Tuesday, September 18, 2012

တာချီလိတ်မြို့နယ် တာလော့အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းအုပ်ချုပ်မှုသင်တန်းဖွင့်လှစ်ပို့ချ

0 comments
 တာချီလိတ်မြို့နယ်တွင် ပညာရေးဝန်ကြီးဌာနနှင့် ယူနီဆက်တို့ ပူးပေါင်းဆောင်ရွက်သည့်
 မြို့နယ်အဆင့် ကျောင်းအုပ်ချုပ်မှုသင်တန်းအား (၁၃.၉.၂၀၁၂)ရက်နေ့တွင် တာလော့အခြေခံပညာမူလတန်းကျောင်း၌ စတင်ဖွင့်လှစ်ပို့ချခဲ့ရာ ယနေ့(၁၇.၉.၂၀၁၂)၇က်နေ့ ညနေပိုင်းတွင် သင်တန်းပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်။


အဆိုပါသင်တန်းအား ၂၀၁၁ မေလအတွင်းက တာချီလိတ်မြို့နယ် အတွင်းရှိကျောင်းအများစုတွင် တာဝန်ထမ်းဆောင်နေကြသော အထက်တန်း/အလယ်တန်း/မူလတန်းကျောင်းအုပ်ကြီးများအား သင်တန်းတက်ရောက်စေခဲ့ပြီးဖြစ်ကြောင်း၊ ယခုသင်တန်းမှာ ကျန်ရှိသောကျောင်း(၃၀)တွင် တာဝန်ထမ်းဆောင်နေကြသော ကျောင်းအုပ်ကြီးများ ဆက်လက်ပို့ချခြင်းဖြစ်ပါသည်။
သင်တန်းတွင်ပို့ချသည့် အကြောင်းအရာများမှာ-မော်ဂျူး(၆)ခုခွဲ၍ ပို့ချကြောင်း ပါဝင်သည့် အကြောင်းအရာများမှာ -
ကျောင်းအဆင့်/ကျောင်းမိသားစု(ကျောင်းအုပ်စု) စီမံခန့်ခွဲဆိုင်ရာ၊ မိမိကျောင်းလုပ်ငန်းများကို လေ့လာကြီးကြပ်ခြင်း၊
မိမိစွမ်းဆောင်ရည်ကို အညွှန်းကိန်းဖြင့် လေ့လာကြီးကြပ်ခြင်း၊
ကျောင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စီမံချက်ရေးဆွဲအကောင်အထည်ဖေါ်ခြင်း၊
 ကျောင်းစီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ်၊ သင်ရိုးညွှန်းတမ်းဆိုင်ရာ၊ သင်ကြားရေးကြီးကြပ်မှုဆိုင်ရာ၊ ၀န်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ၊ တတ်မြောက်မှုစစ်ဆေးခြင်း၊ မိဘရပ်ရွာပါဝင်လာရေးဆိုင်ရာ၊ အသင်းအဖွဲ့ဆိုင်ရာ၊ ခေါင်းဆောင်မှုပညာတို့ ပါဝင်ကြောင်းသိရှိရပါသည်။

၎င်းသင်တန်း၏ နောက်ဆက်တွဲအနေဖြင့် ယခုတက်ရောက်နေသောကျောင်းများမှ
ကျောင်းအုပ်ကြီးများသည် သင်တန်းပြီးသည်နှင့် ရပ်ရွာနှင့်ပူးပေါင်းပြီး မိဘဆရာအသင်းဆိုင်ရာဆွေးနွေးပွဲ နှင့် ကျောင်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာစီမံချက်ရေးဆွဲနိုင်ရေးအတွက်
ဆွေးနွေးပွဲများဆက်လက်ပြုလုပ်ပြီး ၎င်းကျောင်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
  သတင်းပေးပို့သူ။    ။မြတ်မျိုးမြင့်မာန်
ပုံများကို ကြည့်ရန်
ref: တာချီလိတ်အွန်လိုင်းစာမျက်နှာ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here