Tuesday, October 9, 2012

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦီးသိန်းစိန်သည် ဆိုးလ်ြမို့ရှိ Saemaul Undong Central Training Institute သို့သွားရောက်ကြည့်ရှုလေ့လာ

0 comments



နေပြည်တော် အောက်တိုဘာ ၈

ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်ြမို့၌ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦီးသိန်းစိန်သည် အဖွဲ့ဝင်များလိုက်ပါလျက် ယနေ့မွန်းလွဲ၂ နာရီခွဲတွင် ဆိုးလ်ြမို့ရှိ Saemaul Undong Central Training Institute ကို သွားရောက်ကြည့်ရှု လေ့လာသည်။

ထိုသို့လေ့လာရာတွင် နိုင်ငံတော်သမ္မတအား Saemaul Undong Central Training Institute ဥက္ကဋ္ဌ Mr.Lee Jai Chang က နှုတ်ခွန်းဆက်စကားပြောကြားပြီး ကျေးလက် ဒေသများ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ဆောင်ရွက်ခဲ့မှုနှင့် မြန်မာနိုင်ငံအပါအဝင် အာရှနှင့်အာဖရိကနိုင်ငံ အချို့မှသင်တန်းသားများအား လေ့ကျင့်သင်တန်းများ ဖွင့်လှစ် ပေးနေမှုကို ပရိုဂျက်တာဖြင့် ရှင်းလင်းပြသသည်။

ထို့နောက် နိုင်ငံတော်သမ္မတအား ဥက္ကဋ္ဌMr.Lee Jai Changက သင်တန်းကျောင်းဝတ်စုံကို ဂါရဝပြုပေးအပ်ရာ နိုင်ငံတော်သမ္မတကလည်း အမှတ်တရလက်ဆောင် ပြန်လည် ပေး အပ်ပြီး ကျေးဇူးတင်စကားပြောကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် သင်တန်းကျောင်းရှိ ဧည့်သည်တော် မှတ်တမ်း စာအုပ်တွင်မှတ်တမ်းတင် လက်မှတ်ရေးထိုးပြီး ဥက္ကဋ္ဌ Mr.Lee Jai Chang နှင့် အဖွဲ့ဝင်များ နှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

ဆက်လက်၍ သင်တန်းကျောင်းသို့ လေ့လာရေးခရီး လာရောက်ခြင်း အထိမ်းအမှတ်အဖြစ် ထင်းရူးပင်ကို စိုက်ပျိုးပေးပြီး Saemaul Museum အတွင်း လှည့်လည်ကြည့်ရှု လေ့လာ သည်။

အဆိုပါ Saemaul Undong Central Training Institute သည် ဆိုးလ်မြို့မှ ၂၉ ကီလို မီတာ အကွာတွင် တည်ရှိသည်။ Saemaul Undong ဆိုသည်မှာ ကျေးရွာသစ်လှုပ်ရှားမှု (New Village Movement ) ဟု အဓိပ္ပာယ်ရပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေး အတွက် ၁၉၆ဝ ပြည့်လွန်ကာလတွင် သမ္မတပတ်ချုံဟီးက စတင် အကောင် အထည်ဖော်ခဲ့သည့် လှုပ်ရှားမှုတစ်ရပ်ဖြစ်သည်။ အဆိုပါစီမံကိန်းကြောင့်ဆင်းရဲမှု လျော့နည်းကျဆင်းလာပြီး ကျေးလက်ဒေသ၏ လူနေမှုအဆင့်အတန်း၊ ပြည်သူများ၏ ဝင်ငွေ၊ အခြေခံ အဆောက်အအုံ၊ ပြည်သူများ၏ စိတ်နေသဘောထား၊ ခံယူချက်များနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု မြင့်တက်လာ၍ ဆင်းရဲချမ်းသာ ကွာဟမှုမှာလည်း ကျဉ်းမြောင်း လာခဲ့သည်။ ကိုရီးယားသမ္မတနိုင်ငံ၏ လက်ရှိဖွံ့ဖြိုးတိုးတက်မှုအခြေအနေသို့ ရောက်ရှိရေး အတွက် Saemaul Undong သည် အရေးပါသည့် အခြေခံအုတ်မြစ်များကို ချမှတ် ပေးနိုင်ခဲ့ကြောင်း သိရှိရ သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ညနေ ၄ နာရီခွဲတွင် ကိုရီးယား သမ္မတနိုင်ငံ Doosuan  ကုမ္ပဏီ ဥက္ကဋ္ဌ Mr.Y.M. Park  အား ခေတ္တတည်းခိုသည့် Lotte ဟိုတယ် ဧည့်ခန်းမ၌ လက်ခံတွေ့ ဆုံပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနိုင်မည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။
 
သမ္မတရုံး

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here