Wednesday, October 31, 2012

ကင်ဆာ ရောဂါ အတွက် ဒူးရင်းသြဇာ

0 comments
အောက်တိုဘာ(၃၁)

 

ကျမတို့ ရုံးနှစ်ပတ်လည် အစည်းဝေး အတွက် နိုင်ငံ အသီးသီးက တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေ ထဲမှာ တယောက် ကျမတွေ့တော့ တော်တော် အံ့အား သင့်သွားတယ်။ ဒီနှစ်စမှာဘဲ ဆေးစစ် တဲ့အခါ ကင် ဆာ လို့ အဖြေထွက်ပြီး ကျမတို့ တတွေ စိတ် မကောင်း ဖြစ်နေ ခဲ့တာပါ။

အခု ပြန်တွေ့တော့ လန်းဆန်း ကျန်းမာ တက်ကြွနေတော့ စကား စမြည် ပြောရင်းနဲ့ ဆေးနည်းလေး တစ်ခု ရလာတာကို ဝေမျှခြင်လို့ပါ။

အခုတစ်လော ကင်ဆာဆိုတာနဲ့ လူတွေက လန့်နေကြပါပီ။ ခီမိုသွင်းရတာနဲ့ မိသားစုဝင်တွေ စိတ်ပင်ပန်း ကြတာနဲ့ ရုတ်တရက် သေဆုံး သွားတာနဲ့ ဒါကြောင့် ကျမတို့ ရုံးက အန်တီ ဆိုရင် သူ့ကင်ဆာဖြစ်တာ သူများကို မသိ စေချင်ဘူး၊ သူများတွေ သူ့ကို သေလူလို့ ကြည့်နေတဲ့ အကြည့်တွေ မခံနိုင်ဘူး ဆိုပီးရင် ဖွင့်ရှာပါတယ်။

ကျမ ရဲ့ အချစ်ဆုံး ကြီးကြီးလဲ ကင်ဆာနဲ့ ဆုံးသွားသလို အမလို ခင်မင်ပြီး ချစ်ရတဲ့ ရှေ့နေမမ တစ်ယောက် လဲ ကင်ဆာနဲ့ ဘ၀ဆုံးသွား ရရှာပါတယ်။ အထူးသဖြင့် ကျမတို့ မိသားစုနဲ့ နှစ်အိမ်တစ်အိမ် လိုဖြစ်နေတဲ့ မိုးကောင်းက အန်တီနဲ့အန်ကယ်လဲ ကင်ဆာနဲ့ဘဲ ဆုံးပါး သွားကြတယ်။

အရင်ကတော့ ပန်းခါး ဆိုတာ အရမ်းကို နာမည်ကြီးတယ်။ ပန်းပင် အခြောက်လေး တွေကို ရေနွေးကြမ်း လိုလုပ်သောက် ရတာပါ၊ အရမ်းကို ခါးတော့ ကျမတောင် စမ်းသောက်ကြည့်ပီး တွန့်သွားတာနဲ့ မသောက် ဖြစ်တော့ပါဘူး။ ခီမို သွင်းထားတဲ့ လူနာတွေဆို ခံတွင်းထဲ ဘာထည့်ထည့် အရသာ မရှိတော့ဘူး။ အရမ်းလဲ သနားဖို့ ကောင်းပါတယ်။

ကင်ဆာ ရောဂါ ဖြစ်နေ သူများအတွက် သတင်းကောင်းပါ။ အရသာလဲ မဆိုးတဲ့ ဘဘာဝ အသီးပင်ရဲ့ အရွက်ကိုပြုတ် သောက်ရုံတင်နဲ့ ကင်ဆာ ရောဂါကို ပျောက်ကင်းသက် သာစေတာ ကျမမျက်စိရှေ့မှာတင် ၄ ယောက်လောက်တွေ့ခဲ့လို့ ရဲရဲကြီးမျှဝေလိုက်ပါတယ်။

ဆေးပညာ အကြောင်းအစုံလင် နားမလည် ပေမယ့် ခီမိုသွင်းတာ ကင်ဆာ cell အကောင်းရော အဆိုးပါ သတ်ပစ် တာဖြစ်ပီး ဒီဒူးရင်း သြဇာ အရွက်ပြုတ်ရည်ရဲ့ အာနိသင်ကတော့ ကင်ဆာ ဆဲလ် ချည်းသတ် သတ် ကိုသာ သတ်ပစ် တယ်လို့ ရှင်းပြ ပါတယ်။

ကျမ ညီမလေး ကျောင်းက ပရော်ဖက်ဆာကတော့ လူတိုင်းတော့ ပျောက်နိုင်မှာ မဟုတ်ဘူး၊ တစ်ယောက် နဲ့ တစ်ယောက် ကင်ဆာဖြစ်ပုံ အမျိုးစားခြင်း မတူသလို ခန္တာကိုယ်က တုံ့ပြန်ပုံခြင်းလဲ မတူနိုင်ပါ ဘူးလို့ ဆိုပါ တယ်။ ဒါပေမယ့် ကျမ အကြံ ပေးခြင် တာကတော့ အနည်းနဲ့ အများ ပျောက်သွား သည်ဖြစ်စေ သက်သာ သွားသည်ဖြစ်စေ အန္တရယ် မရှိတာမို့ စမ်းသောက် ကြည့်ကြဖို့ တိုက်တွန်း ပါရစေ။ ကိုယ်နဲ့သိတဲ့ မိတ်ဆွေ၊ သူငယ်ချင်း ဆွေမျိုး သားခြင်း များမှာလဲ ကင်ဆာ ရောဂါရှိတဲ့ သူများရှိရင် ထပ်ဆင့် ဝေ ငှ ပေးကြပါ။
 
ref:မြ၀တီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here