Monday, September 17, 2012

လျှပ်စစ်လုပ်သားတစ်ဦး ဓာတ်တိုင်ပေါ်တက်ရင်း လှေကားပေါ်မှ ခြေချော်ကျ၍ သေဆုံး

0 comments

စက်တင်ဘာလ(၁၇)
တောင်ကြီးမြို့ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး အရေးပေါ်မီးပြင်ဌာနက ကိုထွန်းလင်းဟာ ဆွေးမြေ့နေတဲ့ ဓာတ်တိုင်ကို လဲလှယ်ဖို့ လျှပ်စစ်ကြိုးတွေ ဖြုတ်ယူရင်း ဓာတ်တိုင်ပေါ်က ပြန်ဆင်းတဲ့အခါ ပြုတ်ကျပြီး သေဆုံး သွားခဲ့တယ်လို့ သိရပါတယ်။ လျှပ်စစ်ဝန်ထမ်းတစ်ဦးရဲ့ ပြောကြားချက်အရ  “စက်တင်ဘာလ(၂၂)ရက်နေ့ က ညောင်ဖြူစခန်းရပ်ကွက် ဖယောင်းလမ်းသွယ်မှာရှိတဲ့ သစ်သားဓာတ်တိုင်ကြီးကို ပြုပြင်ဖို့ ကိုထွန်းလင်းက မီးကြိုးတွေ သွားရှင်းတာဗျ၊ အဲဒီဓာတ်တိုင်ကလဲ တော်တော်ဟောင်းနေပြီ၊ အသစ်လဲဖို့အတွက် လျှပ်စစ်ကြိုး တွေကို ရှင်းတာ၊ ရှင်းလဲရှင်းပြီးသွားပြီ၊ အောက်ပြန်ဆင်းလာမှ ဓာတ်တိုင်ပေါ်တက်တဲ့ လှေကားကနေ အုတ်တံတိုင်းပေါ်ကို တက်လိုက်တာ ခြေထောက်ကမနင်းမိဘဲနဲ့ ချော်ကျသွားပြီးတော့ သတိမေ့သွားတယ်၊ ၈ပေလောက်အမြင့်ရှိမယ် ထင်တာပဲ၊ အဲဒါ အောက်ကိုပြုတ်ကျချင်းပဲ တွေ့တဲ့လူတွေက မန္တလာဆေးရုံကို ပို့လိုက်တာ၊ သူ့ခင်ဗျာ .. ဆေးရုံတောင် မရောက်ရှာပါဘူး.. လမ်းမှာပဲ ဆုံးသွားတယ်လို့ သိရတယ်၊ ကျွန်တော် တို့အတွက်ကတော့ လျှပ်စစ်ကျွမ်းကျင်တဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက် ဆုံးရှုံးသွားတယ်လို့ ခံစားရတယ်၊ သူ့မိသားစုအတွက် လည်း တော်တော်လေးကို စိတ်မကောင်းဖြစ်မိတယ်၊ ကျွန်တော်တို့ လျှပ်စစ်လုပ်သားတွေ ဆိုတာက အရမ်းအသက်အန္တရာယ်နဲ့နီးပါတယ်” လို့  ရှမ်းသတင်းဌာနကို ပြောပါတယ်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here