Thursday, November 1, 2012

တာချီလိတ်မြို့သို့ ရောက်လာမည့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း သက်ဆင် ခရီးစဉ်အတွက် ထိုင်းတာဝန်ရှိသူများမှ လာရောက်၍ ကြိုတင်လေ့လာမှုများပြုလုပ်

0 comments
နိုဝင်ဘာ(၁)

အောက်တိုဘာ(၃၁)ရက်နေ့က ထိုင်းနိုင်ငံ အရာရှိများနဲ့ ချင်းရိုင်းအာဏာပိုင်တစ်ချို့က မှန်လုံကား ၄/၅စီးဖြင့် မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတားကနေ တာချီလိတ်မြို့ကို ရောက်ရှိလာပြီး ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် လာမည့်ကိစ္စအတွက် တာချီလိတ်မြို့တွင်း ကြိုတင်လေ့လာမှုများ ပြုလုပ်သွားတယ်လို့ သိရှိရပါတယ်။

အဓိက လေ့လာကြည့်ရှုတဲ့နေရာတွေကတော့ တာချီလိတ် လေဆိပ်၊ ရွှေတိဂုံဘုရား၊ ရီဂျီးနားဟိုတယ်၊ ဂေါက်ကလပ် နဲ့ အလူရာဟိုတယ် စသည့်နေရာများဖြစ်ပြီး ယခုကဲ့သို့ ကြိုတင်လေ့လာမှုများပြုလုပ်ရခြင်းမှာ နိုဝင်ဘာလ (၁၀)ရက်နေ့မှာ ရောက်ရှိလာမဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရဲ့ ခရီးစဉ်အတွက် ဖြစ်ကြောင်းသိရပါတယ်။


နံနက်(၉း၃၀)နာရီခန့်မှာ လေ့လာရေးအဖွဲ့တွေက ဗျူဟာမှူး နဲ့ တွေ့ဆုံဆွေးနွေး သတင်းပို့ခဲ့ကြပါတယ်။ အဓိက သတင်းပို့ရခြင်းမှာ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ဟာ ခရီးစဉ်လမ်းကြောင်း ရက်ရွှေ့ပြောင်းလိုက်ခြင်း အတွက်ဖြစ်ပါတယ်။ အစမှာ နိုဝင်ဘာ (၂)ရက်နေ့ သို့မဟုတ် (၃)ရက်နေ့သတ်မှတ်ထားခဲ့ပေမဲ့ နိုဝင်ဘာ(၁၀)ရက်နေ့သို့ ရွှေ့လိုက်ခြင်းဖြစ်ပါတယ်။

ထိုင်းသတင်းဌာနများရဲ့ ဖော်ပြချက်အရ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရဲ့ တာချီလိတ်ခရီးစဉ်ရည်ရွယ်ချက်မှာ သူတို့ကို ထောက်ခံတဲ့ ချပ်အနီနှင့်တွေ့ဆုံဖို့ဖြစ်သည်။ တွေ့ဆုံရန်အဓိကနေရာမှာ ရီဂျီးနားဟိုတယ်မှာဖြစ်ပြီး ချပ်အနီရောင်အဖွဲ့မှ ချင်းရိုင်း သက်ဆင်ထောက်ခံသည့်အဖွဲ့ (၄၉) တို့မှ အယောက် (၁၀၀၀)ခန့် တက်ရောက်မယ်လို့ သိရှိရပြီး ရီဂျီးနားဟိုတယ်မှာ ဘူဖေးစားသောက်ပွဲကျင်းပကြမည်ဖြစ်ကာ သက်ဆင်ကတော့ အလူရာဟိုတယ်မှာ တည်းမှာဖြစ်တယ်လို့ သတင်းဖော်ပြထားတာကို တွေ့ရှိရပါတယ်။

တာချီလိတ်အွန်လိုင်းစာမျက်နှာ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here