Thursday, September 20, 2012

ပုသိမ်၊ မုံရွာနှင့် မကွေး လေဆိပ်တို့တွင် လေယာဉ်မောင်း သင်တန်း ကျောင်းများ ဖွင့်လှစ် သွားမည်

0 comments

လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ပြည်တွင်း လေဆိပ်များ ဖြစ်တဲ့ ပုသိမ်၊ မုံရွာနဲ့ မကွေးလေဆိပ်တို့မှာ လေယာဉ်မောင်း သင်တန်း ကျောင်းများကို ယခု ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းမှာ ဖွင့်လှစ် သွားဖို့ ရှိတယ်လို့ သိရပါတယ်။ အဆိုပါ လေယာဉ်မောင်း သင်တန်း ကျောင်းများ ဖွင့်လှစ် တည်ဆောက် ခြင်းကို ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းရှင်များ ဖိတ်ခေါ်ကာ နိုင်ငံတကာ ရင်းနှီး မြှုပ်နှံမှု ဥပဒေ နဲ့အညီ လုပ်ကိုင် ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ဒီလို ဖွင့်လှစ်ရာမှာ အဆိုပါ နေရာတွေထဲမှ ပုသိမ် လေဆိပ်မှာ အရင်ဆုံး လေယာဉ်မောင်း သင်တန်းကျောင်းကို ဖွင့်လှစ် သွားမှာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ အဆိုပါ လေဆိပ်တွေထဲမှ ပုသိမ် လေဆိပ်မှာ သင်တန်းကျောင်း လုပ်ကိုင်ဖို့ အတွက် တိုင်းဒေသကြီး အစိုးရနဲ့ ညှိနှိုင်းပြီး ခွင့်ပြု သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လုပ်ကိုင်လိုတဲ့ လုပ်ငန်းရှင်များ အနေနဲ့ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသို့ အဆိုပြုလွှာ တင်သွင်း နိုင်ပြီး တင်ပြတဲ့ အဖွဲ့အစည်း၊ ကုမ္ပဏီရဲ့ လုံလောက်တဲ့ ရင်းနှီး မြှုပ်နှံမှု၊ နည်းပညာနဲ့ နိုင်ငံတကာ အဆင့် သင်ကြား နိုင်တဲ့ နည်းပြ ဆရာတွေ ရှိ၊ မရှိကို စိစစ်ပြီး ရွေးချယ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို လေယာဉ်မောင်း သင်တန်းကျောင်းများ ဖွင့်လှစ်ဖို့ စီစဉ်မှုဟာ လက်ရှိမှာ ပြည်တွင်း၊ အရပ်ဘက် ဆိုင်ရာ ပုဂ္ဂလိကပိုင် လေယာဉ်မောင်း သင်တန်းကျောင်းများ မရှိသေးတဲ့ အတွက် ဖွင့်လှစ်ဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ သိရပါတယ်။
From : MRTV4

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here