Monday, September 17, 2012

ရွာငံရွာအနီး ထော်လာဂျီမှောက်၍ ယာဉ်နောက်လိုက် သေဆုံး

0 comments


စက်တင်ဘာလ(၁၇)
စက်တင်ဘာလ(၁၅)ရက်နေ့က ရွာငံမြို့ ယုန်တောင်ကျေးရွာမှ ကျောက်ဆည်မြို့ကို မောင်းနှင်လာတဲ့ ထော်လာဂျီ ၄ လုံးထိုး အပြာရောင်ကားသည် ရွာငံမြို့ ခန္တောကျေးရွာအနီး မိုင်တိုင်အမှတ်(၁၇/၆)နဲ့ (၁၇/၇)ကြားမှာ ဘရိတ်ပေါက်ပြီး မှောက်သွားခဲ့တယ်လို့ သိရပါတယ်။ အဲဒီကားဟာ ၀ါးတွေ တင်ဆောင်လာ တာဖြစ်ပြီး ယာဉ်နောက်လိုက်က ထော်လာဂျီဘေးနားက ဂျမ်းတုံးကိုင်ပြီး လိုက်လာပေမယ့် ထော်လာဂျီက ကမ်းပါးနဲ့ တိုက်မိသွားတော့ အဲဒီယာဉ်နောက်လိုက်  ဦးခေါင်းနဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာရပြီး နေရာတွင်ပဲ သေဆုံး သွားခဲ့ပါတယ်။ ယာဉ်မောင်းကတော့ နည်းနည်းပါးပါးပဲ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သံရွာမြို့မှာနေတဲ့ ကိုစိုင်းထွန်းအောင် က ပြောပါတယ်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here