Thursday, November 1, 2012

သီတင်းကျွတ်လပြည့် ဇင်းမယ်မြို့ရှိ မြန်မာ ရှမ်း ပအိုဝ်းဘုန်းကြီးကျောင်း၌ ကုသိုလ်ပြုသူများ

0 comments


နိုဝင်ဘာ(၁)

ယမန်နေ့က ကျရောက်သည့် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့မှာ ထိုင်းနိုင်ငံမြောက်ပိုင်း ဇင်းမယ်မြို့ရှိ (မြန်မာ - ရှမ်း - ပအိုဝ်း) ဘုန်းကြီးကျောင်းများတွင် ဗုဒ္ဓဘာသာ ထုံးစံအရ ကုသိုလ်ပြုသူ မြန်မာပြည်သား ရွေ့ပြောင်းအလုပ်သမားများ စည်ကား စုဝေးရာ နေရာကောင်း တစ်နေရာဖြစ်ပါသည်။ အခါကြီး ရက်ကြီးများမှာ ဘုန်းကြီးကျောင်းသို့ သွားရောက် ကုသိုလ်ပြုသူများထဲတွင် ထိုင်းနိုင်ငံရောက် မြန်မာရွေ့ပြောင်းအလုပ်သမားများ အထူးသဖြင့် လူရွယ် လူငယ်အများ အပြားလည်း ပါဝင်သည်ဟု ထိုင်းတီဗွီလှိုင်း နံပါတ် (၉) သတင်းမှာလည်း ဖော်ပြပါသည်။ ” ဗုဒ္ဓဘာသာ ထုံးစံအရ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် နတ်ပြည်မှာ အဘိဓမ္မာတရားဟောကြားပြီး လူ့ပြည်ကို ဆင်းအလာ ပူဇော်ကြတဲ့ အထိမ်းအမှတ်အနေနဲ့ အိမ်၊ ကျောင်း၊ ဘုရားတန်ဆောင်းတွေမှာ ဖယောင်ဆီမီးတွေ ထွန်ညှိပူဇော်ကြတာ ဖြစ်တယ်လို့ ” ဇင်းမယ်ရှိ မဟာချူလာလုံကွန်သံဃာသကသိုလ်တွင် ကျောင်းတက်နေ့သည့် အရှင်ပညာဇောတ က မိန့်ကြားပါသည်။ အထူးသဖြင့် ဇင်းမယ်မြို့မှာဆိုရင် ၀ပ်ဆိုင်မွန် မြန်မာဘုန်းကြီးကျောင်း၊ ၀ပ်ပါပေါဝ် ရှမ်းဘုန်းကြီးကျောင်း၊ ပြီးတော့ ၀ပ်နောင်ခမ်း ပအိုဝ်းဘုန်းကြီးကျောင်း အသီးသီးရှိကြပါသည်။ သီတင်းကျွတ်လပြည့်ကဲ့သို့သော နေ့မျိုးသည် သံဃာတော်တို့၏ ၀ါကျွတ်ပ၀ါရဏာပွဲတော်၊ မိဘဆရာနှင့် သီလ၊သမာဓိ၊ ပညာမြင့်မားသူများ၊ အသက်အရွယ်ကြီးမြင့်သူများအား ပူဇော်ကန်တော့သည်ပွဲတော်လည်းဖြစ်ပါသည်။ ဒီနေ့မှာ အလုပ်ပိတ်ရက်ဖြစ်သောကြောင့် အလုပ်လုပ် ကိုင်သော မြန်မာပြည်သားတို့ ယဉ်ကျေးသော ရိုးရာအစဉ်အလာတခုဖြစ် ဘုရားသွား ကျောင်းတက်သည့်နေ့ ဖြစ်နေပါသည်။ အထူးသဖြင့် ထိုင်းနိုင်ငံမြောက်ပိုင်း ဇင်းမယ်ခရိုင် ဇင်းမယ်မြို့တွင် ၂၀၁၂ ခုနှစ်စာရင်းအရ မွေးမြူးရေး၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး အသီးသီး လုပ်ငန်းခွင့်မျိုးစုံမှာ တရားဝင်မှတ်ပုံတင်ထားသည့် မြန်မာရွေ့ပြောင်းအလုပ်သမား (၅၂၅၅၇)ဦး ရှိကြောင်းလည်း သိရှိရပါသည်။

မြန်မာပြည်သား

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here