Tuesday, November 27, 2012

လူညီရင် ဤက ကျွဲဖြစ်သတဲ့

0 comments
နိုဝင်ဘာ(၂၇)


နိုဝင်ဘာ ၂၆ ရက်နေ့ မြန်မာ့အလင်း သတင်းစာကို ဖတ်လိုက်ရတဲ့ အချိန်မှာ ပြည်ေ ထာင် စု စာရင်းစစ်ချုပ် ဥပဒေကို ပြင်ဆင် သည့် ဥပဒေကြမ်းနဲ့ပတ်သက်ပြီး လွှတ်တော် နှစ်ရပ်က အကျိုးတူ တပည့်နောက်လိုက် ကိုယ်စားလှယ်တွေနဲ့ ဥက္ကဌေ တွ လက်

ဝါးချင်းရိုက်၊ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုပြီး သမ္မတကိုလက်မှတ်ထိုးဖို့ပေးပို့တာကို ဖတ်လိုက် ရပါတယ်။ ဒီလို လုပ်နေ တာတွေဟာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို စွပ်စွဲပြစ်တင်ဖို့ လုပ်ကြရာကနေအစပြုပြီး လွှတ်တော်ဥပဒေကြမ်းနှစ်ခုကို အတည်ပြုပြဌာန်းရေးကိစ္စတွေနဲ့ ယခုလည်း ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင် သည့်ဥပဒေကြမ်းတွေ အပါအဝင် ဥပဒေကြမ်းတွေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကိုကျော်လွန်ပြီး ပြင်ဆင်ထားတာတွေကို တွေ့နေရပါတယ်။

 
တစ်ကယ်တော့ အဆင့်ဆင့်သော လွှတ်တော်ဆိုတာဟာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ပေါ်ပေါက် လာတာဖြစ် တယ်။ ပြည်သူတွေက ရွေး ထားပါတယ်ဆိုတဲ့လွှတ်တော်ကိုယ်စားလှယ် ဆိုသူတွေကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာ ကွယ်စောင့် ရှောက်ပါမယ်ဆိုပြီး ကျမ်း သစ္စာကျိမ်ဆိုပြီးတော့မှ လွှတ်တော်ထဲကို ရောက်လာကြတာ ဖြစ်တယ်။ လွှတ်တော်မှာ ဥပဒေပြုအာဏာရှိသော်လည်းဘဲ  ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ကျော်လွန်လုပ်ဆောင် လို့မရတာကို တွေ့ ရှိရပါ တယ်။ သို့သော်လည်းဘဲ ဒီလိုလူတွေက လူညီရင် ဤက ကျွဲဖြစ်တယ်ဆိုပြီးတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မထေမဲ့မြင် ကျော်လွန်ပြီး လုပ်နေကြတာတွေဟာ ပြည်သူကရွေးချယ်ထားတဲ့ ကိုယ်စားလှယ် အစစ်အမှန်တွေမှ ဟုတ်ပါရဲ့လားဆိုတာ စဉ်းစားစရာ ဘဲဖြစ် လာပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ နိုင်ငံတော် အဓွန့်ရှည်ရေးနဲ့ အမျိုးသားအကျိုးစီးပွားကို အကြီးမားဆုံး ကာကွယ်စောင့်ရှောက်ထားတာ ဖြစ်ပါတယ်။ ဒီလိုမျိုးလုပ်ရပ်တွေ တွေ့ရတော့ တိုင်းပြည်အနာဂတ်အတွက် ရင်လေးစရာဖြစ်ပြီး အလွန်ဝမ်းနည်းစရာပါဘဲ။ဒီလိုဆောင်ရွက်မှုတွေကြောင့် အရုပ်ဆိုးအကျဉ်းတန်ပြီး မတော် လောဘသားလွှတ်တော်၊ လုပ်ချင်ရာလုပ်နေတဲ့ လွှတ်တော်၊ လူညီရင် ဤကကျွဲဖြစ်တယ် ဆိုတဲ့လွှတ်တော် ဆိုပြီး အရိပ်မဲတွေဖြစ်လာမှာ မလွဲပါဘူး။ ဒါကြောင့် လွှတ်တော် ကို ထားဖို့ သင့်/ မသင့် စဉ်းစားဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။
 





ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်လို့ ဟစ်ကြွေးနေပေမယ့် လွှတ်တော်ဟာအာဏာကို ဓါးပြ တိုက်သလိုဘဲ တစ်စိုက်မတ်မတ်နဲ့ လုယက်နေတာဟာ ပြည်သူတွေအတွက်မဟုတ်ဘူးဆိုတာတော့ သေချာပါတယ်။ ဒီလိုသာဆက်ပြီး လုပ်နေမယ်ဆိုရင်တော့ ပြည်သူလူထုအကျိုးစီးပွားကို မည်မည်ရရ မဖော်ဆောင်နိုင်တဲ့ လူတွေအဖြစ် ပြည်သူလူထုက တစ်လှည့်ပြန် စွပ်စွဲပြစ်တင်မှုတွေကို လုပ်လာနိုင်ကြောင်း သတိပေးချင်ပါတယ်ခင်ဗျား။

from -ဒီမိုကရေစီစစ်စစ်ကို လိုလားသူတစ်ဦး

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here