Wednesday, October 31, 2012

နန်းခင်ဇေယျာ စင်ရော်မောင်မောင်နှင့် ကြော်ငြာ စတင်ရိုက်ကူး

0 comments
အောက်တိုဘာ(၃၁)


 Miss Myanmar နန်းခင်ဇေယျာသည် လွယ်ဟိန်းကုမ္ပဏီ၏ Brand Ambassador အဖြစ်စာချုပ်ချုပ် ဆိုပြီးေ နာက် ယနေ့(အောက်တိုဘာ ၃၁)တွင် ဒါရိုက်တာ စင်ရော်မောင်မောင်နှင့် Blue Mountain ကြော်ငြာရိုက်ကူးနေကြောင်းနန်းခင်ဇေယျာ၏မန်နေဂျာဖြစ်သူကပြောကြား သည်။
“လွယ်ဟိန်းနဲ့က တစ်နှစ်စာချုပ် ချုပ်ထားတာပါ။တစ်ခြား ကမ်းလှမ်းလာတာတွေတော့ ရှိပါတယ်။ဒါပေမယ့် လွယ်ဟိန်းကုမ္ပဏီ တစ်ခုတည်းနဲ့ပဲ စာချုပ် ချုပ်ရပါသေးတယ်။”ဟု၎င်းက ပြောကြားသည်။

နန်းခင်ဇေယျာအား လွယ်ဟိန်းကုမ္ပဏီ၏ Brand Ambassador အဖြစ် ခန့်အပ်ခြင်းသဘောတူစာချုပ်ချုပ်ဆိုပွဲအခမ်းအနားကို(အောက်တိုဘာလ၂၆) နံနက် ၁ဝ နာရီက လွယ်ဟိန်း ကုမ္ပဏီရုံးခန်းတွင် ကျင်းပ ခဲ့သည်။

နန်းခင်ဇေယျာသည် ယခုနှစ်အတွင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်က ကျင်းပသည့် Miss Myanmar 2012 ဆုကိုရရှိထားသည်။ထို့ပြင် အောက်တိုဘာ(၁)ရက်နေ့မှ (၂၁)ရက်နေ့ အထိကျင်းပ ခဲ့သော Miss International 2012 ပြိုင်ပွဲတွင်လည်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Miss Internet ဆု၊People Choice Award ဆု နှင့် Ambassador Beauty ဆုတို့ကိုရရှိခဲ့သည်။လက်ရှိတွင် Miss World ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန် နန်းခင်ဇေယျာအားဖိတ်ခေါ်ထားသည်။
 
 
ref:The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here