Monday, October 8, 2012

သာသနာတော်ထိန်းသိမ်းရန် ကျောက်မဲလူငယ်အဖွဲ့က ပထမဆုံးအကြိမ်ဓမ္မစာပေဟောပြောပွဲပြုလုပ်

0 comments
မြန်မာ့သာသနာတော်ကိုဖျက်စီးခုတုံးလုပ်သူများအန္တရာယ်မှ တားဆီးဖယ်ရှားနိုင်ရေး ကျောက်မဲမြို့နယ် အတွင်းရှိ တရားပွဲအကျိုး တော်ဆောင် လူငယ်အဖွဲ့မှ ကျောက်မဲမြို့အတွက် ပထမဆုံးအကြိမ် ဓမ္မစာပေဟော ပြော ပွဲတစ် ရပ် ပြုလုပ်ကျင်းပခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းကျောက်မဲမြို့ရှိ မြို့နယ်ခန်းမ၌ ဓမ္မစာပေဟောပြောပွဲကို အောက်တိုဘာလ(၆) ရက်နှင့် (၇)ရက်နေ့ည များတွင် ထေရ၀ါဒဓမ္မကွန်ယက်မှ နာယကတစ်ဦး၊ သဘာပတိတစ်ဦးနှင့် အမှုဆောင်တစ်ဦး က ဟော ပြောသွားခဲ့သည်။


အဆိုပါ ဓမ္မစာပေ ဟောပြောပွဲသို့ လာရောက်ဟောပြောကြသူများမှာ အဓ္ဓမ၀ါဒဖေါ်ထုတ်တားဆီးဖယ်ရှားရေးမှ အကျိုး တော်ဆောင် ဒေါ်ပေါရွှေ၊ အပြည်ပြည်ဆိုင်ရာဓမ္မစက္ကဖောင်ဒေးရှင်းမှ ဓမ္မစက္ကဦးမောင်မောင်နှင့် အတူ မေတ္တာတံခွန် အသင်းဥက္ကဌ မောင်လပြည့် ဇင်တို့မှ ဓမ္မနှင့်ပက်သက်၍ အသိပညာပေးဟောပြောသွားခဲ့သည်။

ဟောပြောပွဲ၏ရည်ရွယ်ချက်မှာ သာသနာကိုပျက်ဆီးစေသော အကြောင်းအရာ၊ ဖေါ်ပြမှုများနှင့် သာသနာကို ခုတုံး လုပ်လိမ်ညာသူ များ၏ အန္တရာယ်ကို ဖယ်ရှားနိုင်စေရန် ရည်ရွယ်ကြောင်း ဟောပြောသူများထံမှ သိရသည်။

`လွတ်လပ်ခွင့်တွေများလာတဲ့ မြန်မာနိုင်ငံမှာသာသနာကို ထိပါးစော်ကားတဲ့ အမူအယာတွေကိုတားဆီးဖို့ သာသနာကို ညှိုးနွမ်းစေ တဲ့ အကြောင်းအရာတွေကို နှိမ်နှင်းဖို့နဲ့ လူငယ်တွေဟာသာသနာအတွက် အမြဲတမ်း ကြိုးစားနေသင့် ပါတယ်´ဟု မေတ္တာတံခွန် အသင်းဥက္ကဌ(ထေရ၀ါဒဓမ္မကွန်ယက် အမှုဆောင်) တစ်ဦးဖြစ်သူ မောင်လပြည့်ဇင် မှ ပြောသည်။

အဓ္ဓမ၀ါဒဖေါ်ထုတ်တားဆီးဖယ်ရှားရေးမှ အကျိုးတော်ဆောင် ဒေါ်ပေါရွှေ၏ ဟောပြောချက်များမှာ အဓိက အားဖြင့်` သာသနာကို ဖျက်ဆီးနေသော အတွင်းရန်(သာသနာခုတုံးလုပ်သူများ)နှင့်အပြင်ရန်(သာသနာကို ဖျက်ဆီးစော်ကား သော တစ်ပါးသူ)များကို တားဆီးဖယ်ရှားရန်´ရည်ရွယ်၍ ဟောပြောသွားခဲ့ကြောင်း ဟောပြောပွဲသို့ တက်ရောက်သူများ ထံမှ သိရသည်။

အဓ္ဓမ၀ါဒီစာရင်း(၂၀)နှင့်အတူ သာသနာရေးဆိုင်ရာလိမ်ညာမှုများ၊ တရားဓမ္မကို ဆန့်ကျင်သော အဓမ္မ၀ါဒများနှင့် ပက်သက်၍ သတိပြုရန်အချက်များကို အကျိုးတော်ဆောင် ဒေါ်ပေါရွှေမှ အသိပေးဟောပြောသွား ခဲ့သည်။

မောင်လပြည့်ဇင်နှင့် ဒေါပေါရွှေတို့၏ ဟောပြောချက်များကို ခြုံငုံသုံးသပ်၍ `နိုးလော့မြန်မာ မြန် မာနိုးလော့´ခေါင်း စဉ်ဖြင့် အပြည် ပြည်ဆိုင်ရာ ဓမ္မစက္ကဖောင်ဒေးရှင်း (International Dhammacakka Foundation)(IDF)မှ ဓမ္မစက ဦးမောင်မောင် က ထေရ၀ါဒနှင့် ပက်သက်ရာသိကောင်းစရာများကို ဟောပြောသွားခဲ့ကြောင်း ကိုလည်း သိရသည်။

`ဓမ္မစာပေဟောပြောပွဲ ဆိုတာတစ်ခါမှမကြုံဖူးသေးလို့ လာတာပါ၊ ရိုးရိုးရှင်းရှင်းနဲ့နားလည်အောင် ဟောပြော သွား တဲ့အချက်တွေ က ဘယ်သူမဆိုသိထားသင့်တဲ့ အချက်တွေဖြစ်လို့ အခုလိုနားထောင်ခွင့်ရတာ အရမ်း အကျိုးရှိ ပါတယ်´ဟု ဟောပြောပွဲတက် ရောက်သူ တစ်ဦးက ပြောသည်။

ဓမ္မစာပေနှင့်ပက်သက်၍ ပထမဦးဆုံးအကြိမ်ကျင်းပပြုလုပ်သော အဆိုပါဟောပြောပွဲသို့ သံဃာတော် အပါး (၆၀) ကျော်နှင့် သီလရှင်အပါး (၃၀) အပါအ၀င် မြို့မိမြို့ဖများနှင့် မြို့သူမြို့သား (၆၇၀)ကျော်ခန့် တက်ရောက်ကြ ကြောင်း အကျိုးတော်ဆောင် အဖွဲ့များထံမှ သိရသည်။

 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here