Friday, March 29, 2013

ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)ယွက်ဆစ်အဖွဲ့မှ မူးယစ်ဆေးသုံးစွဲသည်ဟု အကြောင်းပြပြီး ရွာသားတစ်ဦးအား ဖမ်းဆီး ခေါ်ဆောင်သွား

0 comments


မတ် (၂၉)ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်ရှိ ရွာသားတစ်ဦးအား မတ်လ(၂၃)ရက်နေ့က ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) ယွက်ဆစ်အဖွဲ့မှ ဒုဗိုလ်အိုက်မီးနှင့် အဖွဲ့ဝင်(၁၂)ဦးတို့မှ မူးယစ်ဆေးဝါးသုံးစွဲသည်ဟု အကြောင်းပြပြီး ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရသည်။

“ ကျွန်မတို့မိသားစုက သီပေါမြို့ ဇတ်စုရပ်ကွက်မှာနေပါတယ်။ ၂၃ ရက်နေ့က ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) ယွက်ဆစ် အဖွဲ့ကလူတွေ အိမ်ကိုရောက်လာပြီး ကျွန်မအမျိုးသား ကိုရွှေလှကို မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ပတ်သက်ပြီး မေးစရာတွေရှိတယ်လို့ပြောပြီး ခေါ်သွားခဲ့ပါတယ်။ ၂၆ ရက်နေ့ နေ့လည်ရောက်တော့ အိမ်ကို ဖုန်းဆက်ပြီး ကျွန်မအမျိုးသားကို မိုးတေရွာနားက သချိုင်္င်းကုန်းမှာ ၁၅ သိန်းနဲ့ လာရွေးရမယ်လို့ပြောပါတယ်။ ကျွန်မတို့မိသားစုတွေလည်း အိမ်မှာ ရှိတဲ့ နွားတွေရောင်းပြီး ငွေရှာခဲ့ပါတယ်။ ကျွန်မတစ်ယောက်တည်း မသွားရဲတာကြောင့် အိမ်နားက ဦးပန်တိကို အကူအညီတောင်းပြီးအဖော်ခေါ်သွားခဲ့ပါတယ်။ မိုးတေရွာနားက သချိုင်္င်းကုန်းမှာ အမျိုးသားကို ငွေ ၁၅ သိန်းနဲ့ပြန်ရွေးခဲ့ပြီး အိမ်ကို ညပိုင်းမှပြန်ရောက်ခဲ့ပါတယ်” ဟု ဦးရွှေလှ ဇနီးမှ ပြောပြပါသည်။



ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) ယွက်ဆစ်အဖွဲ့သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးအတွက် အလွတ်သဘော တွေ့ဆုံမှု၊ ပြည်နယ်အဆင့်တွေ့ဆုံမှုနှင့် ပြည်ထောင်စုအဆင့်တွေ့ဆုံမှုများ အကြိမ် ကြိမ်ပြုလုပ်ခဲ့ပြီး လက်မှတ်ရေးထိုး ခဲ့သော်လည်း ဆက်ကြေး ကောက်ခြင်း၊ စစ်အင်အားတိုးချဲ့ရန် လူသစ်အဓမ္မစုဆောင်းခြင်း၊ လက်နက်ခဲယမ်းများ ရောင်းဝယ်ခြင်းနှင့် မူးယစ်ဆေးဝါးကိစ္စများတွင် ပါဝင်ပတ်သက်ခြင်းများကို ပေါ်ပေါ်ထင်ထင်ပြုလုပ်နေကြောင်း သိရသည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) ယွက်ဆစ်အဖွဲ့မှ ရှမ်းပြည်နယ်အတွင်း သစ်၊ သတ္တု၊ သယံဇာတ ပစ္စည်းများထုတ်ယူခွင့်အား ၎င်းတို့အဖွဲ့မှ ခွင့်ပြုမိန့်ပေးမှသာ လုပ်ဆောင်ခွင့်ရမည်ဖြစ်ကြောင်းနှင့် ၎င်းတို့အဖွဲ့ ခွင့်မပြုသည့်လုပ်ငန်းများတွင် လုံခြုံရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များအား တာဝန် မယူနိုင်ကြောင်း ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) ယွက်ဆစ်အဖွဲ့သည် ရှမ်းပြည်နယ်အတွင်း စစ်ရေးကိစ္စများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြောင်ပြောင်တင်းတင်း ပြုလုပ်နေပြီး  ရှမ်းပြည်နယ်အစိုးရ အဖွဲ့၏ လုပ်ငန်းကိစ္စများ တွင်လည်း ၀င်ရောက်ခြယ်လှယ်နေကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here