”အူဝဲရှိုးပွဲဖျက်တယ်ဆိုတာ မှန်တယ်။ ၃ခုလောက်ရှိပြီ။ ဒါပေမဲ့ ကိုယ်ဝန်ရှိနေလို့ ဖျက်တာတော့ မဟုတ်ဘူး။ ရှိုးပွဲက Stage ပေါ် မှာ လျှောက်ကို မလျှောက်ချင်တာ။ အဲ ဒါကြောင့် လာကမ်းလှမ်းတော့ အူဝဲငြင်းတာ။ အဲဒီလိုငြင်းတာကိုပဲ လူတွေရဲ့ စကားက ကားသွားတာ။ အမှန်တော့ ရှိုးမှာလမ်းလျှောက်ရတာ တအား ဖိစီးမှုများတာ။ အူဝဲ မကြိုက်ဘူး။ အခုအချိန်ဆိုကိုယ်က ကလေးနဲ့ ဆိုတော့ ပိုပြီးဖိစီးမှုကို မလိုချင်တော့ဘူး။ ရှိုးမလျှောက်တာက ပေါ့ပေါ့ပါးပါးနေလို့ရတယ်ဆိုပြီး လက်မခံချင်တော့ တာ။ နောက်ပိုင်းရှိုးပွဲ တွေလည်း လုံးဝမလျှောက်တော့ဘူးလို့ စဉ်းစားထားတယ်။ ကလေး ထပ်ရှိနေတယ်ဆိုတာတော့ အခုလောလောဆယ် မဟုတ်သေးဘူး။ ယူမယ် ဆိုရင်တောင်မှ တစ်ယောက်နဲ့ တစ်ယောက် ၂နှစ်လောက်ခြား စေချင်တာ။ သဘောအားဖြင့် ပြေသုဒြာလေး တစ်နှစ်ကျော်ပြီးမှ နောက်ထပ် ကိုယ်ဝန်စရှိတယ်ဆိုရင် ၂နှစ်လောက် ကွာသွားမှာပေါ့။ အနည်းဆုံး ဒီလောက်တော့ခြားရမှာပေါ့။ အခုတော့ ကလေးထပ် မယူသေးဘူး။ ကိုယ်ဝန်လည်း လုံးဝမရှိသေးဘူးဆိုတော့ လူတွေထင်နေ တာမျိုးမဟုတ်သေးဘူး”လို့ ပြောပါတယ်။ အိန္ဒြာကျော်ဇင်က စက်တင်ဘာ ၂ဝ ရက်နောက်ပိုင်းမှာ ဇာတ်ကားပြန်လည် ရိုက်ကူးမှာဖြစ်ပြီး ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)၊ ပြေတီဦးတို့နဲ့အတူ ဒီဗီဒီတစ်ကားရိုက်ကူးမှာ ဖြစ်ပါတယ်။
ဝဿန်
ref: Popular