Friday, September 14, 2012

တာချီလိတ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့အ၀င် မုဒ်ဦး နှင့် လမ်းဆုံများတွင် လက်ရန်းများတပ်ဆင်ရန် စတင်

0 comments
တာချီလိတ်မြို့နယ်အတွင်း စည်ပင်သာယာ လှပစေရေးနှင့် ယာဉ်စည်းကမ်းထိန်းသိမ်းရေးအတွက် တာချီလိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့အ၀င် မုဒ်ဦး နှင့် မြို့လယ် ယာဉ်ကြောရှုပ်ထွေးသော
နေရာများတွင် လမ်းလယ်လက်ရန်းများ တပ်ဆပ်ရန် နှင့် ရှမ်းရိုးမကွင်းအား ခြံစည်းရိုးခတ်ရန်အတွက် စက်တင်ဘာ(၁၁)ရက်နေ့မှစ၍ စတင်အကောင်အထည်ဖော်နေကြောင်း သိရှိရပါသည်။

ပြီးခဲ့သော သြဂုတ်(၂၉)ရက်နေ့က ရှမ်းပြည်နယ်ဝန်ကြီးချုပ်သည် တာချီလိတ်မြို့သို့ရောက်ရှိလာခဲ့ပြီး သြဂုတ်(၃၀)ရက်နေ့၌ အစည်းအဝေးပြုလုပ်ရာ တာချီလိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကိုကိုမှ ယာဉ်အန္တရယ်ကင်းရှင်းစေရေးအတွက် ဗိုလ်ချုပ်လမ်းမကြီးရှိ လမ်းဆုံများတွင် သံလက်ရန်းကာတန်းများတပ်ဆင်ရေး၊ မြို့အ၀င်မုဒ်ဦး တည်ဆောက်ခြင်း နှင့် ရှမ်းရိုးမကွင်းအား ခြံစည်းရိုးကားရန် စသည့် လုပ်ငန်းဆောင်တာများကို တင်ပြရာ ၀န်ကြီးချုပ်မှ လုပ်ငန်းများ မြန်ဆန်စွာပြီးစီးအောင် ဆောင်ရွက်ရေးကို လမ်းညွှန်းမှာကြားခဲ့ကြောင်း သိရှိရပါသည်။

ယင်းလုပ်ငန်းကိစ္စနှင့်ပတ်သက်၍ တာချီလိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ စက်တင်ဘာ(၁၁)ရက်နေ့မှစ၍ ပန္နက်ရိုက်စတင်အကောင်အထည်ဖော်နေလျှက်ရှိပါသည်။

မြို့အ၀င်မုဒ်ဦး
တာချီလိတ်မြို့၏ မြို့အ၀င် မုဒ်ဦးအား မြို့အ၀င်နေရာဖြစ်သော ကျိုင်းတုံလမ်းဆုံတွင်
ဆောက်လုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

လမ်းလယ်လက်ရန်းများတပ်ဆင်ခြင်း

တာချီလိတ်မြို့အတွင်း ဗိုလ်ချုပ်လမ်းမတစ်လျှောက် ယာဉ်ကြောရှုပ်ထွေးသော နေရာများတွင် လမ်းလယ်လက်ရန်းများ တပ်ဆင်မည်ဖြစ်သည်။ တပ်ဆင်မည့်နေရာများမှာ (၈)နေရာရှိသည်ဟု ခန့်မှန်းသိရှိရသည်။ လမ်းလေးခွ နှင့် လမ်းသုံးခွများတွင် တပ်ဆင်ရခြင်းကြောင့် ယာဉ်တစ်င်္စီးနှင့်တစ်စီးအထွက်များတွင် ယာဉ်တိုက်မှုကို ကာကွယ်နိုင်မှာဖြစ်ပြီး ယာဉ်ကြောရှုပ်ထွေးမှုကိုလည်း တားဆီးကာကွယ်နိုင်မှာဖြစ်သည်။

ရှမ်းရိုးမကွင်းအား ခြံခတ်ခြင်း

တာချီလိတ်မြို့တွင် ပွဲလမ်းသဘင်များ တရားပွဲများကို များသောအားဖြင့် ရှမ်းရိုးမကွင်းတွင် ပြုလုပ်လေ့ရှိသည်။ ထို ရှမ်းရိုးမကွင်းသည် ယခုအခါ အကာအရံမဲ့ဖြစ်နေသောကြောင့် သာရေး နာရေး လူမှုရေး ဘာသာရေး စသည့် ပွဲလမ်းသဘင်များကို ပြုလုပ်ရာတွင် လုံခြုံမှုရှိစေရန်နှင့် တင့်တောင့်တင့်တယ်ဖြစ်စေရန်အတွက် တာချီလိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ရှမ်းရိုးမကွင်းတစ်ကွင်းလုံးအား သွပ်ဆူးကြိုးများဖြင့် ခြံစည်းရိုးကာရံမှာဖြစ်ပါသည်။

အဆိုပါ လုပ်ငန်းများကို တာချီိလိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ယခုလအတွင်းတွင် စတင်တပ်ဆင်ဖြစ်မည်ဖြစ်ကြောင်း တာချီိလိတ်အွန်လိုင်းစာမျက်နှာသို့ တာဝန်ရှိသူမှ ပြောကြားလာပါသည်။

ပုံအကြီးကြည့်ရန်

တာချီလိတ်အွန်လိုင်းစာမျက်နှာ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here