Monday, September 17, 2012

တောင်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ ပထမအကြိမ်ညီလာခံကျင်းပ

0 comments


စက်တင်ဘာလ(၁၇)
တောင်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရဲ့ ပထမအကြိမ်ညီလာခံ အခမ်းအနားကို စက်တင်ဘာလ(၁၄)ရက်နေ့ က တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်းမှာရှိတဲ့ ရှမ်းစာပေနဲ့ယဉ်ကျေးမှုခန်းမမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ အဲဒီအခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့က လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးစိုင်းထွန်းရင် အပါအ၀င် ၂၀၀ လောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ရှမ်းသတင်းဌာနက ဆက်သွယ်မေးမြန်းချက်အရ အခမ်းအနားတက်ရောက်ခဲ့သူတစ်ဦးရဲ့ ပြောကြားချက်ကတော့ 
          “ဒီအခမ်းအနားမှာ လုပ်တာတွေက တစ်နှစ်တာအတွင်း လုပ်ခဲ့တဲ့ လုပ်ငန်းတွေကို ပြောဆိုကြ တယ်၊ ဒေသဖွံ့ဖြိုးရေးနဲ့ပတ်သက်ပြီး ဆွေးနွေးကြတယ်၊ လူငယ်အဖွဲ့အစည်းတွေနဲ့ပတ်သက်လို့လဲ ပါဝင်တယ်၊ နောက်ပြီး ကျွန်တော်တို့ တက္ကသိုလ်ဝင် စာမေးပွဲကို ထူးထူးချွန်ချွန်အောင်မြင်တဲ့သူတွေနဲ့ လူမှုရေးလုပ်ငန်းတွေ ကို အားကြိုးမာန်တက်လုပ်ခဲ့တဲ့သူတွေကို ဆုတွေချီးမြှင့်ကြတယ်။ ပြီးတော့ ရှမ်းပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ညီလာခံကို တက်ရောက်မယ့် ကိုယ်စားလှယ်တွေကို ရွေးချယ်ခဲ့ပါတယ်။ အခုတော့ ကိုယ်စားလှယ် ၅ ဦး တက်ရောက်ဖို့ ဆန္ဒမဲ ပေးထားပါတယ်။ ကိုအောင်သူရချင်း၊ ကိုရဲသွင်၊ ကိုကျော်တိုး၊ ကိုမင်းမင်းထွန်း၊ ကိုခွန်သိန်းအောင်တို့ကို ရွေးချယ်ထားတယ်ဗျ..
          အခုလိုကျင်းပတာဟာ တောင်ကြီးမြို့မှာ ပြည်ခိုင်ဖြိုးပါတီရဲ့ ပထမဆုံးအကြိမ် ညီလာခံဖြစ်ပြီး တက်ရောက်ကြတဲ့ သူတွေအနေနဲ့ ရှမ်းပြည်နယ်တိုးတက်ရေးအတွက် လုပ်ဆောင်သင့်တဲ့ အချက်တွေကို တညီတညွတ်တည်း သဘောထားခံယူပြီး ဆွေးနွေးကြတယ်လို့ သိရပါတယ်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here