင့်လှစ်ရန်ရှိကြောင်း သိရှိရပါသည်။
မှတ်တမ်းဓါတ်ပုံများကို ကြည့်ရန်
ref: တာချီလိတ်အွန်လိုင်းစာမျက်နှာ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here